တိုက်ကြီးဈေးထဲတွင် တွေ့ရှိသော ကလေးအား ပိုင်ရှင်တွေထံပြန်အပ်လိုက်ပါပြီ၊
စပါးကိုင်းကျေးရွာမှဖြစ်ကြောင်း၊မအေးသီတာသည် အိမ်ထောင် နှစ်ဆက်ဖြစ်ပြီး၊ယခုကလေးမလေးမှာ ပထမအိမ်ထောင်နှင့် မွေးသောကလေးဖြစ်ကြောင်း၊ကလေးအား အကိုဖြစ်သောကိုမျိုးဦးဇနီးမဇာဇာမိုးတို့မှ ကလေး (၈)လသမီးအရွယ်ထဲက အဖျောက်မြို့တွင် နေထိုင်၍ မွေးစားခဲံ့ကြောင်း၊
ကိုမျိုးဦး၏ဇနီး မဇာဇာမိုးမှာကိုယ်ဝန်ဖြင့် မွေးဖွားရန် ဖြစ်နေသောကြောင့် ကလေးမလေးအား ခဏစောင့်ရှောက်ထားရန် မိခင်အရင်းဖြစ်သူ မအေးသီတာအား ပြန်အပ်ထားခဲ့ရာမှ ယခုလို ဖြစ်ပွားခဲ့ကြောင်းဈေးတာဝန်ရှိသူများမှ ဘာအခက်အခဲရှိလို့ ကလေးကိုဒီလိုလုပ်တာလဲဟု မအေးသီတာအားမေးရာ မဖြေခဲ့ပါ၊ အကိုဖြစ်သူ ကိုမိုးဦးနှင့်ဇနီးအားမေးမြန်းသော်လည်း မဖြေကြပါ ၊
ထွန်းလှိုင်(မြိုင်) SH
unicode version
တိုက်ကြီးဈေးထဲတွင် တွေ့ရှိသော ကေလးအား ပိုင်ရှင်တွေထံပြန်အပ်လိုက်ပါပြီ၊
လုပ်ရက်ပါပေ့ မေမေရယ် ဟု သမီးလေးက ပြန်ပြောလိုက်ခြင်ပေနဲ့ ကလေးက မပြောတတ်၊
တိုက်ကြီးမြို့မဈေးထဲတွင် ၂နစ်ခွဲခန့် ကလေးမလေးတစ်ယောက် ၆.၆.၂၀၂၀ ရက်နေ့ နံနက် ၆း၃၀ နာရီခန့်ကကောက်ရထားကြောင်း မိဘများသိရှိရန် အွန်လိုင်းပေါ်မှာတင်ခဲ့ပါသည်။
၇.၆.၂၀၂၀ ရက်နေ့တွင် အမျိုးသမီးတစ်ဦး ဈေးရုံးသို့ရောက်ရှိလာပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကလေးနှင့်ဘာတော်သလဲဟုမေးရာ ကလေးမိခင်ဟုပြောပါသည်၊
ကလေးမိခင်မှ ”ကလေးအားနောက်မှာထားပြီး ဈေးဝယ်ရင်းပျောက်သွားသည် “ဟုပြောပါသည်။
ကလေးမလေးစတွေ့စဉ် ဈေးသယ်များမှ ကလေးမလေးအားမေးကြည့်ရာ “အရုပ်သွားဝယ်ပေးမယ် ဒီမှာနေဟု”မိခင်မှပြောခဲ့ကြောင်း ပြောပြသည်။ ထိုအချိန်တွင် ဖုန်းဝင်လာရာ “ကလေးမိခင်ဟာ ကျွန်မတို့ပါ အခုတိုက်ကြီးကိုလာနေပါပြီ” ပြောသဖြင့်စောင့်ဆိုင်းပြီး၊
ရောက်လာသောအခါ မိခင်နှစ်ဦးမျက်နှာချင်းဆိုင် ဖြေရှင်းကြရာပထမရောက်လာသော အမျိုးသမီးမှာ ကလေးမိခင်အရင်းဖြစ်ပြီး မအေးသီတာဖြစ်ပါသည်
စပါးကိုင်းကျေးရွာမှဖြစ်ကြောင်း၊မအေးသီတာသည်် အိမ်ထောင် နှစ်ဆက်ဖြစ်ပြီး၊ယခုကလေးမလေးမှာ ပထမအိ်မ်ထောင်နှင့် မွေးသောကလေးဖြစ်ကြောင်း၊ကလေးအား အကိုဖြစ်သောကိုမျိုးဦးဇနီးမဇာဇာမိုးတို့မှ ကလေး (၈)လသမီးအရွယ်ထဲက အဖျောက်မြို့တွင် နေထိုင်၍ မွေးစားခဲံ့ကြောင်း၊
ကိုမျိုးဦး၏ဇနီး မဇာဇာမိုးမှာကိုယ်ဝန်ဖြင့် မွေးဖွားရန် ဖြစ်နေသောကြောင့် ကလေးမလေးအား ခဏစောင့်ရှောက်ထားရန် မိခင်အရင်းဖြစ်သူ မအေးသီတာအား ပြန်အပ်ထားခဲ့ရာမှ ယခုလို ဖြစ်ပွားခဲ့ကြောင်းဈေးတာဝန်ရှိသူများမှ ဘာအခက်အခဲရှိလို့ ကလေးကိုဒီလိုလုပ်တာလဲဟု မအေးသီတာအားမေးရာ မဖြေခဲ့ပါ၊ အကိုဖြစ်သူ ကိုမိုးဦးနှင့့်ဇနီးအားမေးမြန်းသော်လည်း မဖြေကြပါ ၊
ထို့ကြောင့် ကလေးအား မွေးစားမိဘများဖြစ်သော ကိုမျိုးဦး မဇာဇာမိုးတို့ထံ တာဝန်ရှိသူများမှပြန်လည်အပ်နှံပေးလိုက်ကြောင်းသိရှိရပါသည်။
ကလေးမလေးအမည်မှာ မနေခြည်ဆည်းဇာ ဖြစ်ပါသည်။
ထွန်းလှိုင်(မြိုင်) SH