Credit
Unicode
ပြည်သူတွေ အသံတိတ်သပိတ်ပြုလုပ်ခဲ့တဲ့အပေါ် ဒဲ့ဝေဖန်လိုက်တဲ့ သရုပ်ဆောင် အောင်ရဲလင်း..၊
ပရိတ်သတ်ကြီးရေ သရုပ်ဆောင် အောင်ရဲလင်းကတော့ အနုပညာလောကမှာ နေရာတခု ရထားသူဖြစ်ပြီး..။
မိန်းခလေး ပရိတ်သတ်တွေရဲ့ အားပေးမှု အများဆုံး ခံရတဲ့ မင်းသားစာရင်းထဲမှာ တယောက်အပါအဝင် ဖြစ်ပါတယ်..။
ဒါပေမယ့်လဲ အာဏာသိမ်းပြီးနောက်ပိုင်း သူဟာတပ်မတော်ကို တစိုက်မတ်မတ်..၊
ထောက်ခံလာခဲ့ရာကနေ ပရိတ်သတ်တွေနဲ့ အလှမ်းဝေးလာပြီး..။
အားပေးခံရမှုတွေ လျော့ကျလာခဲ့ပါတယ် အဲ့ဒီလို လျော့ကျလာခဲ့ပေမယ့် သရုပ်ဆောင် အောင်ရဲလင်းကတော့ သူ့ကိုအားပေးမဲ့..၊
ပရိတ်သတ်တယောက်ထဲရှိရင်တောင် သူ့အနုပညာကို ဆက်လုပ်နေမယ်လို တုန့်ပြန်ပြောဆို ခဲ့ဖူးပါတယ်..။
အခုတခါမှာတော့ ပြည်သူတွေ ဘယ်သူမှ အပြင်မထွက်ပဲ စစ်အာဏာရှင် ဆန့်ကျင်ရေး တိတ်ဆိတ်ခြင်း သပိတ်လုပ်နေချိန်မှာတော့..၊
သရုပ်ဆောင် အောင်ရဲလင်က အခုလိုပဲ သူ့ရဲ့အမြင်ကို ဝေဖန်ပြောဆိုခဲ့ပါတယ်..။
တနေကုန် အပြင်မထွက်ပဲ နေတယ်ဆိုတာ တကယ်တော့ ကို့ကိုယ် တရက် အချုပ်ခန်းထဲ ချလိုက်တာပါပဲ..၊
ဘယ်မှမထွက်ပဲ နေတော့ဘာဖြစ်လဲ ဘာမှဖြစ်မလာပါဘူး စားချင်တာမစားရ လည်ချင်တာ မလည်ရတာပဲရှိမှာပေါ့ လို့..၊
သူ့ရဲ့အမြင်ကို ဝေဖန်ခဲ့တယ်လို့ လူမှုကွန်ယက် စာမျက်နှာတွေရဲ့သတင်းတွေအရ အောင်ရဲလင်း ပြောခဲ့တာကို ပြန်လည်မျှဝေ လိုက်ရပါတယ်..။
Credit