ၾကားသိရသမွ်

လူရမ်းကားတစ်ယောက်ကြောင့် “မှေးမှိန်သွားတဲ့ အိပ်မက်တွေ “

“ေမွးမွိန္သြားတဲ့ အိပ္မက္ေတြ ”

သူက YBS 40 နဲ႔တိုက္မိတဲ့ တကၠစီယာဥ္ေမာင္းရဲ့အမ်ိဳးသမီး။

စကားကို ဖြဲ႕ႏြဲ႕လည္းမေျပာဘူး။ ခံစားခ်က္ကိုလည္း ဖြင့္ဟမေျပာတတ္ဘူး။

သူ႔ေယာက္်ား ယာဥ္မေတာ္တဆျဖစ္ၿပီးေသတာလည္း အခုခ်ိန္ထိ လက္မခံနိုင္ေသးဘူး။

က်မသူ႔အိမ္ေရာက္သြားေတာ့ သားငယ္ေလးကို နို႔တိုက္ေနတယ္။ သားအႀကီးက တျခားအိမ္မွာသြားကစားေနတယ္တဲ့။သူ႔ကို စိတ္ေျပလက္ေပ်ာက္ လႊတ္ေပးထားတယ္တဲ့။

၆ ႏွစ္အရြယ္သားႀကီးက အေဖမွန္းသိတတ္ေနၿပီဆိုေတာ့ ဖုန္းလာတိုင္း အေဖ့ဖုန္းလားေမးေနလို႔ အေျဖရခက္ၿပီး ညာေျပာထားရတယ္တဲ့။

သားအငယ္ကေတာ့ အေဖမွန္းသိတတ္ကာစ ။ အေဖျဖစ္သူ အိမ္တံခါးဖြင့္ရင္ ႀကိဳေနက်။ အခုေတာ့ တံခါးကေန ဝင္လာသမၽွလူကို သူ႔အေဖကို လက္ညိဳးထိုးသလိုထိုးေနတယ္။

က်မနဲ႔စကားေျပာတုန္း သူတေရးနိုးမ်က္လုံးဖြင့္ၾကည့္ၿပီး က်မကိုလက္ညိဳးထိုးၿပီးျပန္အိပ္ေပ်ာ္သြားတယ္။

ကြယ္လြန္သြားတဲ့ ကိုေက်ာ္ေဇာက သူ႔သားေတြကို ကိုယ္ပိုင္ကားနဲ႔တင္ၿပီး ေက်ာင္းေကာင္းေကာင္းမွာထားနိုင္ဖို႔္၊ သားေတြကို ရွင္ျပဳေပးဖို႔ေျပာေနက်တဲ့။

ကိုေက်ာ္ေဇာက ရိုးသား၊ ႀကိဳးစားတယ္။ အငွားယာဥ္ေမာင္းေတြထဲမွာ သူ႔ကိုသေဘာက်လို႔တြဲလုပ္ေနတာ ၂ ႏွစ္ရွိၿပီလို႔ သူ႔ကားပိုင္ရွင္ကလည္းေျပာတယ္။

တပါးသူေတြကို စာနာ ညႇာတာတတ္လို႔ တျခားဘယ္ယာဥ္ေမာင္းနဲ႔မွ ျပႆနာတက္တာ၊ စကားမ်ားတာ မရွိဘူးလို႔သူတို႔ဂိတ္က တကၠစီယာဥ္ေမာင္းတစ္ေယာက္က ေျပာတယ္။

က်မတို႔ေရာက္ေနတဲ့အခ်ိန္မွာပဲ ယာဥ္လိုင္းပိုင္ရွင္ေတြ ေရာက္လာတယ္။ မနက္ျဖန္နာေရးမွာ အခ်ိဳပြဲကပ္ဖို႔ မုန႔္ပုံးနဲ႔ ေငြတခ်ိဳ႕ကူညီတယ္။

ယာဥ္လိုင္းဘက္က အမ်ိဳးသမီးက ကူညီေငြကို သူ႔လက္ထဲထည့္ေပမဲ့ ထိ႐ုံေလာက္သာ ကိုင္ထားတယ္။ သူတို႔ေတြႏုတ္ဆက္ျပန္သြားေတာ့ မုန႔္ပုံးေပၚတင္ၿပီး လွည့္မၾကည့္ေတာ့ဘူး။

သူ႔စိတ္ထဲ​ျဖစ္ေနတာေတြကို စကားလုံးေတြနဲ႔ မေျပာတတ္ေတာ့ က်မက သူ႔အမူအရာေတြကိုပဲ လိုက္ၾကည့္ေနမိတယ္ေလ။

သူ႔စိတ္ထဲမွာ ရွင္တို႔ေငြေတြျပန္ယူသြား ၊ က်မေယာက္်ားကိုသာ ျပန္ေပးပါေျပာေနမလား။

သူတို႔မိသားစုငွားေနတဲ့အိမ္က အခုလကုန္ရင္ ျပည့္ေတာ့မယ္။ လူမမယ္ကေလး ၂ ေယာက္နဲ႔သူ ဘဝကို ဘယ္လိုေရွ႕ဆက္ၾကမလဲဆိုတာ? ???

Reporter Zarni Htun

“မှေးမှိန်သွားတဲ့ အိပ်မက်တွေ ”

သူက YBS 40 နဲ့တိုက်မိတဲ့ တက္ကစီယာဉ်မောင်းရဲ့အမျိုးသမီး။

စကားကို ဖွဲ့နွဲ့လည်းမပြောဘူး။ ခံစားချက်ကိုလည်း ဖွင့်ဟမပြောတတ်ဘူး။

သူ့ယောက်ျား ယာဉ်မတော်တဆဖြစ်ပြီးသေတာလည်း အခုချိန်ထိ လက်မခံနိုင်သေးဘူး။

ကျမသူ့အိမ်ရောက်သွားတော့ သားငယ်လေးကို နို့တိုက်နေတယ်။ သားအကြီးက တခြားအိမ်မှာသွားကစားနေတယ်တဲ့။သူ့ကို စိတ်ပြေလက်ပျောက် လွှတ်ပေးထားတယ်တဲ့။

၆ နှစ်အရွယ်သားကြီးက အဖေမှန်းသိတတ်နေပြီဆိုတော့ ဖုန်းလာတိုင်း အဖေ့ဖုန်းလားမေးနေလို့ အဖြေရခက်ပြီး ညာပြောထားရတယ်တဲ့။

သားအငယ်ကတော့ အဖေမှန်းသိတတ်ကာစ ။ အဖေဖြစ်သူ အိမ်တံခါးဖွင့်ရင် ကြိုနေကျ။ အခုတော့ တံခါးကနေ ဝင်လာသမျှလူကို သူ့အဖေကို လက်ညိုးထိုးသလိုထိုးနေတယ်။

ကျမနဲ့စကားပြောတုန်း သူတရေးနိုးမျက်လုံးဖွင့်ကြည့်ပြီး ကျမကိုလက်ညိုးထိုးပြီးပြန်အိပ်ပျော်သွားတယ်။

ကွယ်လွန်သွားတဲ့ ကိုကျော်ဇောက သူ့သားတွေကို ကိုယ်ပိုင်ကားနဲ့တင်ပြီး ကျောင်းကောင်းကောင်းမှာထားနိုင်ဖို့်၊ သားတွေကို ရှင်ပြုပေးဖို့ပြောနေကျတဲ့။

ကိုကျော်ဇောက ရိုးသား၊ ကြိုးစားတယ်။ အငှားယာဉ်မောင်းတွေထဲမှာ သူ့ကိုသဘောကျလို့တွဲလုပ်နေတာ ၂ နှစ်ရှိပြီလို့ သူ့ကားပိုင်ရှင်ကလည်းပြောတယ်။

တပါးသူတွေကို စာနာ ညှာတာတတ်လို့ တခြားဘယ်ယာဉ်မောင်းနဲ့မှ ပြဿနာတက်တာ၊ စကားများတာ မရှိဘူးလို့သူတို့ဂိတ်က တက္ကစီယာဉ်မောင်းတစ်ယောက်က ပြောတယ်။

ကျမတို့ရောက်နေတဲ့အချိန်မှာပဲ ယာဉ်လိုင်းပိုင်ရှင်တွေ ရောက်လာတယ်။ မနက်ဖြန်နာရေးမှာ အချိုပွဲကပ်ဖို့ မုန့်ပုံးနဲ့ ငွေတချို့ကူညီတယ်။

ယာဉ်လိုင်းဘက်က အမျိုးသမီးက ကူညီငွေကို သူ့လက်ထဲထည့်ပေမဲ့ ထိရုံလောက်သာ ကိုင်ထားတယ်။ သူတို့တွေနုတ်ဆက်ပြန်သွားတော့ မုန့်ပုံးပေါ်တင်ပြီး လှည့်မကြည့်တော့ဘူး။

သူ့စိတ်ထဲ​ဖြစ်နေတာတွေကို စကားလုံးတွေနဲ့ မပြောတတ်တော့ ကျမက သူ့အမူအရာတွေကိုပဲ လိုက်ကြည့်နေမိတယ်လေ။

သူ့စိတ်ထဲမှာ ရှင်တို့ငွေတွေပြန်ယူသွား ၊ ကျမယောက်ျားကိုသာ ပြန်ပေးပါပြောနေမလား။

သူတို့မိသားစုငှားနေတဲ့အိမ်က အခုလကုန်ရင် ပြည့်တော့မယ်။ လူမမယ်ကလေး ၂ ယောက်နဲ့သူ ဘဝကို ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ? ???

Reporter Zarni Htun