ပြည်တွင်းရေးမငြိမ်သက်မှုတွေကြောင့် နိုင်ငံအတွင်း နေရာတော်တော်များများ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေတာကြောင့် အများပြည်သူတွေမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
အခက်အခဲတွေနဲ့ ပိုင်ဆိုင်သမျှတွေကို အကြမ်းဖက်မှုတွေကြောင့် စွန့်လွှတ်ကာ ဒုက္ခသည်တွေအဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။
တောင်ပေါ်ဒေသတိုင်းရင်းသားတွေဟာ စစ်ဘေးကြောင့် အသက်လုထွက်ပြေးရင်း အခက်အခဲမျိုးစုံကို ရင်ဆိုင်ခံစားနေရပြီး မိသားစုတွေမှာလည်း တကွဲတပြားနဲ့ ဝေးကွားနေကြရတာတွေလည်း ရှိနေပါတယ်။
သားအမိနှစ်ယောက်မှာလည်း စစ်ရှောင်ထွက်ပြေးရင်း ကွဲကွာသွားခဲ့ရပြီး ရက်အတော်ကြာမှ ပြန်ဆုံခဲ့ကြရပါတယ်။
မိုင်းကိုင်မြို့နယ် ပန်ကေတုစစ်ဘေးရှောင်မှ မိခင်ဖြစ်သူနဲ့ ကလေးငယ်လေးဟာ စစ်ရှောင်ပြေးရင်း ကွဲကွာသွားကာ (၁၂)ရက်ကြာမှ ပြန်လည်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။
စိုးရိမ်စိတ်တွေနဲ့ ဘေးကင်းစေဖို့ ဆုတောင်းနေခဲ့ရပြီး ပြန်လည်တွေ့ဆုံချိန်မှာတော့ သားအမိနှစ်ယောက် ဖက်ပြီးငိုကြွေးနေခဲ့ကြတာ ဖြစ်ပါတယ်။
Credit – Sai Ywat Lai
Zawgyi
ျပည္တြင္းေရးမၿငိမ္သက္မႈေတြေၾကာင့္ ႏိုင္ငံအတြင္း ေနရာေတာ္ေတာ္မ်ားမ်ား တိုက္ပြဲေတြ ျပင္းထန္စြာ ျဖစ္ပြားေနတာေၾကာင့္ အမ်ားျပည္သူေတြမွာ ေဘးလြတ္ရာ ထြက္ေျပးတိမ္းေရွာင္ေနၾကရတာပါ။
အခက္အခဲေတြနဲ႔ ပိုင္ဆိုင္သမွ်ေတြကို အၾကမ္းဖက္မႈေတြေၾကာင့္ စြန႔္လႊတ္ကာ ဒုကၡသည္ေတြအျဖစ္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနၾကရတာပါ။
ေတာင္ေပၚေဒသတိုင္းရင္းသားေတြဟာ စစ္ေဘးေၾကာင့္ အသက္လုထြက္ေျပးရင္း အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္ခံစားေနရၿပီး မိသားစုေတြမွာလည္း တကြဲတျပားနဲ႔ ေဝးကြားေနၾကရတာေတြလည္း ရွိေနပါတယ္။
သားအမိႏွစ္ေယာက္မွာလည္း စစ္ေရွာင္ထြက္ေျပးရင္း ကြဲကြာသြားခဲ့ရၿပီး ရက္အေတာ္ၾကာမွ ျပန္ဆုံခဲ့ၾကရပါတယ္။
မိုင္းကိုင္ၿမိဳ႕နယ္ ပန္ေကတုစစ္ေဘးေရွာင္မွ မိခင္ျဖစ္သူနဲ႔ ကေလးငယ္ေလးဟာ စစ္ေရွာင္ေျပးရင္း ကြဲကြာသြားကာ (၁၂)ရက္ၾကာမွ ျပန္လည္ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။
စိုးရိမ္စိတ္ေတြနဲ႔ ေဘးကင္းေစဖို႔ ဆုေတာင္းေနခဲ့ရၿပီး ျပန္လည္ေတြ႕ဆုံခ်ိန္မွာေတာ့ သားအမိႏွစ္ေယာက္ ဖက္ၿပီးငိုေႂကြးေနခဲ့ၾကတာ ျဖစ္ပါတယ္။
Credit – Sai Ywat Lai