ၾကားသိရသမွ်





 



 



 




ခရက်ဒစ်

Unicode

အတန်းပညာ မရှိခဲ့ပေမဲ့လည်း ဘာကြောင့် သူတို့ (၃) ဦးဟာ တစ်လမှာဝင်ငွေ ကျပ်သိန်း (၅၀) ကျော် ရနေရတာလဲဆိုတာ…

အတန်းပညာ မရှိခဲ့ပေမဲ့လည်း ဘာကြောင့် သူတို့ (၃) ဦးဟာ တစ်လမှာဝင်ငွေ ကျပ်သိန်း (၅၀) ကျော် ရနေရတာလဲဆိုတာ

ကျောင်းပြီး ဘွဲ့ရမှ ဝင်ငွေ ကောင်းကောင်း ရမယ်ထင်ရင်တော့ လုံးဝမှားသွားပါပြီ။ ကျောင်းပြီး ဘွဲ့ရ ဖြစ်နေဆိုရင်တောင် ကြိုးစားမှု မရှိရင် ဝင်ငွေ ကောင်းကောင်း ရမှာ မဟုတ်ပါ။

မူဟာမတ် (၃၃)၊ မို ဖယ်ရီ (၃၅) နဲ့မူဟာမန် (၃၂)၊ သူတို့ သူငယ်ချင်း (၃) ဦးဟာ ကျောင်းပြီး ဘွဲ့ရ မဟုတ်ကြပါဘူး။ ဒါပေမဲ့ သူတို့ (၃) ဦးဟာ ဘာလို့ တစ်လမှာ မလေးရှာငွေ (၁၅,၀၀၀)၊ မြန်မာငွေ (၅၇) သိန်း ရရှိနေကြတာလဲပေါ့။

သူတို့ (၃) ဦးဟာ ကျောင်းပြီးဘွဲ့ရ မဟုတ်ကြပေမဲ့လည်း သူတို့အလုပ်ကို အကောင်းဆုံး လုပ်နေကြလိုပါပဲ။ သူတို့ရဲ့အံ့အားသင့်စရာ အောင်မြင်မှုကြောင့် TVET မှာ ပြယုဂ်တွေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

သူတို့ (၃) ဦးစလုံးဟာ ဂဂေဆော်သူဖြစ်ကြပြီး ဝင်ငွေ အလွန် ကောင်းမွန်ကြပါတယ်။ သူတို့ထဲက တစ်ယောက် ဖြစ်တဲ့ အသက် (၃၃) နှစ်အရွယ် မူဟာမတ်က သူ့ရဲ့ ကြိုးစားမှုကို ပြန်လည် မျှဝေသွားပါတယ်။

မူဟာမတ်က “ကျွန်တော်က ကျောင်းမပြီးထားပါဘူး။ ကျွန်တော့်အစ်ကိုက ကျွန်တော့်ကို လစာ အများကြီး ရချင်လားလို့ မေးပြီး သူ့ရဲ့လစာကို ကျွန်တော့်ကို ပြတယ်”လို့ ပြောခဲ့ပါတယ်။

သူဟာ ကျောင်းမပြီးဘွဲ့မရ ဆိုပေမဲ့လည်း သူ ဝါသနာပါပြီး သူ လုပ်ချင်တဲ့ အရာကို သိခဲ့ပါတယ်။ သူဟာ ဂဆေဆော်သူအဖြစ် အလုပ် လုပ်ခဲ့ပြီး လက်ရှိမှာဆိုရင် တစ်လကို ဝင်ငွေ ကျပ် (၇၅) သိန်းကျော် ရရှိနေလျက် ရှိပါတယ်။

သူဟာ ဂဟေဆော်သူအဖြစ် အလုပ်စလုပ်တုန်းက အခုလို တစ်လကို ကျပ် (၇၅) သိန်း ရခဲ့တာ မဟုတ်ဘဲ လက်ရှိ လစာထက် အဆပေါင်း များစွာ နည်းပါးပြီး ရခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ ကြိုးစားသထက် ကြိုးစားခဲ့တာကြောင့် အောင်မြင်သထက် အောင်မြင်လာခဲ့ပါတယ်။ သူဟာ တရုတ်၊ ဟောင်ကောင်၊ မြန်မာ၊ ဒူဘိုင်း၊ အမေရိကန် စတဲ့ နိုင်ငံတွေ လုပ်ခဲ့ပြီး အခုအချိန်မှာတော့ သူ အောင်မြင်နေပြီး ဖြစ်ပါတယ်။

ခရက်ဒစ်