အောင်ဘာလေထီလုပ်ငန်းကို အပြီးတိုင်ဖျက်သိမ်းပြီးဖြစ်လို့ လက်ကားဝယ်ရောင်းနေတဲ့ ထီလုပ်ငန်းရှင်ကြီးတွေအနေနဲ့ စစ်ကောင်စီထံကနေ အောင်ဘာလေထီလက်မှတ်တွေ ဝယ်ယူ၊ ရောင်းချ၊ ဖြန့်ဖြူးခြင်း မပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဩဂုတ် ၂၁ ရက်မှာ အထူးသတိပေး တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။
လောင်းကစားဥပဒေကို ပထမအကြိမ်ပြင်ဆင်သည့် ဥပဒေကို ဩဂုတ် ၆ ရက်က ပြင်ဆင် ပြဋ္ဌာန်းကာ “အောင်လံလွှင့်ချီ နွေဦးထီ”ကို ရောင်းချနေပြီဖြစ်လို့ လက်ကားထီလုပ်ငန်းရှင်ကြီး တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်လောင်းကစား ဖြစ်တဲ့ အောင်ဘာလေထီ လက်မှတ်တွေ ဝယ်ယူရောင်းချဖြန့်ဖြူးခြင်း မလုပ်ဖို့ တားမြစ်လိုက်တာပါ။
တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ လည်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က ထုတ်ပြန်ထားပါတယ်။
NUG အစိုးရက အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ်လ ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့ပြီး ပထမနေ့မှာတင် သတ်မှတ်ထားတဲ့ ထီအစောင်ရေ ၅၀၀၀၀ နာရီပိုင်းအတွင်း ရောင်းကုန်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကလည်း နွေဦးထီထိုးသူတွေကို တရားစွဲ ဖမ်းဆီးထောင်ချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
——————————-
ေအာင္ဘာေလထီလုပ္ငန္းကို အၿပီးတိုင္ဖ်က္သိမ္းၿပီးျဖစ္လို႔ လက္ကားဝယ္ေရာင္းေနတဲ့ ထီလုပ္ငန္းရွင္ႀကီးေတြအေနနဲ႔ စစ္ေကာင္စီထံကေန ေအာင္ဘာေလထီလက္မွတ္ေတြ ဝယ္ယူ၊ ေရာင္းခ်၊ ျဖန႔္ျဖဴးျခင္း မျပဳၾကရန္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG)က ဩဂုတ္ ၂၁ ရက္မွာ အထူးသတိေပး တားျမစ္ခ်က္ထုတ္ျပန္လိုက္ပါတယ္။
ေလာင္းကစားဥပေဒကို ပထမအႀကိမ္ျပင္ဆင္သည့္ ဥပေဒကို ဩဂုတ္ ၆ ရက္က ျပင္ဆင္ ျပ႒ာန္းကာ “ေအာင္လံလႊင့္ခ်ီ ေႏြဦးထီ”ကို ေရာင္းခ်ေနၿပီျဖစ္လို႔ လက္ကားထီလုပ္ငန္းရွင္ႀကီး ေတြအေနနဲ႔ အၾကမ္းဖက္စစ္ေကာင္စီရဲ႕ တရားမဝင္ေလာင္းကစား ျဖစ္တဲ့ ေအာင္ဘာေလထီ လက္မွတ္ေတြ ဝယ္ယူေရာင္းခ်ျဖန႔္ျဖဴးျခင္း မလုပ္ဖို႔ တားျမစ္လိုက္တာပါ။
တားျမစ္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ပါက တည္ဆဲဥပေဒေတြနဲ႔အညီ အေရးယူမယ္လို႔ လည္း စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမဝန္ႀကီးဌာန ဝန္ႀကီး ဦးတင္ထြန္းႏိုင္က ထုတ္ျပန္ထားပါတယ္။
NUG အစိုးရက ေအာင္လံလႊင့္ခ်ီေႏြဦးထီကို ဩဂုတ္လ ၁၅ ရက္ေန႔မွာ စတင္ေရာင္းခ်ခဲ့ၿပီး ပထမေန႔မွာတင္ သတ္မွတ္ထားတဲ့ ထီအေစာင္ေရ ၅၀၀၀၀ နာရီပိုင္းအတြင္း ေရာင္းကုန္ခဲ့တာျဖစ္ပါတယ္။
အာဏာသိမ္းစစ္ေကာင္စီကလည္း ေႏြဦးထီထိုးသူေတြကို တရားစြဲ ဖမ္းဆီးေထာင္ခ်မယ္လို႔ ၿခိမ္းေျခာက္ထားပါတယ္။