ၾကားသိရသမွ်

ရုတ်တရက် ကျန်းမာရေးဆိုးဝါးလာလို့ ဆေးရုံတတ်နေရတဲ့ မြညို ခေါ် မြတ်သူသူ

MRTV-4 မင်းသမီးမြတ်သူသူဇင်ကတော့ ဇာတ်လမ်းတွဲတွေကနေတစ်ဆင့်အနုပညာလမ်းကြောင်းပေါ်ကိုစတင်ဝင်ရောက်လာသူဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးခြင်းကိုရရှိထားသူလည်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ မြတ်သူသူဇင်က သီချင်းစီးရီးခွေကိုလည်း ထုတ်လုပ်ထားပြီး အနုပညာနယ်ပယ်ကိုခြေ ဆန့်လာနိုင်ခဲ့သူဖြစ်ပါတယ်။ သူကတော့ မိသားစုကိစ္စလေးတွေကြောင့်အထီးကျန်နေရတယ်ဆိုပြီးတော့လည်း အင်တာဗျူးတွေမှာ ဖြေထားခဲ့ပါသေးတယ်။

မြတ်သူသူဇင်ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုကြီးမှာလုံးဝမပါဝင်ခဲ့လို့ ပရိသတ်တွေရဲ့ပြင်းထန်စွာဝေဖန်ခြင်းကိုခံနေရတာလည်းဖြစ်ပါတယ်။သူမကတော့ ချစ်သူရှိနေပေမဲ့ချစ်သူကိုထုတ်မပြဘဲ အနေအထိုင်သိုသိပ်လှသူဖြစ်ပါတယ်။

မကြာခင်ကာလမှာတုန်းကတော့ မြတ်သူသူက ချစ်သူရဲ့မွေးနေ့လက်ဆောင်အဖြစ် စပရိုက်အကြီးကြီးတိုက်တာကို ခံခဲ့ရတာကြောင့် မိန်းကလေးတွေရဲ့အားကျခြင်းကို ခံခဲ့ရသူလေးဖြစ်ပါတယ်။

မြတ်သူသူကတော့လက်ရှိ MRTV_4 မှာပြန်လည်ပြသနေတဲ့ ပျားရည်အိုင် ဇာတ်လမ်းတွဲမှာ ယောက်ကျာ်းရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ မြညိုနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်မြတ်သူသူဇင်ကကျန်မာရေ းအခြေအနေဆိုးရွားနေလို့အရေးပေါ်ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့အကြောင်းကိုအခုလိုပြောကြားလာပါတယ်နော်။

မြတ်သူသူဇင်ကျန်မာရေးအခြေအနေဆိုးရွားနေလို့ အရေးပေါ်ဆေးရုံတင်လိုက်ရတဲ့ အကြောင်းကိုသူ့ရဲ့FacebookPageStoryမှာဆေးရုံတက်နေတဲ့အကြောင်းကိုပုံရိပ်နှင့်တကွဖော်ပြထားပါတယ်၊ Weekly Myanmar ပရိသတ်ကြီးလည်း မြညိကို အားပေးကြပါအုံးနော်…

Source: Myat Thu Thu -မြတ်သူသူ

Zawgyi







