ၾကားသိရသမွ်
ဇီဇာကြောင် သူဌေး နဲ့ ကပ်သီးကပ်သက် ဝန်ထမ်း
သူဌေး ။ ” မင်းသုံးနေတဲ့ ကွန်ပြူတာက ကုမ္ပဏီက ကွန်ပြူတာဆိုတော့ ဒီကွန်ပြူတာမှာ မင်းရဲ့ ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမနဲ့ မင်းကလေး ဓါတ်ပုံတွေကိုလည်း မသိမ်းထား ပါနဲ့။ ဓါတ်ပုံတွေ ကြည့်ပြီး မင်းအလုပ် ကောင်းကောင်းလုပ်မှာ မဟုတ်လို့ပဲ ”
ဝန်ထမ်း ။ ” ဒါဆိုရင် ကျွန်တော့်ရဲ့အိမ်က ကွန်ပြူတာနဲ့ ခင်ဗျား အလုပ်တွေကို မလုပ်ခိုင်းပါနဲ့။ ကျွန်တော် မီတာတက် မခံနိုင်ဘူး။ ရုံးအချိန် မဟုတ်တဲ့ အချိန်မှာ ကျွန်တော့် လက်ထိပ်တွေ ပိုလို့တောင် အပွန်း မခံနိုင်ဘူး ”
သူဌေး ။ ” ရုံးချိန်အတွင်းမှာ မင်းရဲ့ ကိုယ်ပိုင် အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ – လက်သည်း ညုပ်တာတို့ ၊ ဆံပင် ဖြီးတာတို့.. ဘာတို့ ”
ဝန်ထမ်း ။ ” ကျွန်တော်လည်း ခင်ဗျားကို ပြောချင်တယ်။ ရုံးအချိန် အတွင်း ကျွန်တော် ဖြီးလိုက်တဲ့ ဆံပင် ၊ ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော် ရုံးတတ် နေတုန်း ရှည်ထွက်လာတဲ့ အရာတွေပါ ”
သူဌေး ။ ” ရုံးချိန်အတွင်း ရုံးဖုန်းကို သုံးပြီး ကိုယ်ရေး ကိုယ်တာကိစ္စတွေ မပြောပါနဲ့ ”
ဝန်ထမ်း ။ ” ဒီလိုဆိုရင် ကျွန်တော် အိမ်မှာ အနားယူနေတုန်း ခင်ဗျား ဆက်လာတဲ့ ဖုန်းကိုလည်း ကျွန်တော် မကိုင်ဘူးဗျာ ”
သူဌေး ။ ” ကုမ္ပဏီက သုံးဖို့ပေးတဲ့ ကားက ကုမ္ပဏီ ကိစ္စအတွက် သုံးဖို့ပဲ။ မင်း လျှောက်မောင်းဖို့ မဟုတ်ဘူး ”
ဝန်ထမ်း ။ ” ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ် တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာ နင်းတဲ့အခါ ကျွန်တော့် ကိုယ်ပိုင်ဖိနပ် ပွန်းသွားမှာ စိုးလို့ပါ ”
crd
for zawgyi
crd