ၾကားသိရသမွ်

မျက်စရှေ့တင် မိဘတွေ ပွဲချင်းပြီးသွားတာကို မြင်ခဲ့ရတဲ့ ကလေးအတွက် တရားမျှတမှုက ဘယ်မှာလဲ

ပြီးခဲ့တဲ့ ၂ ရက် က ပရဟိတ အဖွဲ့တစ်ခုက ပုံထဲမှာပြထားတဲ့ လူမမယ်ကလေးလေးကို ပိုက်ပြီး စကားတစ်ခုပြောပါတယ် ။

“စံပြစျေး ကျော် ငမိုးရိပ်တံတားပေါ်မှာ ဒီကလေးအဖေနဲ့အမေ စီးလာတဲ့ E bike ဆိုင်ကယ်ကို ကားတစ်စီးဝင်တိုက်သွားပါတယ် အဖေနဲ့အမေ ကလွင့်ထွက်သွားပြီး ခလေးကိုပိုက်လျှက် ဆုံးသွားပါပြီ ။ ကလေးကိုအသက်နဲ့ရင်းပြီး ကာကွယ်ပေးသွားလို့ ကလေးကဘာမှ မဖြစ်ပါဘူး ဒီမိသားစုကို သိတဲ့သူများရှိရင် ကလေးလေးကို ဆက်သွယ်နိုင်ပါတယ်” တဲ့ ။

ကလေးက မျက်ရည်လေးအဝိုင်းသားနဲ့ ဟိုကြည့်ဒီကြည့်နဲ့ သူဘာမှ မသိလိုက်ခင် အရွယ်နဲ့မမျှအောင် မြင်လိုက်ရတဲ့ အဖြစ်အပျက်က မြန်ဆန်လွန်းသွားတယ် ထင်ပါတယ် ။ ကျမ အဲ့နေ့ညက ဘယ်လိုမှ ရင်ထဲမကောင်း။ ကလေးဆို အရမ်းလိုချင် ကလေးမြင်ရင် ချစ်လိုက်ရမှကျေနပ်သူမို့ ဒီကလေးအဖြစ်ကို သနားလွန်းရပါတယ်

ဒါနဲ့ပဲ မနက်ကျ ပရဟိတ မောင်လေး ကိုထပ်မေးတော့ ကလေးရဲ့ အဒေါ်လာခေါ်သွားပြီတဲ့ ။ ကျမလေ …. ထပ်မနေနိုင်ဘူး အဲ့ဒီ့အဒေါ်ရဲ့ ဖုန်းကိုရအောင်တောင်းပြီး ကလေးအိမ်ထိ လိုက်သွားပါတယ် ။ ဒီနေ့ပဲရောက်ခဲ့တယ် ။ ကျမရောက်တော့ နာရေးအိမ်မှာ သတင်းမေးသူတစ်ယောက်မှမရှိ တိတ်ဆိတ်လို့ ။ ဆွေမျိုးသားချင်းနည်းတဲ့သဘောပေါ့

ကျမက “ကလေးလေးဆီလာတာပါ“ ပြောတော့ ပါးစပ်အဟောင်းသားနဲ့ အံ့တွေဩနေကြတယ် ကလေးအဒေါ်ဆိုသူက မျက်ရည်လေးဝိုင်းပြီး ကလေးကိုချီထားတယ် ။ ချို့တဲ့ကြပါတယ် ။ ကလေးက တစ်နေကုန် အီပြီးငိုနေတာ ကျမ ရှေ့တင်ပါပဲ ။ ငိုမှာပေါ့ရှင် သူရှာနေတဲ့ အဖေနဲ့အမေမှ သူ့ကိုမဖက်ထားပဲ။ သူ့ကိုကာကွယ်ပြီးဆုံးသွားတဲ့ သူ့မိဘကို သူဘယ်လိုတမ်းတနေမလဲ ကျမ မစဉ်းစားရဲဘူး ။

အခု ကျမပြောချင်တဲ့ သေရေးရှင်ရေးအမျှ အရေးကြီးတယ်ဆိုတာက ဒီကလေးရဲ့ အဖေနဲ့အမေ ကို ပွဲချင်းပြီး လောက်တဲ့အထိ ကားတိုက်သွားတဲ့မောင်းသူတွေပါပဲ ဘက်ထရီဆိုက်ကယ်လေးကို ဗလိုင်းကြီးတိုက်ပြီး မောင်းပြေးသွားပါတယ်တဲ့ ဖြစ်ချင်တော့ မာရှယ်လော ကပ်နေပြီမို့ လမ်းပေါ်မှာလူရှင်းနေပြီး မျက်မြင်သက်သေ လုံးဝ မရှိပါဘူး

ဒီကလေးရဲ့ ကျန်ရစ်မိသားစုကလဲ အမှုလုပ်ဖို့စိတ်ကူးမရှိပါဘူး ။ ဘာမှ လဲ မလုပ်တတ်မကိုင်တတ် ရိုးအေးတဲ့မိသားစုပါ ။ ဒါပေမဲ့ တိုက်သွားတဲ့သူတွေအနေနဲ့ ဘာကြောင့်ပဲတိုက်တိုက် ဆုံးတဲ့သူက ဆုံးသွားပြီမှန်ပေမဲ့ လူ့လောကထဲ မိဘမရှိပဲ ကျန်ခဲ့တဲ့ ဒီလူမမယ် ကလေးလေးကို သနားရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပြီး တာဝန်ယူပေးပါလားရှင် ။

ကျမ ကျန်ရစ်သောခလေးအတွက် တောင်းဆိုတာပါ ဒါကြောင့် ကိုယ်လုပ်ခဲ့တဲ့ လူသေမှုအတွက် သွေးပူလို့ထွက်ပြေးတယ်ပဲထား အခုသွေးအေးသွားတဲ့အချိန် ကိုယ့်ကြောင့် မိဘမဲ့ဖြစ်သွားတဲ့ ကလေးလေးအတွက် တစ်ချက်လောက် လာဆွေးနွေးလှည့်ပါ ။

မျက်စိရှေ့တင် ပွဲချင်းပြီးသွားတဲ့ မိဘနှစ်ပါးကိုကြည့်ပြီး ငိုဖို့တောင်မေ့နေတဲ့ လူမမယ်လေးရဲ့ အဖြစ်ကို မြင်လှည့်ပါရှင် စာနာကြပါ အမှုအခင်းလုံးဝမလုပ်ပါ ငွေလဲညှစ်တတ်တဲ့မိသားစုမျိုးမဟုတ်တာ ကျမကိုယ်တိုင် သွားတွေ့ခဲ့လို့သိခဲ့ပြီးပါပြီ ။ သူများပြောလို့ ဖမ်းမိတာမျိုးလဲ ကျမ မဖြစ်စေချင်ပါ ။ လူဆိုတာ ကိုယ့်စိတ်ထဲက တကယ်စာနာမှ အရာရာ တာဝန်ယူတတ်တဲ့စိတ်ရှိတာပါ ။

ငမိုးရိပ်တံတားပေါ်မှာ လွန်ခဲ့တဲ့နှစ်ရက်က ဆိုက်ကယ်ကို တိုက်သွားသော ကားပိုင်ရှင် မိဘမဲ့ကလေးလေးကို အမြန်လာဆက်သွယ်ပါရှင် ။ ကလေးဖုန်းနံပါတ်နဲ့ လိပ်စာကို ကျမ chat box ကနေ ပေးပါ့မယ် ။ ကျမနဲ့ ဘာမှ မဆိုင်ပေမဲ့ ကျမကို ဆက်သွယ်ပြီး ညှိနိုင်းချင်လဲ ကျမ တတ်နိုင်သလောက် ကလေးလေးဘက်က ရပ်တည်ပြီး အဆင်ပြေဆုံးညှိနိုင်းပေးပါ့မယ် ။

ငွေက အဓိက မဟုတ်ပါ တဘဝလုံး နစ်နာသွားအောင် လုပ်မိတဲ့ မိမိအပြစ်အတွက် တစ်ခုခုပြန်တာဝန်ယူပေးပါ ။ လူသားဆန်ပေးကြပါ ဒီပို့စ်ကို ရှဲ ပေးခြင်းဖြင့် ခလေးအတွက် အမှန်တရားတစ်ခုခု ရအောင် ကူညီကြပါ။

Htike Htike Aung

မ်က္စေရွ႕တင္ မိဘေတြ ပြဲခ်င္းၿပီးသြားတာကို ျမင္ခဲ့ရတဲ့ ကေလးအတြက္ တရားမၽွတမႈက ဘယ္မွာလဲ

ၿပီးခဲ့တဲ့ ၂ ရက္ က ပရဟိတ အဖြဲ႕တစ္ခုက ပုံထဲမွာျပထားတဲ့ လူမမယ္ကေလးေလးကို ပိုက္ၿပီး စကားတစ္ခုေျပာပါတယ္ ။

“စံျပေစ်း ေက်ာ္ ငမိုးရိပ္တံတားေပၚမွာ ဒီကေလးအေဖနဲ႔အေမ စီးလာတဲ့ E bike ဆိုင္ကယ္ကို ကားတစ္စီးဝင္တိုက္သြားပါတယ္ အေဖနဲ႔အေမ ကလြင့္ထြက္သြားၿပီး ခေလးကိုပိုက္လၽွက္ ဆုံးသြားပါၿပီ ။ ကေလးကိုအသက္နဲ႔ရင္းၿပီး ကာကြယ္ေပးသြားလို႔ ကေလးကဘာမွ မျဖစ္ပါဘူး ဒီမိသားစုကို သိတဲ့သူမ်ားရွိရင္ ကေလးေလးကို ဆက္သြယ္နိုင္ပါတယ္” တဲ့ ။

ကေလးက မ်က္ရည္ေလးအဝိုင္းသားနဲ႔ ဟိုၾကည့္ဒီၾကည့္နဲ႔ သူဘာမွ မသိလိုက္ခင္ အရြယ္နဲ႔မမၽွေအာင္ ျမင္လိုက္ရတဲ့ အျဖစ္အပ်က္က ျမန္ဆန္လြန္းသြားတယ္ ထင္ပါတယ္ ။ က်မ အဲ့ေန႔ညက ဘယ္လိုမွ ရင္ထဲမေကာင္း။ ကေလးဆို အရမ္းလိုခ်င္ ကေလးျမင္ရင္ ခ်စ္လိုက္ရမွေက်နပ္သူမို႔ ဒီကေလးအျဖစ္ကို သနားလြန္းရပါတယ္

ဒါနဲ႔ပဲ မနက္က် ပရဟိတ ေမာင္ေလး ကိုထပ္ေမးေတာ့ ကေလးရဲ့ အေဒၚလာေခၚသြားၿပီတဲ့ ။ က်မေလ …. ထပ္မေနနိုင္ဘူး အဲ့ဒီ့အေဒၚရဲ့ ဖုန္းကိုရေအာင္ေတာင္းၿပီး ကေလးအိမ္ထိ လိုက္သြားပါတယ္ ။ ဒီေန႔ပဲေရာက္ခဲ့တယ္ ။ က်မေရာက္ေတာ့ နာေရးအိမ္မွာ သတင္းေမးသူတစ္ေယာက္မွမရွိ တိတ္ဆိတ္လို႔ ။ ေဆြမ်ိဳးသားခ်င္းနည္းတဲ့သေဘာေပါ့

က်မက “ကေလးေလးဆီလာတာပါ“ ေျပာေတာ့ ပါးစပ္အေဟာင္းသားနဲ႔ အံ့ေတြဩေနၾကတယ္ ကေလးအေဒၚဆိုသူက မ်က္ရည္ေလးဝိုင္းၿပီး ကေလးကိုခ်ီထားတယ္ ။ ခ်ိဳ႕တဲ့ၾကပါတယ္ ။ ကေလးက တစ္ေနကုန္ အီၿပီးငိုေနတာ က်မ ေရွ႕တင္ပါပဲ ။ ငိုမွာေပါ့ရွင္ သူရွာေနတဲ့ အေဖနဲ႔အေမမွ သူ႔ကိုမဖက္ထားပဲ။ သူ႔ကိုကာကြယ္ၿပီးဆုံးသြားတဲ့ သူ႔မိဘကို သူဘယ္လိုတမ္းတေနမလဲ က်မ မစဥ္းစားရဲဘူး ။

အခု က်မေျပာခ်င္တဲ့ ေသေရးရွင္ေရးအမၽွ အေရးႀကီးတယ္ဆိုတာက ဒီကေလးရဲ့ အေဖနဲ႔အေမ ကို ပြဲခ်င္းၿပီး ေလာက္တဲ့အထိ ကားတိုက္သြားတဲ့ေမာင္းသူေတြပါပဲ ဘက္ထရီဆိုက္ကယ္ေလးကို ဗလိုင္းႀကီးတိုက္ၿပီး ေမာင္းေျပးသြားပါတယ္တဲ့ ျဖစ္ခ်င္ေတာ့ မာရွယ္ေလာ ကပ္ေနၿပီမို႔ လမ္းေပၚမွာလူရွင္းေနၿပီး မ်က္ျမင္သက္ေသ လုံးဝ မရွိပါဘူး

ဒီကေလးရဲ့ က်န္ရစ္မိသားစုကလဲ အမႈလုပ္ဖို႔စိတ္ကူးမရွိပါဘူး ။ ဘာမွ လဲ မလုပ္တတ္မကိုင္တတ္ ရိုးေအးတဲ့မိသားစုပါ ။ ဒါေပမဲ့ တိုက္သြားတဲ့သူေတြအေနနဲ႔ ဘာေၾကာင့္ပဲတိုက္တိုက္ ဆုံးတဲ့သူက ဆုံးသြားၿပီမွန္ေပမဲ့ လူ႔ေလာကထဲ မိဘမရွိပဲ က်န္ခဲ့တဲ့ ဒီလူမမယ္ ကေလးေလးကို သနားရင္ တစ္နည္းနည္းနဲ႔ ဆက္သြယ္ၿပီး တာဝန္ယူေပးပါလားရွင္ ။

က်မ က်န္ရစ္ေသာခေလးအတြက္ ေတာင္းဆိုတာပါ ဒါေၾကာင့္ ကိုယ္လုပ္ခဲ့တဲ့ လူေသမႈအတြက္ ေသြးပူလို႔ထြက္ေျပးတယ္ပဲထား အခုေသြးေအးသြားတဲ့အခ်ိန္ ကိုယ့္ေၾကာင့္ မိဘမဲ့ျဖစ္သြားတဲ့ ကေလးေလးအတြက္ တစ္ခ်က္ေလာက္ လာေဆြးေႏြးလွည့္ပါ ။

မ်က္စိေရွ႕တင္ ပြဲခ်င္းၿပီးသြားတဲ့ မိဘႏွစ္ပါးကိုၾကည့္ၿပီး ငိုဖို႔ေတာင္ေမ့ေနတဲ့ လူမမယ္ေလးရဲ့ အျဖစ္ကို ျမင္လွည့္ပါရွင္ စာနာၾကပါ အမႈအခင္းလုံးဝမလုပ္ပါ ေငြလဲညႇစ္တတ္တဲ့မိသားစုမ်ိဳးမဟုတ္တာ က်မကိုယ္တိုင္ သြားေတြ႕ခဲ့လို႔သိခဲ့ၿပီးပါၿပီ ။ သူမ်ားေျပာလို႔ ဖမ္းမိတာမ်ိဳးလဲ က်မ မျဖစ္ေစခ်င္ပါ ။ လူဆိုတာ ကိုယ့္စိတ္ထဲက တကယ္စာနာမွ အရာရာ တာဝန္ယူတတ္တဲ့စိတ္ရွိတာပါ

ငမိုးရိပ္တံတားေပၚမွာ လြန္ခဲ့တဲ့ႏွစ္ရက္က ဆိုက္ကယ္ကို တိုက္သြားေသာ ကားပိုင္ရွင္ မိဘမဲ့ကေလးေလးကို အျမန္လာဆက္သြယ္ပါရွင္ ။ ကေလးဖုန္းနံပါတ္နဲ႔ လိပ္စာကို က်မ chat box ကေန ေပးပါ့မယ္ ။ က်မနဲ႔ ဘာမွ မဆိုင္ေပမဲ့ က်မကို ဆက္သြယ္ၿပီး ညႇိနိုင္းခ်င္လဲ က်မ တတ္နိုင္သေလာက္ ကေလးေလးဘက္က ရပ္တည္ၿပီး အဆင္ေျပဆုံးညႇိနိုင္းေပးပါ့မယ္ ။

ေငြက အဓိက မဟုတ္ပါ တဘဝလုံး နစ္နာသြားေအာင္ လုပ္မိတဲ့ မိမိအျပစ္အတြက္ တစ္ခုခုျပန္တာဝန္ယူေပးပါ ။ လူသားဆန္ေပးၾကပါ ဒီပို႔စ္ကို ရွဲ ေပးျခင္းျဖင့္ ခေလးအတြက္ အမွန္တရားတစ္ခုခု ရေအာင္ ကူညီၾကပါ။

Htike Htike Aung