အေထြအေထြဗဟုသုတ

သင့္က်န္းမာေရးေကာင္းေအာင္ အိမ္မွာ ဒီပန္းပင္ေတြစိုက္ပါ

သင့်ကျန်းမာရေးအတွက် အိမ်မှာ ဒီပန်းပင်တွေစိုက်ပါ

ဖော်မလင်၊ ကာဗွန်မိုနောက်ဆိုက်၊ အမိုးနီးယားဓာတ်ငွေ့တွေဟာ ကျွန်တော်တို့အိမ်မှာ ရှိတက်တဲ့ အန္တရာယ်ဖြစ်စေတဲ့ အဆိပ်အတောက်တွေပါပဲ။

အိမ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ အကူအညီပေးနိုင်တဲ့ အရာတွေရှိပါတယ်။ အိမ်ထဲမှာ စိုက်ထားလို့ရတဲ့အပင်တွေက အိမ်တွင်းက လေထုညစ်ညမ်းမှုတွေနဲ့ ဓာတုပ္စည်းတွေကို (၉၀) ရာခိုင်နှုန်းလောက် စုပ်ယူပစ်နိုင်ပါတယ်။

အိမ်ထဲမှာ စိုက်လို့ရတဲ့ အပင်လေးတွေက အိမ်ကို အလှဆင်ပေးသလို ကျွန်တော်တို့ကျန်းမာရေးအတွက်လည်း ထိရောက်မှုရှိပါတယ်။ အိမ်အတွင်းထဲမှာ ဘယ်လိုပန်းပင်တွေကို စိုက်ရမလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်…။

စံပယ်ပင်

စံပယ်ပင်က စိတ်ဖိစီးမှုကို ပြေလျော့စေပြီး စိတ်မတည်မငြိမ်ဖြစ်တာကို ကုသပေးသလို အိပ်စက်ချိန်ကိုလည်း ကောင်းမွန်လာစေတဲ့အတွက် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ထိရောက်မှုရှိစေပါတယ်။

နဂါးစက်ဂမုန်းပင်

နဂါးစက်ပင်က အိမ်ထဲမှာ စိုက်ထားသင့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဒီအပင်ကို လေသန့်ပင်လို့လည်း ခေါ်ကြပါတယ်။ အိမ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အခိုးအငွေ့တွေကို နဂါးစက်ပင်က ဖယ်ရှားပေးနိုင်ပါတယ်။

လေကို ကောင်းကောင်းသန့်စင်စေချင်ရင်တော့ တစ်ပင်ထက်ပိုပြီး စိုက်ပေးသင့်ပါတယ်။ နဂါးစက်ပင်က နေရောင်ခြည်တိုက်ရိုက်ထိတာကို မကြိုက်နှစ်သက်ပါဘူး။

English Ivy

ဒီအပင်က ၉၀ ရာခိုင်နှုန်းလောက် လေသန့်စင်ပေးပြီး ပန်းနာရင်ကျပ်ရှိသူတွေကို ညဘက်ကောင်းကောင်း အိပ်စက်နိုင်အောင်၊ အသက်ရှုလို့ရအောင် ကူညီပေးနိုင်ပါတယ်။ ဒီနွယ်ပင်က အဆိပ်သင့်စေနိုင်တဲ့အတွက် တိရစ္ဆာန်တွေနဲ့ ကလေးငယ်လေးတွေမစားမိအောင် ဂရုစိုက်သင့်ပါတယ်။

ရှင်သီဝလိဂမုန်း

ရှင်သီဝလိဂမုန်းပင်က နွေရာသီမှာဆိုရင် အဖြူရောင်ပန်းပွင့်လေးတွေပွင့်တဲ့အတွက် အိမ်မှာစိုက်ထားလို့ ကောင်းတဲ့အပင်ပါပဲ။ ရှင်သီဝလီဂမုန်းရဲ့ကောင်းကျိုးက ဒီတစ်ခုတည်းမဟုတ်ပါဘူး။

ဒီအပင်က လေထုညစ်ညမ်းမှုကိုဖယ်ရှားတာ၊ အဆိပ်အတောက်ဖြစ်စေတဲ့ဓာတ်တွေကို စုပ်ယူပေးတာတွေလုပ်ဆောင်ပြီး အိမ်တွင်းလေသန့်စက်အဖြစ် စွမ်းဆောင်နိုင်ပါတယ်။ ဝတ်မှုန်တွေကို ထုတ်လွှတ်ပေးပြီး ပန်းရနံ့လေးသင်းနေမှာပါ။

(ဝတ်မှုန်နဲ့ ဓာတ်မတည့်တဲ့သူတွေကတော့ သတိထားသင့်ပါတယ်)

ရာဘာပင် (Rubber Plant)

ရာဘာအပင်တွေကို ဂရုစိုက်ပေးရတာ အရမ်းမခက်ခဲပေးမဲ့လည်း အပင်ကြီးတွေဖြစ်လာတတ်ပါတယ်။ ရာဘာအရွက်ကြီးတွေက လေထဲက မကောင်းတဲ့အရာတွေကို စုပ်ယူပေးပါတယ်။ ဒါကြောင့် ရာဘာအရွက်တွေက ဖုန်မှုန့်တွေကို ဖယ်ရှားပေးဖို့တော့ မမေ့သင့်ပါဘူးနော်။

တိုက်ကပ်နွယ်ပင် (Golden Pothos)

တိုက်ကပ်နွယ်ပင်က လေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့နေရာမှာ ထိရောက်မှုရှိပါတယ်။ အိမ်ထဲမှာ စိုက်ရတာလည်းလွယ်ကူသလို နေရောင်ခြည်နည်းနည်းပဲလိုပြီး အေးတဲ့အပူချိန်မှာ ရှင်သန်နိုင်ပါတယ်။

လေးစားစွာဖြင့် ရိုးရာလေး

Zawgyi

သင့္က်န္းမာေရးအတြက္ အိမ္မွာ ဒီပန္းပင္ေတြစိုက္ပါ

ေဖာ္မလင္၊ ကာဗြန္မိုေနာက္ဆိုက္၊ အမိုးနီးယားဓာတ္ေငြ႕ေတြဟာ ကြၽန္ေတာ္တို႔အိမ္မွာ ရွိတက္တဲ့ အႏၲရာယ္ျဖစ္ေစတဲ့ အဆိပ္အေတာက္ေတြပါပဲ။

အိမ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားတဲ့ေနရာမွာ အကူအညီေပးႏိုင္တဲ့ အရာေတြရွိပါတယ္။ အိမ္ထဲမွာ စိုက္ထားလို႔ရတဲ့အပင္ေတြက အိမ္တြင္းက ေလထုညစ္ညမ္းမႈေတြနဲ႔ ဓာတုပၥည္းေတြကို (၉၀) ရာခိုင္ႏႈန္းေလာက္ စုပ္ယူပစ္ႏိုင္ပါတယ္။

အိမ္ထဲမွာ စိုက္လို႔ရတဲ့ အပင္ေလးေတြက အိမ္ကို အလွဆင္ေပးသလို ကြၽန္ေတာ္တို႔က်န္းမာေရးအတြက္လည္း ထိေရာက္မႈရွိပါတယ္။ အိမ္အတြင္းထဲမွာ ဘယ္လိုပန္းပင္ေတြကို စိုက္ရမလဲဆိုတာ ဆက္ဖတ္ၾကည့္ရေအာင္…။

စံပယ္ပင္

စံပယ္ပင္က စိတ္ဖိစီးမႈကို ေျပေလ်ာ့ေစၿပီး စိတ္မတည္မၿငိမ္ျဖစ္တာကို ကုသေပးသလို အိပ္စက္ခ်ိန္ကိုလည္း ေကာင္းမြန္လာေစတဲ့အတြက္ ကြၽန္ေတာ္တို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးကို ထိေရာက္မႈရွိေစပါတယ္။

နဂါးစက္ဂမုန္းပင္

နဂါးစက္ပင္က အိမ္ထဲမွာ စိုက္ထားသင့္တဲ့ အပင္တစ္မ်ိဳးျဖစ္ပါတယ္။ ဒီအပင္ကို ေလသန႔္ပင္လို႔လည္း ေခၚၾကပါတယ္။ အိမ္အတြင္းမွာရွိတဲ့ အဆိပ္အေတာက္ျဖစ္ေစတဲ့အခိုးအေငြ႕ေတြကို နဂါးစက္ပင္က ဖယ္ရွားေပးႏိုင္ပါတယ္။

ေလကို ေကာင္းေကာင္းသန႔္စင္ေစခ်င္ရင္ေတာ့ တစ္ပင္ထက္ပိုၿပီး စိုက္ေပးသင့္ပါတယ္။ နဂါးစက္ပင္က ေနေရာင္ျခည္တိုက္႐ိုက္ထိတာကို မႀကိဳက္ႏွစ္သက္ပါဘူး။

English Ivy

ဒီအပင္က ၉၀ ရာခိုင္ႏႈန္းေလာက္ ေလသန႔္စင္ေပးၿပီး ပန္းနာရင္က်ပ္ရွိသူေတြကို ညဘက္ေကာင္းေကာင္း အိပ္စက္ႏိုင္ေအာင္၊ အသက္ရႈလို႔ရေအာင္ ကူညီေပးႏိုင္ပါတယ္။ ဒီႏြယ္ပင္က အဆိပ္သင့္ေစႏိုင္တဲ့အတြက္ တိရစာၦန္ေတြနဲ႔ ကေလးငယ္ေလးေတြမစားမိေအာင္ ဂ႐ုစိုက္သင့္ပါတယ္။

ရွင္သီဝလိဂမုန္း

ရွင္သီဝလိဂမုန္းပင္က ေႏြရာသီမွာဆိုရင္ အျဖဴေရာင္ပန္းပြင့္ေလးေတြပြင့္တဲ့အတြက္ အိမ္မွာစိုက္ထားလို႔ ေကာင္းတဲ့အပင္ပါပဲ။ ရွင္သီဝလီဂမုန္းရဲ႕ေကာင္းက်ိဳးက ဒီတစ္ခုတည္းမဟုတ္ပါဘူး။

ဒီအပင္က ေလထုညစ္ညမ္းမႈကိုဖယ္ရွားတာ၊ အဆိပ္အေတာက္ျဖစ္ေစတဲ့ဓာတ္ေတြကို စုပ္ယူေပးတာေတြလုပ္ေဆာင္ၿပီး အိမ္တြင္းေလသန႔္စက္အျဖစ္ စြမ္းေဆာင္ႏိုင္ပါတယ္။ ဝတ္မႈန္ေတြကို ထုတ္လႊတ္ေပးၿပီး ပန္းရနံ႔ေလးသင္းေနမွာပါ။

(ဝတ္မႈန္နဲ႔ ဓာတ္မတည့္တဲ့သူေတြကေတာ့ သတိထားသင့္ပါတယ္)

ရာဘာပင္ (Rubber Plant)

ရာဘာအပင္ေတြကို ဂ႐ုစိုက္ေပးရတာ အရမ္းမခက္ခဲေပးမဲ့လည္း အပင္ႀကီးေတြျဖစ္လာတတ္ပါတယ္။ ရာဘာအ႐ြက္ႀကီးေတြက ေလထဲက မေကာင္းတဲ့အရာေတြကို စုပ္ယူေပးပါတယ္။ ဒါေၾကာင့္ ရာဘာအ႐ြက္ေတြက ဖုန္မႈန႔္ေတြကို ဖယ္ရွားေပးဖို႔ေတာ့ မေမ့သင့္ပါဘူးေနာ္။

တိုက္ကပ္ႏြယ္ပင္ (Golden Pothos)

တိုက္ကပ္ႏြယ္ပင္က ေလထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားတဲ့ေနရာမွာ ထိေရာက္မႈရွိပါတယ္။ အိမ္ထဲမွာ စိုက္ရတာလည္းလြယ္ကူသလို ေနေရာင္ျခည္နည္းနည္းပဲလိုၿပီး ေအးတဲ့အပူခ်ိန္မွာ ရွင္သန္ႏိုင္ပါတယ္။

ေလးစားစြာျဖင့္ ႐ိုးရာေလး