ၾကားသိရသမွ်

ကလေးကိုချစ်တာလားကလေးကိုနှစ်တာလားမသဲကွဲကြတော့ဘူး…..

ကလေးကိုချစ်တာလားနှစ်တာလား

ကျိုက်ထိုမြို့နယ်၊ကျိုက္ကသာရွာကအသက်သုံးရက်သားကလေးငယ်ဆေးရုံလာပြတယ်အသားဝါပြီးနို့မစို့နိုင်လို့လာပြတာ

ကြည့်လိုက်တော့ကလေးကတကိုယ်လုံးနီးပါးဝါထိန်နေပြီးပျော့တိပျော့ဖတ်ဖြစ်နေသလိုငိုသံလည်းမထွက်နိုင်တော့ဘူး

အကြောင်းရင်းကိုလိုက်ရှာတော့ဟောတွေ့ပါပြီဗျာကလေးနားရွက်မှာ

မွေးကင်းစသုံးရက်သားကလေးငယ်ကိုအိမ်မှာယောက္ခမလုပ်သူတွေကကလေးလှပသွားအောင်ဆိုပြီးမိရိုးဖလာအပ်နဲ့နားရွက်ကိုဖောက်တယ်

ပြီးတော့ပိုးသတ်မထားတဲ့အပ်ချည်ကြိုးတွေကိုကလေးနားရွက်အပေါက်ထဲထိုးထဲ့ထားတာတွေ့ပါတယ်

အပ်ကလည်းမသန့်အပ်ချည်ကြိုးကလည်းညစ်ပတ်ဆိုတော့သုံးရက်သားကလေးကခံနိုင်ရိုးလား

နားရွက်မှာအနာဖြစ်ပြီးပိုးဝင်ပိုးဝင်တော့ကလေးကဖျားပြီးနို့မစို့နိုင်နို့မစို့နိုင်မှတော့အသားဝါပြီပေါ့

ကလေးကိုအဝါဓာတ်တွေကျသွားအောင်နှစ်ရက်လောက်မီးပြလိုက်တော့အသံထွက်လာပြီးနို့စို့လာတယ်

မွေးကင်းစကလေးငယ်ကိုခေါင်းမတုံးနဲ့ဆိုရင်တုံးတယ်ဆနွင်းမသုတ်နဲ့ဆိုရင်သုတ်တယ်

ပေါင်ဒါမှုန့်မလိမ်းနဲ့ဆိုလိမ်းတယ်ထမင်းမကျွေးနဲ့ဆိုကျွေးတယ်ကွမ်းဝါးထားတဲ့ပါးစပ်နဲ့တောင်ဝါးကျွေးတဲ့အဖိုးအဖွားတွေကလည်းရှိသေးတယ်

ဒီလိုတော့လုပ်ပေးပါဒီလိုမျိုးတော့မလုပ်ပါနဲ့လို့ဆရာဝန်တွေဆရာမတွေအာပေါက်အောင်ပြောတုန်းကဟုတ်ကဲ့ပါဆရာမပဲ

အိမ်ရောက်တော့ဒုံရင်းကဒုံရင်းပဲကလေးကိုချစ်တာလားကလေးကိုနှစ်တာလားမသဲကွဲကြတော့ဘူး

မြို့နယ်ကျန်းမာရေးဦးစီးဌာန

ကျိုက်ထိုမြို့နယ်ပြည်သူဆေးရုံ

Credit မူရင်းရေးသားသူအားပေးပါတယ်

unicode

ကလေးကိုခစြျတာလားနှစျတာလား

ကြိုကျထိုမွို့နယျ၊ကြိုက်ကသာရှာကအသကျသုံးရကျသားကလေးငယျဆေးရုံလာပွတယျအသားဝါပွီးနို့မစို့နိုငျလို့လာပွတာ













