“ တစ်စုံတစ်ယောက်ကိုချစ်ရင် သူတို့ကို လွှတ်ပေးလိုက်ပါ” ဆိုတဲ့ ရှေးစကားတစ်ခု ရှိပေမဲ့လည်း မလေးရှားနိုင်ငံ Perak ပြည်နယ်ရှိ အိမ်ထောင်ရေးပျက်ပြားသွားတဲ့ မလေးရှားစုံတွဲတစ်တွဲ ဟာ ၎င်းတို့ရဲ့အိမ်ထောင်ရေး တကယ်အဆုံးသတ်သွားကြောင်း သေချာပြီးနောက်မှာ အတူပြေးလွှားကခုန်နေတဲ့ TikTok အကဗီဒီယိုတစ်ခုကို ဖန်တီးရန် စက္ကန့်ပိုင်း အချိန်ယူခဲ့ကြပါတယ်။ ” အခုတော့ ကျွန်မက တရားဝင် လွတ်လပ်တဲ့တစ်ခုလပ်ဖြစ်သွားပြီ ” ဆိုတဲ့ Caption နှင့်အတူ Teluk Intan Muslim Administration အပြင်ဘက်မှာ ကွာရှင်းပြတ်စဲပြီးနောက် ထို အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ဟာ အချင်းချင်းညှိနှိုင်းပြီး TikTok အကဗီဒီယိုအတိုလေးတစ်ခုဖျော်ဖြေနေခဲ့တာကိုတွေ့မြင်ရမှာပါ။

ဇနီးဟောင်းဖြစ်သူဟာ သူမတို့ရဲ့အိမ်ထောင်ရေးကာလအတွင်း သူမကိုဂရုစိုက်ပေးခဲ့တဲ့ခင်ပွန်းဟောင်းကိုကျေးဇူးတင်ကြောင်း နှင့် ပိုမိုကောင်းမွန်တဲ့ soulmate ကိုရှာတွေ့လိမ့်မယ်လို့ မျှော်လင့်ထားပုံရပါတယ်။ ထိုဗီဒီယိုအတိုလေးထဲမှာ ဇနီးမောင်နှံနှစ်ဦးက ရွှင်မြူးတဲ့သဘောထားရှိပေမဲ့လည်း အွန်လိုင်းရှိ netizen များစွာက ၎င်းတို့ရဲ့ လုပ်ရပ်ကြောင့် စိတ်ပျက်သွားပုံရပါတယ်။ ထိုအမျိုးသားရဲ့လက်ထဲကစာရွက်က ၎င်းတို့ရဲ့ ကွာရှင်းချက်စာရွက်လို့လည်း netizen များက ယူဆကြပြီး တစ်ခုလပ်များက ပျော်ရွှင်ကခုန်တာကိုပြုလုပ်နေရမဲ့အစား၊ ၎င်းတို့ရဲ့အိမ်ထောင်ရေးပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့အတွက် ရှက်သင့်တယ်လို့ အင်တာနက်သုံးစွဲသူများက ထင်မြင်ချက်ပေးခဲ့ကြပါတယ်။

2021 ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း မလေးရှားနိုင်ငံ Syariah တရားရုံးများမှာ အိမ်ထောင်ရေးကွာရှင်းမှု 71,806 မှုကို အစီရင်ခံခဲ့ကြတယ်လို့ သိရှိရပြီး ငွေကြေးပြဿနာများ၊ အိမ်တွင်းအလွဲသုံးစားလုပ်မှု၊ ပြင်ပဖိအားများ နှင့် စိတ်ဓာတ်ကျခြင်းကဲ့သို့သော အခြားဆင်းရဲဒုက္ခများက ထိုစုံတွဲများအား လမ်းခွဲပြတ်စဲရန် ရွေးချယ်ရတဲ့ ထိပ်တန်းအကြောင်းရင်းများထဲမှဖြစ်ကြောင်း တရားရေးရာကျွမ်းကျင်သူများက ထောက်ပြခဲ့ကြပါတယ်။

Mia (KB Chimmy One)

Reference : therakyatpost

Zawgyi
“ တစ္စုံတစ္ေယာက္ကိုခ်စ္ရင္ သူတို႔ကို လႊတ္ေပးလိုက္ပါ” ဆိုတဲ့ ေရွးစကားတစ္ခု ရွိေပမဲ့လည္း မေလးရွားႏိုင္ငံ Perak ျပည္နယ္ရွိ အိမ္ေထာင္ေရးပ်က္ျပားသြားတဲ့ မေလးရွားစုံတြဲတစ္တြဲ ဟာ ၎တို႔ရဲ႕အိမ္ေထာင္ေရး တကယ္အဆုံးသတ္သြားေၾကာင္း ေသခ်ာၿပီးေနာက္မွာ အတူေျပးလႊားကခုန္ေနတဲ့ TikTok အကဗီဒီယိုတစ္ခုကို ဖန္တီးရန္ စကၠန႔္ပိုင္း အခ်ိန္ယူခဲ့ၾကပါတယ္။ ” အခုေတာ့ ကြၽန္မက တရားဝင္ လြတ္လပ္တဲ့တစ္ခုလပ္ျဖစ္သြားၿပီ ” ဆိုတဲ့ Caption ႏွင့္အတူ Teluk Intan Muslim Administration အျပင္ဘက္မွာ ကြာရွင္းျပတ္စဲၿပီးေနာက္ ထို အမ်ိဳးသားတစ္ဦး ႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ဟာ အခ်င္းခ်င္းညႇိႏႈိင္းၿပီး TikTok အကဗီဒီယိုအတိုေလးတစ္ခုေဖ်ာ္ေျဖေနခဲ့တာကိုေတြ႕ျမင္ရမွာပါ။

ဇနီးေဟာင္းျဖစ္သူဟာ သူမတို႔ရဲ႕အိမ္ေထာင္ေရးကာလအတြင္း သူမကိုဂ႐ုစိုက္ေပးခဲ့တဲ့ခင္ပြန္းေဟာင္းကိုေက်းဇူးတင္ေၾကာင္း ႏွင့္ ပိုမိုေကာင္းမြန္တဲ့ soulmate ကိုရွာေတြ႕လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားပုံရပါတယ္။ ထိုဗီဒီယိုအတိုေလးထဲမွာ ဇနီးေမာင္ႏွံႏွစ္ဦးက ႐ႊင္ျမဴးတဲ့သေဘာထားရွိေပမဲ့လည္း အြန္လိုင္းရွိ netizen မ်ားစြာက ၎တို႔ရဲ႕ လုပ္ရပ္ေၾကာင့္ စိတ္ပ်က္သြားပုံရပါတယ္။ ထိုအမ်ိဳးသားရဲ႕လက္ထဲကစာ႐ြက္က ၎တို႔ရဲ႕ ကြာရွင္းခ်က္စာ႐ြက္လို႔လည္း netizen မ်ားက ယူဆၾကၿပီး တစ္ခုလပ္မ်ားက ေပ်ာ္႐ႊင္ကခုန္တာကိုျပဳလုပ္ေနရမဲ့အစား၊ ၎တို႔ရဲ႕အိမ္ေထာင္ေရးၿပီးဆုံးသြားခဲ့ၿပီျဖစ္တဲ့အတြက္ ရွက္သင့္တယ္လို႔ အင္တာနက္သုံးစြဲသူမ်ားက ထင္ျမင္ခ်က္ေပးခဲ့ၾကပါတယ္။
2021 ခုႏွစ္ ဇန္နဝါရီလမွ ဇြန္လအတြင္း မေလးရွားႏိုင္ငံ Syariah တရား႐ုံးမ်ားမွာ အိမ္ေထာင္ေရးကြာရွင္းမႈ 71,806 မႈကို အစီရင္ခံခဲ့ၾကတယ္လို႔ သိရွိရၿပီး ေငြေၾကးျပႆနာမ်ား၊ အိမ္တြင္းအလြဲသုံးစားလုပ္မႈ၊ ျပင္ပဖိအားမ်ား ႏွင့္ စိတ္ဓာတ္က်ျခင္းကဲ့သို႔ေသာ အျခားဆင္းရဲဒုကၡမ်ားက ထိုစုံတြဲမ်ားအား လမ္းခြဲျပတ္စဲရန္ ေ႐ြးခ်ယ္ရတဲ့ ထိပ္တန္းအေၾကာင္းရင္းမ်ားထဲမွျဖစ္ေၾကာင္း တရားေရးရာကြၽမ္းက်င္သူမ်ားက ေထာက္ျပခဲ့ၾကပါတယ္။
Mia (KB Chimmy One)



