ၾကားသိရသမွ်

မင်းတုန်းကမြို့က စိတ်မနှံ့သူတဦး၏ မီးရှို့မှု​ကြောင့် တိုင် ၁၀၀ ရှေးဘုန်းကြီးကျောင်း မီးရှို့ဖျက်ဆီးခံရ

မင်းတုန်းကမြို့က စိတ်မနှံ့သူတဦး၏ မီးရှို့မှု​ကြောင့် တိုင် ၁၀၀ ရှေးဘုန်းကြီးကျောင်း မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် ပန်းတောကျေးရွာ ရွာဟောင်းကကျွန်းတိုင်ပေါင်း ၁၀၀ ကျော်နဲ့ ရှေးကတည်းက တည်ဆောက်ထားခဲ့တဲ့ ရှေးဟောင်းကျောင်းဒီက​နေ့မနက် ၄နာရီခန့်က မီးရှို့ဖျက်ဆီးခံရတယ်လို့ သတင်းသိရှိရပါသည်။

မီးရှို့သူမှာ ပေါက်ကိုင်းရွာက စိတ်မနှံ့သူတဦးလို့ သိရပြီးပေါက်ကိုင်းက ယာတဲတလုံးငလှိုင်စမ်းရွာက တဲတလုံး ညဦးပိုင်းက မီးရှို့ပြီးမနက်ပိုင်း မှာ အဆိုပါ ရှေး​ဟောင်း​ကျောင်း​ဆောင်ကို မီးရှို့ခဲ့တာ လို့ဒေခံတဦးက ပြောပါတယ်။

မင်းတုန်းမြို့နယ် ရဲတပ်ဖွဲ့နဲ့ အနီးနားက ကျေးရွာနေ ပြည်သူတွေက စိတ်မနှံ့သူကိုတောနင်းရှာဖွေနေပေမဲ့ အခုညနေထိမတွေ့ရှိရသေးဘူးလို့ ဒေသံတွေက ပြောပါတယ်။အရင်ရက်တွေထဲက တောင်ယာတဲတွေ မီးရှို့တယ်ပြောတယ်။

အလေးမထားကြတော့ အခုရှေးဟောင်းအမွေအနှစ် နစ်နာပြီလေကိုယ့်ထိမှ သိကြရင်တော့ သိတဲ့အတိုင်းဘဲ လို့ အငြိမ်းစား ကျောင်းဆရာတဦးက ပြောပါတယ်။ပန်းတောကျေးရွာက သွားလာရေး လွယ်ကူပြီး စျေးရောင်း စျေးဝယ်ကောင်းတဲ့ ပုသိမ်မုံရွာလမ်းဘေးကို ပြောင်းရွှေ့ နေထိုင်ကြရင်း

ဘုန်းတော်ကြီးပါ ကားလမ်းဘေးမှာ ကျောင်းအသစ်နဲ့ သီတင်းသုံးနေတာလို့ သိရပြီး ရွာဟောင်းမှာ အိမ်သိပ်မကျန်တော့ဘူးလို့ ဆိုပါတယ်။ကျောင်းထိုင် ဆရာတော်ကတော့ သူ့ရဲ့ တကာ တကာမတွေနဲ့နီးတဲ့ ရွာသစ်မှာဘဲ ကျောင်းထိုင်နေတာဖြစ်ပြီးကျောင်းအိုကြီးမှာ ကျောင်းစောင့်တောင်မရှိဘူးလို့ ဒေသခံတွေကတဆင့် သိရှိရပါသည်။

Credit

မင္းတုန္းကၿမိဳ႕က စိတ္မႏွံ႔သူတဦး၏ မီးရႈိ႕မႈ​ေၾကာင့္ တိုင္ ၁၀၀ ေရွးဘုန္းႀကီးေက်ာင္း မီးရႈိ႕ဖ်က္ဆီးခံရ

မေကြးတိုင္းေဒသႀကီး သရက္ခ႐ိုင္ မင္းတုန္းၿမိဳ႕နယ္ ပန္းေတာေက်း႐ြာ ႐ြာေဟာင္းကကြၽန္းတိုင္ေပါင္း ၁၀၀ ေက်ာ္နဲ႔ ေရွးကတည္းက တည္ေဆာက္ထားခဲ့တဲ့ ေရွးေဟာင္းေက်ာင္းဒီက​ေန႔မနက္ ၄နာရီခန္႔က မီးရႈိ႕ဖ်က္ဆီးခံရတယ္လို႔ သတင္းသိရွိရပါသည္။

မီးရႈိ႕သူမွာ ေပါက္ကိုင္း႐ြာက စိတ္မႏွံ႔သူတဦးလို႔ သိရၿပီးေပါက္ကိုင္းက ယာတဲတလုံးငလႈိင္စမ္း႐ြာက တဲတလုံး ညဦးပိုင္းက မီးရႈိ႕ၿပီးမနက္ပိုင္း မွာ အဆိုပါ ေရွး​ေဟာင္း​ေက်ာင္း​ေဆာင္ကို မီးရႈိ႕ခဲ့တာ လို႔ေဒခံတဦးက ေျပာပါတယ္။

မင္းတုန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕နဲ႔ အနီးနားက ေက်း႐ြာေန ျပည္သူေတြက စိတ္မႏွံ႔သူကိုေတာနင္းရွာေဖြေနေပမဲ့ အခုညေနထိမေတြ႕ရွိရေသးဘူးလို႔ ေဒသံေတြက ေျပာပါတယ္။အရင္ရက္ေတြထဲက ေတာင္ယာတဲေတြ မီးရႈိ႕တယ္ေျပာတယ္။

အေလးမထားၾကေတာ့ အခုေရွးေဟာင္းအေမြအႏွစ္ နစ္နာၿပီေလကိုယ့္ထိမွ သိၾကရင္ေတာ့ သိတဲ့အတိုင္းဘဲ လို႔ အၿငိမ္းစား ေက်ာင္းဆရာတဦးက ေျပာပါတယ္။ပန္းေတာေက်း႐ြာက သြားလာေရး လြယ္ကူၿပီး ေစ်းေရာင္း ေစ်းဝယ္ေကာင္းတဲ့ ပုသိမ္မုံ႐ြာလမ္းေဘးကို ေျပာင္းေ႐ႊ႕ ေနထိုင္ၾကရင္း

ဘုန္းေတာ္ႀကီးပါ ကားလမ္းေဘးမွာ ေက်ာင္းအသစ္နဲ႔ သီတင္းသုံးေနတာလို႔ သိရၿပီး ႐ြာေဟာင္းမွာ အိမ္သိပ္မက်န္ေတာ့ဘူးလို႔ ဆိုပါတယ္။ေက်ာင္းထိုင္ ဆရာေတာ္ကေတာ့ သူ႔ရဲ႕ တကာ တကာမေတြနဲ႔နီးတဲ့ ႐ြာသစ္မွာဘဲ ေက်ာင္းထိုင္ေနတာျဖစ္ၿပီးေက်ာင္းအိုႀကီးမွာ ေက်ာင္းေစာင့္ေတာင္မရွိဘူးလို႔ ေဒသခံေတြကတဆင့္ သိရွိရပါသည္။

Credit