ၾကားသိရသမွ်

တောရောမြို့ပါ မကျန် နည်းမျိုးစုံဖြင့် စစ်ဆင်ရေး လုပ်နေတဲ့ စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာ

တောရောမြို့ပါ မကျန် နည်းမျိုးစုံဖြင့် စစ်ဆင်ရေး လုပ်နေတဲ့ စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာ

မော်လမြိုင်၊ စက်တင်ဘာ၊ ၂၈

စစ်တပ် အာဏာသိမ်းပြီးနောက် တောရော မြို့ပါ မကျန် နည်းမျိုးစုံဖြင့် စစ်ဆင်ရေး လုပ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီက အပစ်ရပ်ကြောင်း စက်တင်ဘာလ ၂၇ ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့နဲ့ ထာဝရငြိမ်းချမ်းရေး ရရှိစေရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုးမြှင့်ဆောင်ရွက်နိုင်ဖို့အတွက် အပစ်ရပ် သက်တမ်း ၅ လကြာ ထပ်တိုးကြောင်း စစ်ကောင်စီရဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

အပစ်ရပ်ကာလကို လာမယ့် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်အပစ်ရပ်ဆိုင်းပေးတယ်လို့ ဆိုထာပေမယ့် ခြွင်းချက်မရှိ အပစ်ရပ်ဆိုင်းပေးထားတာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ကာကွယ်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်တွေအပြင် လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုကို ရပ်ဆိုင်းပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ အပစ်ရပ်စဲကြောင်း တိုးမြှင့်ကြေညာနေပေမယ့် မြေပြင်မှာတော့ တိုင်းရင်းသားနယ်မြေတွေထဲကို စစ်အင်အားတိုးချဲ့တာ၊ စစ်ရေးလှုပ်ရှားမှုတွေ ပိုမို လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

———

ေတာေရာၿမိဳ႕ပါ မက်န္ နည္းမ်ိဳးစုံျဖင့္ စစ္ဆင္ေရး လုပ္ေနတဲ့ စစ္ေကာင္စီက အပစ္ရပ္ေၾကာင္း ေၾကညာ

ေမာ္လၿမိဳင္၊ စက္တင္ဘာ၊ ၂၈

စစ္တပ္ အာဏာသိမ္းၿပီးေနာက္ ေတာေရာ ၿမိဳ႕ပါ မက်န္ နည္းမ်ိဳးစုံျဖင့္ စစ္ဆင္ေရး လုပ္ေနတဲ့ အာဏာသိမ္း စစ္ေကာင္စီက အပစ္ရပ္ေၾကာင္း စက္တင္ဘာလ ၂၇ ရက္ ညပိုင္းမွာ ေၾကညာလိုက္ပါတယ္။

ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ႏိုင္ဖို႔နဲ႔ ထာဝရၿငိမ္းခ်မ္းေရး ရရွိေစေရး၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို တိုးျမႇင့္ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ အပစ္ရပ္ သက္တမ္း ၅ လၾကာ ထပ္တိုးေၾကာင္း စစ္ေကာင္စီရဲ႕ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ပါတယ္။

အပစ္ရပ္ကာလကို လာမယ့္ ေအာက္တိုဘာလ ၁ ရက္ေန႔မွ ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔အထိ ၅ လၾကာ ထပ္မံတိုးျမႇင့္အပစ္ရပ္ဆိုင္းေပးတယ္လို႔ ဆိုထာေပမယ့္ ႁခြင္းခ်က္မရွိ အပစ္ရပ္ဆိုင္းေပးထားတာ မဟုတ္ဘူးလို႔ ထုတ္ျပန္ထားပါတယ္။

စစ္ေကာင္စီရဲ႕ ကာကြယ္ေရးနဲ႔ အုပ္ခ်ဳပ္မႈဆိုင္ရာကိစၥရပ္ေတြအျပင္ လုံၿခဳံေရးနဲ႔ အုပ္ခ်ဳပ္ေရးယႏၲရားေတြကို ေႏွာင့္ယွက္ထိပါးတိုက္ခိုက္ခ်ိန္မွအပ တပ္မေတာ္ရဲ႕ စစ္ေရးလႈပ္ရွားမႈကို ရပ္ဆိုင္းေပးျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါရွိပါတယ္။

အာဏာသိမ္း စစ္ေကာင္စီဟာ အပစ္ရပ္စဲေၾကာင္း တိုးျမႇင့္ေၾကညာေနေပမယ့္ ေျမျပင္မွာေတာ့ တိုင္းရင္းသားနယ္ေျမေတြထဲကို စစ္အင္အားတိုးခ်ဲ႕တာ၊ စစ္ေရးလႈပ္ရွားမႈေတြ ပိုမို လုပ္ေဆာင္လာေနတာ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အာဏာသိမ္း စစ္ေကာင္စီဟာ အမ်ိဳးသားညီၫြတ္ေရး အစိုးရရဲ႕ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF ေတြနဲ႔ ထိေတြ႕တိုက္ပြဲေတြ ဆက္လက္ျဖစ္ပြားေနတာ ျဖစ္ပါတယ္။

သတင္း- သံလြင္တိုင္းမ္