သရုပ်ဆောင် မင်းမော်ကွန်းကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။
အခုလိုပါဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကြောင့် တိမ်းရှောင်နေရပေမယ့်လည်း လူမှုကွန်ယက်များမှတစ်ဆင့် တတ်နိုင်သလောက် speak out လုပ်ပေးနေတာ ဖြစ်ပါတယ်။
ပရိသတ်တွေကတော့ မင်းမော်ကွန်းရဲ့ အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့တာကို လေးစားအားကျနေကြတာ ဖြစ်ပါတယ်။
တိကျတဲ့ သတင်းအချက်များကိုလည်း အားလုံးကို ပြန်လည်ဝေမျှပေးလေ့ရှိရာ မကြာသေးခင် နာရီပိုင်းလောက်ကလည်း မင်းမော်ကွန်းရဲ့Facebook Story တွင် ပုံလေးနှစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။
ဒါကတော့ လက်နက်အပြည့်အစုံတပ်ဆင်ထားပြီး အပြတ်အသတ်ကို မိုက်နေတဲ့ မင်းမော်ကွန်းရဲ့ ပုံရိပ်တစ်ချို့ ဖြစ်ပါတယ်။
သူကလည်း ” ပြေးလာချင်တယ် ရန်ကုန် ” ၊ ” ရန်ကုန်ကို လာမယ် ” ဆိုတဲ့ Caption တွေနဲ့အတူ ရေးသားဝေမျှထားတာကိုလည်း မြင်တွေ့ရပါတယ်။
မင်းမော်ကွန်းကတော့ တောထဲတစ်နေရာမှာ နေထိုင်နေရတာတောင် သူ့ရဲ့ ပုံစံကတော့ ခန့်ညားနေဆဲပါပဲနော်။ ကဲ ပရိသတ်ကြီးလည်း ကြည့်ရှုလို့ရအောင် မင်းမော်ကွန်းရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
unicode