ၾကားသိရသမွ်

“ပြန်လည်စုရုံး နှစ်ခြောက်လုံး (၂၂၂၂၂၂)” ဆိုတဲ့လှုပ်ရှားမှုကို…see more

“ပြန်လည်စုရုံး နှစ်ခြောက်လုံး (၂၂၂၂၂၂)” ဆိုတဲ့လှုပ်ရှားမှုကို

“ပြန်လည်စုရုံး နှစ်ခြောက်လုံး (၂၂၂၂၂၂)” ဆိုတဲ့လှုပ်ရှားမှုကို ထောက်ခံစည်းရုံးတဲ့အနေနဲ့ ဆန္ဒပြပွဲတစ်ခုကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ဖေဖော်ဝါရီ ၁၉ ရက်၊ ဒေသစံတော်ချိန် နေ့ခင်း ၂ နာရီမှ ၄ နာရီအထိ စုရုံးပြုလုပ်ခဲ့ကြပါတယ်။

တနှစ်တာကာလအတွင်း ကြွေလွင့်သွားခဲ့ရတဲ့ တော်လှန်ရေးကြယ်ပွင့်လေးတွေကို အမှတ်ရဂုဏ်ပြုကြတာပါ။

ဒါ့အပြင် မြန်မာအရေးနဲ့ပတ်သက်လို့ တနှစ်ပတ်လုံးစိုးရိမ်နေတဲ့ ကုလသမဂ္ဂကိုလည်း နောက်ထပ်ဘယ်နှယောက်များ ပေးဆပ်ကြရဦးမှာလဲဆိုပြီး မေးခွန်းထုတ် ဆန္ဒပြတောင်း‌ဆိုကြပါတယ်။

တော်လှန်ရေးကို အရှိန်မြှင့်ဖို့အတွက် လာမယ့် ဖေဖော်ဝါရီ ၂၂ ရက် နှစ်ခြောက်လုံးနေ့ကို အစွဲပြုပြီး “ပြန်လည်စုရုံး နှစ်ခြောက်လုံး” “ကျေးလက်ပုန်ကန် မြို့ပြဖီဆန်” ဆိုတဲ့ လူထုသပိတ်ကို မြန်မာနိုင်ငံအနှံ့နဲ့ ပြည်ပနိုင်ငံတွေမှာပါ လှုပ်ရှားကြဖို့ စည်းရုံးလှုံ့ဆော်နေကြပါတယ်။

ဒီလှုပ်ရှားမှုမှာ ပြည်သူတွေ အဲ့ဒီနေ့ အပြင်သွားရင် ဦးထုပ်ခမောက်ဆောင်းဖို့၊ သနပ်ခါးလိမ်းဖို့၊ လက်ထဲမှာ ပန်းစည်းပန်းပွင့်တွေ ကိုင်ဆောင်လာပြီး ကိုယ်ရောက်တဲ့အရပ် လူထုသပိတ်လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ပေးကြဖို့ကို လှုံ့ဆော်နေကြတာပါ။

ဒီလှုပ်ရှားမှုကို ထောက်ခံစည်းရုံးပြီးပြုလုပ်တဲ့ နယူယောက်မြို့ ကုလသမဂ္ဂရုံးရှေ့က ဆန္ဒပြပွဲမှာတော့ မြန်မာပြည်ဖွား တိုင်းရင်းသား ညီအကိုမောင်နှမ ၂၀၀ ကျော်လောက် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

DVB

ျပန္လည္စု႐ုံး ႏွစ္ေျခာက္လုံး (၂၂၂၂၂၂) ဆိုတဲ့လႈပ္ရွားမႈကို

ျပန္လည္စု႐ုံး ႏွစ္ေျခာက္လုံး (၂၂၂၂၂၂) ဆိုတဲ့လႈပ္ရွားမႈကို ေထာက္ခံစည္း႐ုံးတဲ့အေနနဲ႕ ဆႏၵျပပြဲတစ္ခုကို အေမရိကန္ျပည္ေထာင္စု နယူးေယာက္ၿမိဳ႕ ကုလသမဂၢ႐ုံးခ်ဳပ္ေရွ႕မွာ ေဖေဖာ္ဝါရီ ၁၉ ရက္၊ ေဒသစံေတာ္ခ်ိန္ ေန႕ခင္း ၂ နာရီမွ ၄ နာရီအထိ စု႐ုံးျပဳလုပ္ခဲ့ၾကပါတယ္။

တႏွစ္တာကာလအတြင္း ေႂကြလြင့္သြားခဲ့ရတဲ့ ေတာ္လွန္ေရးၾကယ္ပြင့္ေလးေတြကို အမွတ္ရဂုဏ္ျပဳၾကတာပါ။

ဒါ့အျပင္ ျမန္မာအေရးနဲ႕ပတ္သက္လို႔ တႏွစ္ပတ္လုံးစိုးရိမ္ေနတဲ့ ကုလသမဂၢကိုလည္း ေနာက္ထပ္ဘယ္ႏွေယာက္မ်ား ေပးဆပ္ၾကရဦးမွာလဲဆိုၿပီး ေမးခြန္းထုတ္ ဆႏၵျပေတာင္းဆိုၾကပါတယ္။

ေတာ္လွန္ေရးကို အရွိန္ျမႇင့္ဖို႔အတြက္ လာမယ့္ ေဖေဖာ္ဝါရီ ၂၂ ရက္ ႏွစ္ေျခာက္လုံးေန႕ကို အစြဲျပဳၿပီး “ျပန္လည္စု႐ုံး ႏွစ္ေျခာက္လုံး” “ေက်းလက္ပုန္ကန္ ၿမိဳ႕ျပဖီဆန္” ဆိုတဲ့ လူထုသပိတ္ကို ျမန္မာနိုင္ငံအႏွံ႕နဲ႕ ျပည္ပနိုင္ငံေတြမွာပါ လႈပ္ရွားၾကဖို႔ စည္း႐ုံးလႈံ႕ေဆာ္ေနၾကပါတယ္။

ဒီလႈပ္ရွားမႈမွာ ျပည္သူေတြ အဲ့ဒီေန႕ အျပင္သြားရင္ ဦးထုပ္ခေမာက္ေဆာင္းဖို႔၊ သနပ္ခါးလိမ္းဖို႔၊ လက္ထဲမွာ ပန္းစည္းပန္းပြင့္ေတြ ကိုင္ေဆာင္လာၿပီး ကိုယ္ေရာက္တဲ့အရပ္ လူထုသပိတ္လႈပ္ရွားမႈေတြမွာ ပူးေပါင္းပါဝင္ေပးၾကဖို႔ကို လႈံ႕ေဆာ္ေနၾကတာပါ။

ဒီလႈပ္ရွားမႈကို ေထာက္ခံစည္း႐ုံးၿပီးျပဳလုပ္တဲ့ နယူေယာက္ၿမိဳ႕ ကုလသမဂၢ႐ုံးေရွ႕က ဆႏၵျပပြဲမွာေတာ့ ျမန္မာျပည္ဖြား တိုင္းရင္းသား ညီအကိုေမာင္ႏွမ ၂၀၀ ေက်ာ္ေလာက္ ပါဝင္ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

DVB