ၾကားသိရသမွ်

စိတ်မနှံ့ရှာတဲ့သားသမီးတွေကို လမ်းပေါ်မှာအလှူခံပြီး ရှာကြံကျွေးမွေးနေရတဲ့ အမေအိုကြီးတစ်ယောက်

အသက်(၉၀)ကျော်အရွယ် ရှိပြီဖြစ်ပေမယ့်လည်း စိတ်မနှံ့ရှာတဲ့သားသမီးတွေကို လမ်းပေါ်မှာအလှူခံပြီး ရှာကြံကျွေးမွေးနေရတဲ့ အမေအိုကြီးတစ်ယောက်အကြောင်း

ဒီကာလအတွင်းမှာတော့ သာမန်လက်လုပ်လက်စား ပြည်သူတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် အရင်ကထက်ပိုပြီး ကြိုးစားရှင်သန်နေရတာပဲ ဖြစ်ပါတယ် ။ အလှူရှင်တွေကလည်း သူတို့ကို ဖေးမကူညီပြီး တတ်အားသရွေ့ ပါဝင်လှူဒါန်းပေးနေကြတာ ဖြစ်ပါတယ် ။

အခုလည်း စေတနာရှင်တစ်ဦးက အလှူသွားလုပ်ရင်းနဲ့ သူတွေ့ခဲ့ရတဲ့ အမေကြီးတစ်ယောက်ရဲ့အကြောင်းကို အားလုံးသိအောင် ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။

အမေကြီးရဲ့နာမည်က ဒေါ်ခင်စိန်ဖြစ်ပြီး အသက် (၉၀) ကျော်အရွယ်ရှိနေပြီ ဖြစ်ပါတယ်။ အမေကြီးမှာတော့ သားသမီး (၃) ယောက်ရှိပေမယ့်လည်း သားတစ်ယောက်၊ သမီးတစ်ယောက်က စိတ်မနှံ့ရှာတာပဲ ဖြစ်ပါတယ် ။

အမေကြီးရဲ့သားကစိတ်မနှံ့တဲ့ဝေဒနာရှင်တစ်ဦးဖြစ်တဲ့အပြင် လက်မှာလည်း အသားဘုလုံးကြီးတစ်ခုရှိနေပြီး ခွဲစိတ်ဖို့ မပြေလည်တာကြောင့် ဒီတိုင်းပဲနေနေရတာ ဖြစ်ပါတယ် ။ အမေကြီးတို့နေထိုင်တဲ့အိမ်ကလည်း ရေမြောင်းပတ်ချာလည်ရှိပြီး ခြင်တွေပေါကာ လူတစ်ယောက်အိပ်စာ နေရာတစ်ခုသာရှိတာပဲ ဖြစ်ပါတယ် ။

အမေကြီးတို့မိသားစုကို သွားရောက်လှူဒါန်းခဲ့တဲ့ စေတနာရှင်တွေကလည်း ခက်ခဲလှတဲ့သူတို့ရဲ့ဘဝကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတာကြောင့် ထပ်မံကူညီပေးဖို့ စီစဥ်နေတာ ဖြစ်ပါတယ် ။

ဒါကြောင့် အမေကြီးတို့မိသားစုကို ကူညီဖို့အတွက် စေတနာရှိသလောက် လှူဒါန်းပေးနိုင်ကြောင်း သူတို့က တောင်းဆိုထားတာ ဖြစ်ပါတယ် ။ အမေကြီးက နေ့လည် (၂)နာရီနောက်ပိုင်းဆိုရင် စစ်ကိုင်းတံတားအဆင်း မီးပွိုင့်နားမှာရှိနေတတ်တာကြောင့် ကိုယ်တိုင်လှူချင်တဲ့သူတွေလည်း သွားရောက်တွေ့ဆုံနိုင်တာပဲ ဖြစ်ပါတယ် ။ ပြည်သူတွေလည်း အမေကြီးတို့မိသားစုကို ကူညီလို့ရအောင် ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ် ။

Zawgyi

အသက္(၉၀)ေက်ာ္အ႐ြယ္ ရွိၿပီျဖစ္ေပမယ့္လည္း စိတ္မႏွံ႕ရွာတဲ့သားသမီးေတြကို လမ္းေပၚမွာအလႉခံၿပီး ရွာႀကံေကြၽးေမြးေနရတဲ့ အေမအိုႀကီးတစ္ေယာက္အေၾကာင္း

ဒီကာလအတြင္းမွာေတာ့ သာမန္လက္လုပ္လက္စား ျပည္သူေတြအေနနဲ႕ စားဝတ္ေနေရး အခက္အခဲေတြေၾကာင့္ အရင္ကထက္ပိုၿပီး ႀကိဳးစားရွင္သန္ေနရတာပဲ ျဖစ္ပါတယ္ ။ အလႉရွင္ေတြကလည္း သူတို႔ကို ေဖးမကူညီၿပီး တတ္အားသေ႐ြ႕ ပါဝင္လႉဒါန္းေပးေနၾကတာ ျဖစ္ပါတယ္ ။

အခုလည္း ေစတနာရွင္တစ္ဦးက အလႉသြားလုပ္ရင္းနဲ႕ သူေတြ႕ခဲ့ရတဲ့ အေမႀကီးတစ္ေယာက္ရဲ႕အေၾကာင္းကို အားလုံးသိေအာင္ ေျပာျပေပးထားတာပဲ ျဖစ္ပါတယ္ ။

အေမႀကီးရဲ႕နာမည္က ေဒၚခင္စိန္ျဖစ္ၿပီး အသက္ (၉၀) ေက်ာ္အ႐ြယ္ရွိေနၿပီ ျဖစ္ပါတယ္။ အေမႀကီးမွာေတာ့ သားသမီး (၃) ေယာက္ရွိေပမယ့္လည္း သားတစ္ေယာက္၊ သမီးတစ္ေယာက္က စိတ္မႏွံ႕ရွာတာပဲ ျဖစ္ပါတယ္ ။

အေမႀကီးရဲ႕သားကစိတ္မႏွံ႕တဲ့ေဝဒနာရွင္တစ္ဦးျဖစ္တဲ့အျပင္ လက္မွာလည္း အသားဘုလုံးႀကီးတစ္ခုရွိေနၿပီး ခြဲစိတ္ဖို႔ မေျပလည္တာေၾကာင့္ ဒီတိုင္းပဲေနေနရတာ ျဖစ္ပါတယ္ ။ အေမႀကီးတို႔ေနထိုင္တဲ့အိမ္ကလည္း ေရေျမာင္းပတ္ခ်ာလည္ရွိၿပီး ျခင္ေတြေပါကာ လူတစ္ေယာက္အိပ္စာ ေနရာတစ္ခုသာရွိတာပဲ ျဖစ္ပါတယ္ ။

အေမႀကီးတို႔မိသားစုကို သြားေရာက္လႉဒါန္းခဲ့တဲ့ ေစတနာရွင္ေတြကလည္း ခက္ခဲလွတဲ့သူတို႔ရဲ႕ဘဝကိုၾကည့္ၿပီး စိတ္မေကာင္းျဖစ္မိတာေၾကာင့္ ထပ္မံကူညီေပးဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ အေမႀကီးတို႔မိသားစုကို ကူညီဖို႔အတြက္ ေစတနာရွိသေလာက္ လႉဒါန္းေပးနိုင္ေၾကာင္း သူတို႔က ေတာင္းဆိုထားတာ ျဖစ္ပါတယ္ ။

အေမႀကီးက ေန႕လည္ (၂)နာရီေနာက္ပိုင္းဆိုရင္ စစ္ကိုင္းတံတားအဆင္း မီးပြိုင့္နားမွာရွိေနတတ္တာေၾကာင့္ ကိုယ္တိုင္လႉခ်င္တဲ့သူေတြလည္း သြားေရာက္ေတြ႕ဆုံနိုင္တာပဲ ျဖစ္ပါတယ္ ။ ျပည္သူေတြလည္း အေမႀကီးတို႔မိသားစုကို ကူညီလို႔ရေအာင္ ေဖာ္ျပေပးလိုက္ရတာပဲ ျဖစ္ပါတယ္ ။

Crd