အမေနဲ့ စကားပြောနေရင်း ၃မိနစ်ပဲ အမေ့နားကနေပျောက်သွားတာ အမေလှည့်ကြည့်တော့ ရေကူးကန်ထဲကျနေပြီ
ပြန်ဆယ်ပြီး ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုတယ် ဆေးရုံကားလာတော့ အသက်မရှင်တော့ဘူး ရေထဲကျတဲ့အသံကိုလည်း မကြားဘူး အမေ့အဖေနားက မခွာတဲ့ကလေးလေး ၃နှစ်ပြည့်ဖို့ ရက်ပိုင်းပဲ လိုတာတဲ့
မွေးနေ့ရောက်ခါနီး ဆုံးသွားတယ် အသုဘရက်မှာ မွေးနေ့ကိတ်နဲ့ အဖေနဲ့အမေက ရူးမတတ်ခံစားနေရတာကို ဒီအမေလည်းမျက်ရည်မဆည်နိုင်ခဲ့ဘူး
တစ်တိုင်းပြည်လုံးက ဝိုင်းပြီး အမေ့ကို အပြစ်တင်ကြတယ် အမေလေ သားသမီးအစားသေပေးလို့ရတဲ့အမေ
သားဦးလေးကို ဆုံးရှုံးရတဲ့အမေ အသက်ပြန်မရှင်နိုင်တဲ့သားကို ရင်ခွင်ထဲပိုက်ပြီး ရူးမတတ်ခံစားရတဲ့အမေ
ဘယ်အမေက ဖြစ်စေချင်ပါ့မလဲ မိနစ်ပိုင်းလေးပဲ
Sexyမော်ဒယ်အမေဖြစ်ရုံနဲ့ မိခင်ကောင်းမဖြစ်နိုင်တော့ဘူးလို့ မဆုံးဖြတ်သင့်ပါဘူး
အမေ့ရင်ကွဲမတတ်နာကျင်နေရတာ မိခင်ခြင်းသိနေပါတယ်
အမေနောက်ကျသွားတဲ့ ၃ မိနစ်က ကလေးသေနိုင်မယ်ကြိုတွေးမိမှာမဟုတ်ပါဘူး
မိဘတွေ အထူးသတိရှိကြဖို့ပါ ကျမတို့တွေ အထူးသတိရှ်ိကြဖို့ပါ
ကောင်းရာဘုံဘဝမှာ ကျန်းမာအသက်ရှည်စွာနဲ့ လူ့လောကထဲ အမြန် ပြန်ပြီး အသက်ရှင်ပါစေသားသားရေ 💖
✍️💔😥
Crd photo
Mommy of 3
zawgyi
မိဘတွေ အထူးသတိရှိကြဖို့ပါ ကျမတို့တွေ အထူးသတိရှိကြဖို့ပါ
✍️💔😥
Crd photo
Mommy of 3