အလွန်ထူးခြားတဲ့ သူရဲကောင်း ဇနီးမောင်နှံရဲ့ ထူးခြားတဲ့ မင်္ဂလာဆောင်ဧည့်ခံပွဲ
နာရေးဆိုလျှင် အများကမင်္ဂလာ မရှိဘူး။ ရှောင်ရင်း၊ ရွံ့ရှာစရာအဖြစ် သတ်မှတ်ကြတယ်။ ကြောက်လန့်စရာဟုထင်မြင်ကြပြီးဝေးဝေးပြေးကြပြန်တယ်။အမှန်တော့ ဒါတွေကိုမေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး ကျော်လွှားနိုင်ရမှာ ဖြစ်ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ “သုခအာဟာရ စားသောက်ဆိုင်” ၌ နေ့လည် (၁းဝဝ) နာရီမှ (၃းဝဝ) နာရီအချိန်တွင် မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့၏ မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ လူကြီးများမှ ဦးဆောင်၍ ကျင်းပပြုလုပ်ပေးခဲ့သည်။ မောင်ဇင်ဖြိုးအောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မော်တော်ယာဉ်ဋ္ဌာန၌ လုပ်ကိုင် ပေးဆပ်လျှက်ရှိပြီး မထက်ထက်ထွေးသည်လည်း နာရေးကူညီမှုအသင်း (ရန်ကုန်)၏သန့်ရှင်းရေးတာဝန် ကို ထမ်းဆောင်ပေးဆပ်နေသူဖြစ်သည်
မင်္ဂလာအခမ်းအနားပြီးပြီးချင်းမွန်းလွဲ (၃း၃၀) နာရီအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၈) ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ ဒေါ်တင် အသက် (၈၁)နှစ်၏ ရုပ်အလောင်းအားမင်္ဂလာဇနီးမောင်နှံ မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့်အတူအထူးနိဗ္ဗာန် မော်တော်ယာဉ်ကြီးဖြင့် အမြင့်မြတ်ဆုံးမင်္ဂလာကို ကူညီဖေးမ ရယူခဲ့သည်။
မင်္ဂလာရှိသော နေ့ရက်အချိန် ကာလတွင် ထပ်မံ၍ ကုသိုလ်ဖြစ် မင်္ဂလာပွဲအား ဆင်နွှဲခဲ့ကြသည်။ မောင်ဇင်ဖြိုးအောင်နှင့် မထက်ထက်ထွေးတို့ နီးတူ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် မင်္ဂလာအခမ်းအနား ဧည့်ခံကျင်းပ ကျွေးမွေးပြီးသည့်နောက် နာရေးကူညီမှု လမ်းကြောင်းများကိုသတို့သား၊ သတို့သမီးဝတ်စုံဖြင့် မင်္ဂလာယူခဲ့သော ဇနီးမောင်နှံ များသည်လည်း များစွာရှိခဲ့ပြီး ဖြစ်သည်။
အချို့သော နာမည်ကြီးဟိုတယ်/ စားသောက်ဆိုင်များရှိ မင်္ဂလာအခမ်းအနား ကျင်းပရာတွင်လည်း မိမိတို့အားဂုဏ်ပြု ပေးအပ်မည့် လက်ဖွဲ့ပစ္စည်းများ အစားလူမှုရေး အသင်းအဖွဲ့များသို့သာ လှူဒါန်းမှုပြုလုပ်ရန် စီစဉ်ခဲ့သော မင်္ဂလာပွဲများလည်း ရှိခဲ့ဖူးသည်။ထို့ကြောင့် အယူသီးမှုများကို တိုက်ဖျက်ကြသော မြတ်ဗုဒ္ဓ၏ ဗြဟ္မစိုရ်တရား လေးပါးအားလက်ကိုင် ပြုကာ မြင့်မြတ်သော ကုသိုလ်ရေး ကိစ္စများကို လုပ်ဆောင်ကြသည့်မင်္ဂလာဇနီး မောင်နှံများအား လူမှုရေးသူရဲကောင်း ဇနီးမောင်နှံများအဖြစ် ဂုဏ်ပြုလိုက်ပါတော့သည်။ လေးစားလွန်းလို့ ပို့ဟောင်း ပြန်လည်မျှဝေခြင်းပါ။
Credit- ဒီမို ေဝယံ
Zawgyi
နာေရးဆိုလွ်င္ အမ်ားကမဂၤလာ မရွိဘူး။ ေရွာင္ရင္း၊ ႐ြံ႕ရွာစရာအျဖစ္ သတ္မွတ္ၾကတယ္။ ေၾကာက္လန႔္စရာဟုထင္ျမင္ၾကၿပီးေဝးေဝးေျပးၾကျပန္တယ္။အမွန္ေတာ့ ဒါေတြကိုေမတၱာ၊ က႐ုဏာ၊ မုဒိတာ၊ ဥေပကၡာဆိုတဲ့ ျဗဟၼစိုရ္တရားေလးပါး လက္ကိုင္ထားၿပီး ေက်ာ္လႊားႏိုင္ရမွာ ျဖစ္ပါသည္။
နာေရးကူညီမႈအသင္း(ရန္ကုန္)ရွိ “သုခအာဟာရ စားေသာက္ဆိုင္” ၌ ေန႔လည္ (၁းဝဝ) နာရီမွ (၃းဝဝ) နာရီအခ်ိန္တြင္ ေမာင္ဇင္ၿဖိဳးေအာင္ႏွင့္ မထက္ထက္ေထြးတို႔၏ မဂၤလာဧည့္ခံပြဲ အခမ္းအနားကို နာေရးကူညီမႈအသင္း (ရန္ကုန္)ရွိ လူႀကီးမ်ားမွ ဦးေဆာင္၍ က်င္းပျပဳလုပ္ေပးခဲ့သည္။ ေမာင္ဇင္ၿဖိဳးေအာင္သည္ နာေရးကူညီမႈအသင္း(ရန္ကုန္)၏ ေမာ္ေတာ္ယာဥ္႒ာန၌ လုပ္ကိုင္ ေပးဆပ္လွ်က္ရွိၿပီး မထက္ထက္ေထြးသည္လည္း နာေရးကူညီမႈအသင္း (ရန္ကုန္)၏သန႔္ရွင္းေရးတာဝန္ ကို ထမ္းေဆာင္ေပးဆပ္ေနသူျဖစ္သည္
မဂၤလာအခမ္းအနားၿပီးၿပီးခ်င္းမြန္းလြဲ (၃း၃၀) နာရီအခ်ိန္တြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္၊ (၈) ရပ္ကြက္၊ ဗိုလ္ေတဇလမ္းရွိ ေဒၚတင္ အသက္ (၈၁)ႏွစ္၏ ႐ုပ္အေလာင္းအားမဂၤလာဇနီးေမာင္ႏွံ ေမာင္ဇင္ၿဖိဳးေအာင္ႏွင့္ မထက္ထက္ေထြးတို႔သည္ နာေရးကူညီမႈအသင္း(ရန္ကုန္)ႏွင့္အတူအထူးနိဗၺာန္ ေမာ္ေတာ္ယာဥ္ႀကီးျဖင့္ အျမင့္ျမတ္ဆုံးမဂၤလာကို ကူညီေဖးမ ရယူခဲ့သည္။
မဂၤလာရွိေသာ ေန႔ရက္အခ်ိန္ ကာလတြင္ ထပ္မံ၍ ကုသိုလ္ျဖစ္ မဂၤလာပြဲအား ဆင္ႏႊဲခဲ့ၾကသည္။ ေမာင္ဇင္ၿဖိဳးေအာင္ႏွင့္ မထက္ထက္ေထြးတို႔ နီးတူ နာေရးကူညီမႈအသင္း(ရန္ကုန္)တြင္ မဂၤလာအခမ္းအနား ဧည့္ခံက်င္းပ ေကြၽးေမြးၿပီးသည့္ေနာက္ နာေရးကူညီမႈ လမ္းေၾကာင္းမ်ားကိုသတို႔သား၊ သတို႔သမီးဝတ္စုံျဖင့္ မဂၤလာယူခဲ့ေသာ ဇနီးေမာင္ႏွံ မ်ားသည္လည္း မ်ားစြာရွိခဲ့ၿပီး ျဖစ္သည္။
အခ်ိဳ႕ေသာ နာမည္ႀကီးဟိုတယ္/ စားေသာက္ဆိုင္မ်ားရွိ မဂၤလာအခမ္းအနား က်င္းပရာတြင္လည္း မိမိတို႔အားဂုဏ္ျပဳ ေပးအပ္မည့္ လက္ဖြဲ႕ပစၥည္းမ်ား အစားလူမႈေရး အသင္းအဖြဲ႕မ်ားသို႔သာ လႉဒါန္းမႈျပဳလုပ္ရန္ စီစဥ္ခဲ့ေသာ မဂၤလာပြဲမ်ားလည္း ရွိခဲ့ဖူးသည္။ထို႔ေၾကာင့္ အယူသီးမႈမ်ားကို တိုက္ဖ်က္ၾကေသာ ျမတ္ဗုဒၶ၏ ျဗဟၼစိုရ္တရား ေလးပါးအားလက္ကိုင္ ျပဳကာ ျမင့္ျမတ္ေသာ ကုသိုလ္ေရး ကိစၥမ်ားကို လုပ္ေဆာင္ၾကသည့္မဂၤလာဇနီး ေမာင္ႏွံမ်ားအား လူမႈေရးသူရဲေကာင္း ဇနီးေမာင္ႏွံမ်ားအျဖစ္ ဂုဏ္ျပဳလိုက္ပါေတာ့သည္။ ေလးစားလြန္းလို႔ ပို႔ေဟာင္း ျပန္လည္မွ်ေဝျခင္းပါ။
Credit- ဒီမို ေဝယံ