ၾကားသိရသမွ်

ပုဆိန္တစ္ေခ်ာင္းကိုသာအသုံးျပဳၿပီး မိခင္ျဖစ္သူရဲ႕ပုံတူေက်ာက္႐ုပ္ထုကို ထုဆစ္ဖန္တီးခဲ့တဲ့ အမ်ိဳးသားတစ္ဦး

Unicode

ပုဆိန်တစ်ချောင်းကိုသာအသုံးပြုပြီးမိခင်ဖြစ်သူရဲ့ပုံတူကျောက်ရုပ်ထုကို ထုဆစ်ဖန်တီးခဲ့တဲ့ အမျိုးသားတစ်ဦး..

ဖခင်နဲ့မိခင်တို့အတွက် လက်ဆောင်များပေးရန် စဉ်းစားတဲ့အခါ တီထွင်ဆန်းသစ်ပြီးထူးခြားတဲ့အရာတစ်ခုခု သို့မဟုတ် ဘာပေးလို့ပေးရမှန်းကိုမသိသလိုမစဉ်းစားမိတဲ့ သားသမီးတွေလည်း အများကြီးရှိနေမယ်ထင်ပါတယ်။ ဒါပေမဲ့ ဒီအမျိုးသားတစ်ဦးကတော့ အလွန်ထူးခြားတဲ့လက်ဆောင်ကိုပေးတဲ့အဆင့်မှာရှိနေပါတယ်။

မိခင်ဖြစ်သူအတွက်သူ့ရဲ့လက်နှစ်ဖက်တည်းနဲ့ထုလုပ်ထားတဲ့အံ့ဩစရာကောင်းတဲ့လက်ရာကတော့ပြောစရာမလိုအောင်ပါဘဲ။ဒီအမျိုးသားဟာသူမျှော်မှန်းထားတဲ့အရာအတွက် ကျောက်တုံးကြီးတစ်တုံး နှင့် ပုဆိန်တစ်ချောင်းဖြင့်သာ စတင်ခဲ့ပါတယ်။ သူတွေးနေခဲ့တဲ့အရာက

ကျွန်တော်တို့တွေးထားတဲ့အရာနဲ့မတူနေတာတော့ အသေအချာပါဘဲ။ ဒီအမျိုးသားက ထိုကျောက်တုံးကို တဖြည်းဖြည်းချင်း ပုဆိန်နဲ့ခုတ်ကာ ကွဲထွက်သွားစေခဲ့ပြီး မာကျောတဲ့ကျောက်တုံးကိုခုတ်ထစ်ခြင်းက လွယ်ကူတဲ့အလုပ်မဟုတ်တာသေချာပါတယ်။

ပုံသဏ္ဍာန်လေးစပေါ်လာတာကို ပထမဆုံးမြင်လိုက်ရစဉ်က သူ ဘာတွေကြိုးစားနေလဲဆိုတာကိုစဉ်းစားလို့ မသိရသေးပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်

အမျိုးသားဟာ အောင်မြင်ဖို့ကြိုးစားနေပြီး အရမ်းမိုက်မဲ့ပုံစံကို စတင်ဖန်တီးခဲ့ပါတယ်။ နေ့လယ်ခင်းတစ်ခုမှာပင် သူ ဒါတွေအားလုံးပြီးမြောက်ခဲ့တာက အလွန်အထင်ကြီးစရာကောင်းပါတယ်။

နောက်ပိုင်းမှာ သူဟာ ဖြတ်ပြီးသွားတဲ့အပိုင်းတွေရဲ့အရွယ်အစားကို ပိုထိန်းချုပ်နိုင်စေဖို့ စတင်ပြီး ဆောက်ဖြင့်အသုံးပြုကာ ဆက်လက်ထွင်းထုခဲ့ပါတယ်။

နောက်ဆုံးတော့ ၎င်းက သူပေးချင်တဲ့ မိခင်ရဲ့ပန်းပုရုပ်ပုံအဖြစ်ပေါ်လာခဲ့သလို ဒီအမျိုးသားက သူဘာလုပ်နေတယ်ဆိုတာ သေချာသိပုံရပါတယ်။ ဒီတိုးတက်မှုအားလုံးက တစ်နေ့တည်းသာဖြစ်တာကြောင့် ပိုပြီးတော့ကိုအံ့ဩစရာကောင်းခဲ့ရပါတယ်။

ထို့နောက် သူဟာ သေသပ်တဲ့ပန်းပုရုပ်နှင့် သူလိုချင်တဲ့သက်ရောက်မှုအချို့ကိုရရှိရန် အခြားကိရိယာတန်ဆပလာများကိုလည်း အနည်းငယ်အသုံးပြုခဲ့ပါတယ်။ နောက်ဆုံး ဒီအရာနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်များက ပိုပြီးထင်ရှားလာတာကိုလည်း မြင်တွေ့နိုင်ပါတယ်။

ကြီးမားတဲ့ ကျောက်တုံးကြီးကနေ ဒီလိုပုံသဏ္ဍာန်ပြောင်းသွားတာကတော့ တကယ့်ကိုမယုံနိုင်စရာပါပဲ။ ဒီလိုသားလေးကိုမှ အမေကမချစ်ရင်

ဘာအရာကများ သူမကိုပျော်ရွှင်စေမှာလဲဗျာ။ ထို့ပြင် အချောထည်ကလည်း လုံးဝကိုအံ့ဩစရာကောင်းနေပါတယ်။ ဒီအမျိုးသားဟာ မယုံနိုင်လောက်တဲ့အရာတစ်ခုကို လုပ်ပေးခဲ့ပြီး ဒီအမေကလည်း သူမသားလုပ်ပေးခဲ့တဲ့အရာနဲ့ စေတနာကို အမြဲတန်ဖိုးထားနေမယ်လို့ဘဲမျှော်လင့်မိပါတယ်။

Crd

Zawgyi

ပုဆိန္တစ္ေခ်ာင္းကိုသာအသုံးျပဳၿပီး မိခင္ျဖစ္သူရဲ႕ပုံတူေက်ာက္႐ုပ္ထုကို ထုဆစ္ဖန္တီးခဲ့တဲ့ အမ်ိဳးသားတစ္ဦး..

ဖခင္နဲ႔မိခင္တို႔အတြက္ လက္ေဆာင္မ်ားေပးရန္ စဥ္းစားတဲ့အခါ တီထြင္ဆန္းသစ္ၿပီးထူးျခားတဲ့အရာတစ္ခုခု သို႔မဟုတ္ ဘာေပးလို႔ေပးရမွန္းကိုမသိသလိုမစဥ္းစားမိတဲ့ သားသမီးေတြလည္း အမ်ားႀကီးရွိေနမယ္ထင္ပါတယ္။ ဒါေပမဲ့ ဒီအမ်ိဳးသားတစ္ဦးကေတာ့ အလြန္ထူးျခားတဲ့လက္ေဆာင္ကိုေပးတဲ့အဆင့္မွာရွိေနပါတယ္။

မိခင္ျဖစ္သူအတြက္သူ႔ရဲ႕လက္ႏွစ္ဖက္တည္းနဲ႔ထုလုပ္ထားတဲ့အံ့ဩစရာေကာင္းတဲ့လက္ရာကေတာ့ေျပာစရာမလိုေအာင္ပါဘဲ။ဒီအမ်ိဳးသားဟာသူေမွ်ာ္မွန္းထားတဲ့အရာအတြက္ ေက်ာက္တုံးႀကီးတစ္တုံး ႏွင့္ ပုဆိန္တစ္ေခ်ာင္းျဖင့္သာ စတင္ခဲ့ပါတယ္။ သူေတြးေနခဲ့တဲ့အရာက

ကြၽန္ေတာ္တို႔ေတြးထားတဲ့အရာနဲ႔မတူေနတာေတာ့ အေသအခ်ာပါဘဲ။ ဒီအမ်ိဳးသားက ထိုေက်ာက္တုံးကို တျဖည္းျဖည္းခ်င္း ပုဆိန္နဲ႔ခုတ္ကာ ကြဲထြက္သြားေစခဲ့ၿပီး မာေက်ာတဲ့ေက်ာက္တုံးကိုခုတ္ထစ္ျခင္းက လြယ္ကူတဲ့အလုပ္မဟုတ္တာေသခ်ာပါတယ္။

ပုံသ႑ာန္ေလးစေပၚလာတာကို ပထမဆုံးျမင္လိုက္ရစဥ္က သူ ဘာေတြႀကိဳးစားေနလဲဆိုတာကိုစဥ္းစားလို႔ မသိရေသးေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္

အမ်ိဳးသားဟာ ေအာင္ျမင္ဖို႔ႀကိဳးစားေနၿပီး ။အရမ္းမိုက္မဲ့ပုံစံကို စတင္ဖန္တီးခဲ့ပါတယ္။ ေန႔လယ္ခင္းတစ္ခုမွာပင္ သူ ဒါေတြအားလုံးၿပီးေျမာက္ခဲ့တာက အလြန္အထင္ႀကီးစရာေကာင္းပါတယ္။

ေနာက္ပိုင္းမွာ သူဟာ ျဖတ္ၿပီးသြားတဲ့အပိုင္းေတြရဲ႕အ႐ြယ္အစားကို ပိုထိန္းခ်ဳပ္ႏိုင္ေစဖို႔ စတင္ၿပီး ေဆာက္ျဖင့္အသုံးျပဳကာ ဆက္လက္ထြင္းထုခဲ့ပါတယ္။

ေနာက္ဆုံးေတာ့ ၎က သူေပးခ်င္တဲ့ မိခင္ရဲ႕ပန္းပု႐ုပ္ပုံအျဖစ္ေပၚလာခဲ့သလို ဒီအမ်ိဳးသားက သူဘာလုပ္ေနတယ္ဆိုတာ ေသခ်ာသိပုံရပါတယ္။ ဒီတိုးတက္မႈအားလုံးက တစ္ေန႔တည္းသာျဖစ္တာေၾကာင့္ ပိုၿပီးေတာ့ကိုအံ့ဩစရာေကာင္းခဲ့ရပါတယ္။

ထို႔ေနာက္ သူဟာ ေသသပ္တဲ့ပန္းပု႐ုပ္ႏွင့္ သူလိုခ်င္တဲ့သက္ေရာက္မႈအခ်ိဳ႕ကိုရရွိရန္ အျခားကိရိယာတန္ဆပလာမ်ားကိုလည္း အနည္းငယ္အသုံးျပဳခဲ့ပါတယ္။ ေနာက္ဆုံး ဒီအရာႏွင့္ပတ္သက္တဲ့ အေသးစိတ္အခ်က္မ်ားက ပိုၿပီးထင္ရွားလာတာကိုလည္း ျမင္ေတြ႕ႏိုင္ပါတယ္။

ႀကီးမားတဲ့ ေက်ာက္တုံးႀကီးကေန ဒီလိုပုံသ႑ာန္ေျပာင္းသြားတာကေတာ့ တကယ့္ကိုမယုံႏိုင္စရာပါပဲ။ ဒီလိုသားေလးကိုမွ အေမကမခ်စ္ရင္

ဘာအရာကမ်ား သူမကိုေပ်ာ္႐ႊင္ေစမွာလဲဗ်ာ။ ထို႔ျပင္ အေခ်ာထည္ကလည္း လုံးဝကိုအံ့ဩစရာေကာင္းေနပါတယ္။ ဒီအမ်ိဳးသားဟာ မယုံႏိုင္ေလာက္တဲ့အရာတစ္ခုကို လုပ္ေပးခဲ့ၿပီး ဒီအေမကလည္း သူမသားလုပ္ေပးခဲ့တဲ့အရာနဲ႔ ေစတနာကို အၿမဲတန္ဖိုးထားေနမယ္လို႔ဘဲေမွ်ာ္လင့္မိပါတယ္။

Crd