ၾကားသိရသမွ်

လည်ပတ်ကို မျက်စိနောက်ပြီး ဝင်ခတ်ခဲ့သည့် ပြည်သူ့ကျွဲမလေးကို ဘေးမဲ့ပေးတော့မည်

ဇေယျာတိုင်း ဒီဇင်ဘာ ၁၁ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့က ကျွန်းလှနှင့် ကောလင်းအစပ် ညောင်ပင်ရိုးရွာမှာ

စစ်ကောင်စီတပ်သားတစ်ဦးကို ဒဏ်ရာအပြင်းအထန်ရအောင် ခတ်ခဲ့တဲ့ ကျွဲမကြီးကို ဘေးမဲ့ ပေးမယ်လို့ဒေသခံ ရွာသားများရဲ့ပြောကြားချက်အရသိရသည်

စစ်ကောင်စီ စစ်ကြောင်းဟာ ကောလင်းမြို့နယ်နဲ့ကျွန်းလှမြို့နယ်အစပ်ညောင်ပင်ရိုးကျေးရွာမှ ပျဉ်ပင်ရွာသို့အကူး ရွာစွန် တာဝါတိုင်အနီးကျွဲခြံမှ

လူတစ်ဦးကို လမ်းပြရန် စစ်ကောင်စီတပ်သားတချို့ဝင်ရောက်ခေါ်ဆောင်ချိန်မှာမျက်စိတစ်ဘက်မမြင်ရလို့လွှတ်ထားတဲ့ ကျွဲမကြီးက ဝင်ခတ်ရာ စစ်သားတစ်ဦး ဗိုက်ပွင့် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်းသိရသည်

မတော်တဆဆိုပေမဲ့ ရွာမှာတော့ကျွဲကိုပြည်သူ့ကျွဲဆိုပြီးဂုဏ်ပြုနေကြတယ် လည်စည်းအနီကို မျက်စိနောက်ပြီး ဝင်ခတ်တာဖြစ်နိုင်တယ်

ဒီကျွဲမကြီးက မျက်စိတစ်ဖက်မမြင်ဘူး သူတို့လည်း ပြာပြီး ကျွဲကို ရန်ပြုမသွားဘူးလို့ကောလင်းအနောက်ခြမ်းသားတစ်ဦးကဒေသတွင်းသတင်းအရင်းမြစ်တစ်ခုဖြစ်တဲ့ Chindwin Review ကိုပြောထားပါတယ်

ကျွဲခတ်ခံရတဲ့ စစ်သားမှာ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံ ပို့ထားကြောင်း နောက်ပြီးအသက်အန္တရာယ်ဆိုးရိမ်ရကြောင်းသိရှိရသည်

စစ်ကောင်စီဘက်ကတော့ စစ်သား ကျွဲခတ်ခံရတဲ့ သတင်းကို အတည်ပြုဖို့ငြင်းဆန်တဲ့အကြောင်းသိရှိရသည်

ယခုအချိန်မှာတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတချို့ဟာ ကျွဲကြီးကို ဝယ်ယူပြီး ဘေးမဲ့ပေးဖို့တိုင်ပင်နေကြပြီး

ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တဖန်ပြန်လည်၍ စစ်ရေးတင်းမာလာခဲ့သည်

unicode









