ၾကားသိရသမွ်

ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အသေးဆုံးနွားလေး သေဆုံးသွားပြီ

ဂင္းနစ္စံခ်ိန္ဝင္ ကမာၻ႔အေသးဆုံးႏြားေလး ေသဆုံးသြားၿပီ

(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)

အျမင့္ ၂ဝလက္မနဲ႕ အေလးခ်ိန္ ၅၇ ေပါင္သာရွိတဲ့ ကမာၻ႔အေသးဆုံးႏြားအျဖစ္ ဂင္းနစ္စံခ်ိန္ဝင္ထားတဲ့ ရာနီဟာ ေသဆုံးသြားခဲ့ၿပီလို႔ သိရပါတယ္။ဂင္းနစ္မွတ္တမ္းတရားဝင္ဝက္ဘ္ဆိုက္က ေဖာ္ျပခဲ့တာျဖစ္ၿပီး ဇူလိုင္လအတြင္းမွာ နာမည္ေက်ာ္ၾကားခဲ့ၿပီး လအတန္ၾကာမွာပဲ ဝမ္းနည္းဖြယ္ရာေသဆုံးခဲ့တာျဖစ္ပါတယ္။…

အသက္ ၂ႏွစ္အ႐ြယ္ႏြားေလး ရာနီဟာ ဘဂၤလားေဒ့ရွ္နိုင္ငံ၊ ဒါကာၿမိဳ႕အနိးက ေမြးျမဴေရးၿခံတစ္ခုမွာ ေနထို္င္ခဲ့တာလည္းျဖစ္ပါတယ္။အျခားေသာႏြားေတြနဲ႕ သိသိသာသာကြဲျပားျခားနားမႈေၾကာင့္ သူဟာ ထင္ေပၚေက်ာ္ၾကားခဲ့ၿပီး ကိုဗစ္ကပ္ေရာဂါကာလအတြင္းမွာေတာင္ သူ႕ကို လာေရာက္ၾကည့္ရႈသူေတြမ်ားျပားလြန္းလို႔ တားျမစ္မႈေတြေတာင္ ျပဳလုပ္ခဲ့ရပါတယ္။…

Bhutti ႏြယ္ဝင္ ႏြားေတြဟာ အသားအတြက္ တန္ဖိုးႀကိးမားတဲ့ ႏြားအမ်ိဳးအစားေတြျဖစ္ပါတယ္။ ဒါေပမယ့္ ရာနီရဲ႕ ပိုင္ရွင္ျဖစ္သူ Kazi Sufian ကေတာ့ သူမႏြားေလးရဲ႕ ထူးျခားခ်က္ေၾကာင့္ ေရာင္းခ်ဖိဳ႕မျဖစ္နိုင္ဘူးဆိုတာကို သေဘာေပါက္ခဲ့ၿပီး လြတ္လြတ္လပ္လပ္သာ ေနထိုင္ခြင့္ျပဳခဲ့ကာ ဂင္းနစ္မွတ္တမ္းဝင္ခဲ့ၿပီးေနာက္ နာမည္ေက်ာ္ၾကားသြားခဲ့ပါတယ္။…

မ်ိဳးဗီဇေၾကာင့္ ရာနီဟာ အျခားေသာႏြားေတြလိုမဟုတ္ခဲ့ဘဲ ႀကီးထြားႏႈန္းနည္းပါးခဲ့တာလည္းျဖစ္ပါတယ္။ ေဒသခံမီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ သူဟာ အစာအလြန္အကြၽံစားသုံးခဲ့ၿပီးေနာက္ အစာအိမ္အတြင္းမွာ ဂက္စ္ေတြစုပုံလာခဲ့တယ္လို႔ ဆိုပါတယ္။ တိရိစၱာန္ေဆးကုဆရာဝန္ေတြကို သြားေရာက္ျပသခဲ့ေပမယ့္လည္း မကယ္တင္နိုင္ခဲ့ဘဲ လက္လႊတ္ခဲ့ရတာျဖစ္ၿပီး ဝမ္းနည္းဖြယ္ရာျဖစ္တယ္လို႔ ဂင္းနစ္ဝက္ဘ္ဆိုက္က ဆိုပါတယ္။…

TRNs

ယူနီကုဒ်ဖြင့် ဖတ်ရန်

ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အသေးဆုံးနွားလေး သေဆုံးသွားပြီ

အမြင့် ၂ဝလက်မနဲ့ အလေးချိန် ၅၇ ပေါင်သာရှိတဲ့ ကမ္ဘာ့အသေးဆုံးနွားအဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ ရာနီဟာ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ဂင်းနစ်မှတ်တမ်းတရားဝင်ဝက်ဘ်ဆိုက်က ဖော်ပြခဲ့တာဖြစ်ပြီး ဇူလိုင်လအတွင်းမှာ နာမည်ကျော်ကြားခဲ့ပြီး လအတန်ကြာမှာပဲ ဝမ်းနည်းဖွယ်ရာသေဆုံးခဲ့တာဖြစ်ပါတယ်။…

အသက် ၂နှစ်အရွယ်နွားလေး ရာနီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့အနိးက မွေးမြူရေးခြံတစ်ခုမှာ နေထို်င်ခဲ့တာလည်းဖြစ်ပါတယ်။အခြားသောနွားတွေနဲ့ သိသိသာသာကွဲပြားခြားနားမှုကြောင့် သူဟာ ထင်ပေါ်ကျော်ကြားခဲ့ပြီး ကိုဗစ်ကပ်ရောဂါကာလအတွင်းမှာတောင် သူ့ကို လာရောက်ကြည့်ရှုသူတွေများပြားလွန်းလို့ တားမြစ်မှုတွေတောင် ပြုလုပ်ခဲ့ရပါတယ်။…

Bhutti နွယ်ဝင် နွားတွေဟာ အသားအတွက် တန်ဖိုးကြိးမားတဲ့ နွားအမျိုးအစားတွေဖြစ်ပါတယ်။ ဒါပေမယ့် ရာနီရဲ့ ပိုင်ရှင်ဖြစ်သူ Kazi Sufian ကတော့ သူမနွားလေးရဲ့ ထူးခြားချက်ကြောင့် ရောင်းချဖို့မဖြစ်နိုင်ဘူးဆိုတာကို သဘောပေါက်ခဲ့ပြီး လွတ်လွတ်လပ်လပ်သာ နေထိုင်ခွင့်ပြုခဲ့ကာ ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပြီးနောက် နာမည်ကျော်ကြားသွားခဲ့ပါတယ်။…

မျိုးဗီဇကြောင့် ရာနီဟာ အခြားသောနွားတွေလိုမဟုတ်ခဲ့ဘဲ ကြီးထွားနှုန်းနည်းပါးခဲ့တာလည်းဖြစ်ပါတယ်။ ဒေသခံမီဒီယာတွေရဲ့ ဖော်ပြချက်အရ သူဟာ အစာအလွန်အကျွံစားသုံးခဲ့ပြီးနောက် အစာအိမ်အတွင်းမှာ ဂက်စ်တွေစုပုံလာခဲ့တယ်လို့ ဆိုပါတယ်။ တိရိစ္တာန်ဆေးကုဆရာဝန်တွေကို သွားရောက်ပြသခဲ့ပေမယ့်လည်း မကယ်တင်နိုင်ခဲ့ဘဲ လက်လွှတ်ခဲ့ရတာဖြစ်ပြီး ဝမ်းနည်းဖွယ်ရာဖြစ်တယ်လို့ ဂင်းနစ်ဝက်ဘ်ဆိုက်က ဆိုပါတယ်။…

TRNs