ၾကားသိရသမွ်

တီဗွီဇာတ်လမ်းထဲကလို ညီမဖြစ်သူအား သရုပ်ဆောင်ပြရာမှ ကျောင်းသားတစ်ဦး အခန့်မသင့်ဖြစ်ပြီး

တီဗြီဇာတ္လမ္းထဲကလို ညီမျဖစ္သူအား သ႐ုပ္ေဆာင္ျပရာမွ ေက်ာင္းသားတစ္ဦး အခန႔္မသင့္၍ ကြယ္လြန္

ေက်ာက္တန္းၿမိဳ႕နယ္ ေခ်ာင္းဝေက်း႐ြာတြင္ စတုတၳတန္းေက်ာင္းသားေလးတစ္ဦး တီဗီဇာတ္လမ္းတြင္ ပါဝင္ေသာ ႀကိဳးဆြဲခ်ေသဆုံးခန္းအား ညီမျဖစ္သူအား ျပန္လည္သ႐ုပ္ေဆာင္ျပစဥ္ ႀကိဳးဆြဲခ် ေသဆုံးမႈ ျဖစ္ပြားခဲ့သည္။

ယမန္ေန႔ ညေန ၄ နာရီ ၂၀ အခ်ိန္ခန႔္တြင္ေက်ာက္တန္းၿမိဳ႕နယ္ ေခ်ာင္းဝေက်း႐ြာတြင္ ကေလးတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးေနေၾကာင္း သတင္းအရ

ေက်ာက္တန္းၿမိဳ႕မ ရဲစခန္းမွ တာဝန္ရွိသူမ်ားႏွင့္ ေခ်ာင္းဝေက်း႐ြာမွ သက္ဆိုင္ရာ တာဝန္ရွိလူႀကီးမ်ား သြားေရာက္စစ္ေဆးခဲ့ရာ ေဒၚလွလွေဌး၏ ေနအိမ္ အိမ္ေရွ႕ခန္းတြင္ ေမာင္ဝင္းေဌး (၁၀ ႏွစ္) စတုတၳတန္းေက်ာင္းသားေလးသည္

ေနအိမ္အျမင့္ ၆ ေပခန႔္ရွိေသာ ထုတ္တန္းမွ ၾကမ္းျပင္ႏွင့္ဖေနာင့္လြတ္ၿပီး ေျခဖ်ားျဖင့္ ထိမိ႐ုံအေနအထားႏွင့္ ျပင္ပဒဏ္ရာ တစ္စုံတစ္ခု ရရွိျခင္းမရွိပဲ ေသဆုံးေနေၾကာင္း ေတြ႕ရွိရသည္

။ျဖစ္စဥ္မွာ ေသဆုံးသူႏွင့္ ညီမျဖစ္သူ အသက္ ၅ ႏွစ္အ႐ြယ္ သူငယ္တန္းကေလးတို႔ မိဘမ်ားအလုပ္ကိစၥႏွင့္အျပင္သြားခိုက္ ေနအိမ္တြင္ ႏွစ္ဦးတည္းရွိေနခ်ိန္

တီဗီ႐ုပ္သံဇာတ္လမ္းတြဲတြင္ ပါရွိေသာ ႀကိဳးဆြဲခ်ဇာတ္ဝင္ခန္းအား အစ္ကိုျဖစ္သူက ညီမျဖစ္သူအား ျပန္လည္ သ႐ုပ္ေဆာင္ျပရာမွမေတာ္တဆ ႀကိဳးဆြဲခ်မိၿပီး ေသဆုံးသလိုျဖစ္ခဲ့ေၾကာင္း မိခင္ျဖစ္သူက ျပန္လည္ ေျပာၾကားခဲ့သည္။

ေသဆုံးသူ ေမာင္ဝင္းဌး၏ အေလာင္းအား ရဲစာနဲ႔အတူ ေက်ာက္တန္းေဆး႐ုံသို႔ ပို႔ေဆာင္ကာ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္၊ မဟုတ္ကို စစ္ေဆးၿပီး ေဆာင္႐ြက္လွ်က္ရွိေၾကာင္း သိရွိရသည္။

Unicode

တီဗွီဇာတ်လမ်းထဲကလို ညီမဖြစ်သူအား သရုပ်ဆောင်ပြရာမှ ကျောင်းသားတစ်ဦး အခန့်မသင့်၍ ကွယ်လွန်

ကျောက်တန်းမြို့နယ် ချောင်းဝကျေးရွာတွင် စတုတ္ထတန်းကျောင်းသားလေးတစ်ဦး တီဗီဇာတ်လမ်းတွင် ပါဝင်သော ကြိုးဆွဲချသေဆုံးခန်းအား ညီမဖြစ်သူအား ပြန်လည်သရုပ်ဆောင်ပြစဉ် ကြိုးဆွဲချ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ယမန်နေ့ ညနေ ၄ နာရီ ၂၀ အချိန်ခန့်တွင်ကျောက်တန်းမြို့နယ် ချောင်းဝကျေးရွာတွင် ကလေးတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ

ကျောက်တန်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူများနှင့် ချောင်းဝကျေးရွာမှ သက်ဆိုင်ရာ တာဝန်ရှိလူကြီးများ သွားရောက်စစ်ဆေးခဲ့ရာ ဒေါ်လှလှဌေး၏ နေအိမ် အိမ်ရှေ့ခန်းတွင် မောင်ဝင်းဌေး (၁၀ နှစ်) စတုတ္ထတန်းကျောင်းသားလေးသည်

နေအိမ်အမြင့် ၆ ပေခန့်ရှိသော ထုတ်တန်းမှ ကြမ်းပြင်နှင့်ဖနောင့်လွတ်ပြီး ခြေဖျားဖြင့် ထိမိရုံအနေအထားနှင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ခု ရရှိခြင်းမရှိပဲ သေဆုံးနေကြောင်း တွေ့ရှိရသည်

။ဖြစ်စဉ်မှာ သေဆုံးသူနှင့် ညီမဖြစ်သူ အသက် ၅ နှစ်အရွယ် သူငယ်တန်းကလေးတို့ မိဘများအလုပ်ကိစ္စနှင့်အပြင်သွားခိုက် နေအိမ်တွင် နှစ်ဦးတည်းရှိနေချိန်

တီဗီရုပ်သံဇာတ်လမ်းတွဲတွင် ပါရှိသော ကြိုးဆွဲချဇာတ်ဝင်ခန်းအား အစ်ကိုဖြစ်သူက ညီမဖြစ်သူအား ပြန်လည် သရုပ်ဆောင်ပြရာမှမတော်တဆ ကြိုးဆွဲချမိပြီး သေဆုံးသလိုဖြစ်ခဲ့ကြောင်း မိခင်ဖြစ်သူက ပြန်လည် ပြောကြားခဲ့သည်။

သေဆုံးသူ မောင်ဝင်းဌး၏ အလောင်းအား ရဲစာနဲ့အတူ ကျောက်တန်းဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်ကို စစ်ဆေးပြီး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။