ၾကားသိရသမွ်

ဘီယာ ၁၀ ဗူးကျော်သောက်ပြီး ၁၈ နာရီကြာ ဆီးအောင့်၍ ဆီးအိမ်ပေါက်သွားတဲ့ အမျိုးသား

ဘီယာ ၁၀ ဗူးကျော်သောက်ပြီး ၁၈ နာရီကြာ ဆီးအောင့်၍ ဆီးအိမ်ပေါက်သွားတဲ့ အမျိုးသား

အသက် ၄၀ အရွယ်တရုတ်အမျိုးသားတစ်ဦးတွင် ဘော်ဒါတွေနှင့်အတူသောက်စားပြီး ဘီယာ ၁၀ ဗူးကျော်သောက်ပြီးနောက် အပေါ့အပါးမသွားဘဲ တန်းအိပ်ပျော်သွားကာ ဆီးအောင့်ခဲ့တဲ့ကြာချိန်စုစုပေါင်း ၁၈ နာရီခန့်ကြာသွား၍ ဆီးအိမ်ပေါက်ပြဲသွားတဲ့ အဖြစ်ဆိုး။ ဘီယာသောက်ပြီး နောက်တစ်နေ့ ညနေစောင်း နိုးထလာသောအချိန်တွင် မခံမရပ်နိုင်လောက်အောင် ဗိုက်အရမ်းနာလွန်းပြီး ဆေးရုံအမြန်ပို့လိုက်ရတယ်။

ဆေးရုံသို့ရောက်သော် ဗိုက်တွေအလွန်နာ၍ ခန္ဓာကိုယ်တည့်တည့်မမတ်နိုင်တော့ဘဲ လူးလဲနေရတယ်။ ဆီးသွားရန် အကြိမ်ပေါင်းများစွာကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ထို့နောက် ဆရာဝန်များသည် လူနာကို CT scan စစ်ဆေးကြည့်လိုက်တဲ့အခါ ဆီးအိမ်မှာ အပေါက် ၃ ပေါက် ပေါက်ပြဲနေတာကို တွေ့ရှိသွားတယ်။

တစ်ပေါက်က ဝမ်းဗိုက်အထိပွင့်ပြီး အူတချို့ကတော့ဆီးအိမ်ထဲဝင်နေပါတယ်။ ထို့ကြောင့် ခွဲစိတ်ကုသမှု အမြန်ပြုလုပ်လိုက်တယ်။ အကယ်၍ ခွဲစိတ်ကုသမှုအချိန်မီမပြုလုပ်ရင် အသက်အနရ္တာယ်အထိပါထိခိုက်နိုင်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ထိုလူသည် အခြေအနေသက်သာကောင်းမွန်သွားပြီး ဆေးရုံမှဆင်းလိုက်ပြီဖြစ်ကြောင်း သတင်းမှာဖော်ပြထားပါတယ်။ဒါကြောင့် ဘီယာသောက်တတ်တဲ့ ကိုကိုတွေ မမတွေလည်း ဘီယာသောက်ပြီးရင် အပေါ့အပါးသွားဖို့ မမေ့ကြနဲ့နော်

ccredit – popolay

ဘီယာ ၁၀ ဗူးေက်ာ္ေသာက္ၿပီး ၁၈ နာရီၾကာ ဆီးေအာင့္၍ ဆီးအိမ္ေပါက္သြားတဲ့ အမ်ိဳးသား

အသက္ ၄၀ အရြယ္တ႐ုတ္အမ်ိဳးသားတစ္ဦးတြင္ ေဘာ္ဒါေတြႏွင့္အတူေသာက္စားၿပီး ဘီယာ ၁၀ ဗူးေက်ာ္ေသာက္ၿပီးေနာက္ အေပါ့အပါးမသြားဘဲ တန္းအိပ္ေပ်ာ္သြားကာ ဆီးေအာင့္ခဲ့တဲ့ၾကာခ်ိန္စုစုေပါင္း ၁၈ နာရီခန႔္ၾကာသြား၍ ဆီးအိမ္ေပါက္ျပဲသြားတဲ့ အျဖစ္ဆိုး။ ဘီယာေသာက္ၿပီး ေနာက္တစ္ေန႔ ညေနေစာင္း နိုးထလာေသာအခ်ိန္တြင္ မခံမရပ္နိုင္ေလာက္ေအာင္ ဗိုက္အရမ္းနာလြန္းၿပီး ေဆး႐ုံအျမန္ပို႔လိုက္ရတယ္။

ေဆး႐ုံသို႔ေရာက္ေသာ္ ဗိုက္ေတြအလြန္နာ၍ ခႏၶာကိုယ္တည့္တည့္မမတ္နိုင္ေတာ့ဘဲ လူးလဲေနရတယ္။ ဆီးသြားရန္ အႀကိမ္ေပါင္းမ်ားစြာႀကိဳးစားခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ပါ။ ထို႔ေနာက္ ဆရာဝန္မ်ားသည္ လူနာကို CT scan စစ္ေဆးၾကည့္လိုက္တဲ့အခါ ဆီးအိမ္မွာ အေပါက္ ၃ ေပါက္ ေပါက္ျပဲေနတာကို ေတြ႕ရွိသြားတယ္။

တစ္ေပါက္က ဝမ္းဗိုက္အထိပြင့္ၿပီး အူတခ်ိဳ႕ကေတာ့ဆီးအိမ္ထဲဝင္ေနပါတယ္။ ထို႔ေၾကာင့္ ခြဲစိတ္ကုသမႈ အျမန္ျပဳလုပ္လိုက္တယ္။ အကယ္၍ ခြဲစိတ္ကုသမႈအခ်ိန္မီမျပဳလုပ္ရင္ အသက္အနရၱာယ္အထိပါထိခိုက္နိုင္တယ္လို႔ ဆရာဝန္ေတြက ေျပာပါတယ္။

ထိုလူသည္ အေျခအေနသက္သာေကာင္းမြန္သြားၿပီး ေဆး႐ုံမွဆင္းလိုက္ၿပီျဖစ္ေၾကာင္း သတင္းမွာေဖာ္ျပထားပါတယ္။ဒါေၾကာင့္ ဘီယာေသာက္တတ္တဲ့ ကိုကိုေတြ မမေတြလည္း ဘီယာေသာက္ၿပီးရင္ အေပါ့အပါးသြားဖို႔ မေမ့ၾကနဲ႔ေနာ္

ccredit – popolay