မျက်နှာသစ်ပြီးမှ သွားတိုက်ပါ
သင် နံနက်အိပ်ယာထတဲ့အခါ မျက်နှာသစ်ပြီးမှ သွားတိုက်ပါသလား???ဒါမှမဟုတ် သွားကို သွားပွတ်တံနဲ ့ အရင်တိုက်ပြီး ပလုတ်ကျင်း၊ ခံတွင်းသန် ့စင်ပြီးမှ မျက်နှာသစ်လေ့ရှိသလား။ ဒီလို အကျင့်လုပ်ခဲ့တာကောနှစ်ပေါင်းကြာပြီလား???
ညအိပ်ပျော်သောအခါတွင် ဝမ်းတွင်းအစာခြေ အင်္ဂါစုများမှာ အနားရလေသည်။ထိုအခါ အစာဟောင်းအိမ်မှ အပုပ်အခိုးများသည် အကြောများမှတဆင့် အထက်မျက်နှာ၊ မျက်စိ၊ ဦးခေါင်း အထိ တက်ကြလေသည်။ အစာသစ်အိမ်မှလည်း အစာခြေပြီး ကြွင်းကျန်သည့် အစာခြေဝမ်းမီးခေါ် အက်ဆစ်အခိုးအငွေ ့များသည် လည်ချောင်းမှတဆင့် သွား၊ သွားဖုံး၊ အာခေါင်များသို ့ တက်နေကြလေသည်။
နံနက်ထ၍ မျက်နှာသစ်လိုက်သောအခါတွင် အောင်းနေသော အခိုးအငွေ ့များသည် အအေးရှိရာ အပူလာသည်ဆိုသည့်အတိုင်း ရေအေးနှင့် ထိတွေ ့ပွတ်သပ်ပေးရာ မျက်နှာပြင်သို ့ အငွေ ့ပျံပြီး ထွက်သွားကြလေသည်။ ထိုအခါ မျက်စိမှုန်စေမည့် အခိုးအငွေ ့များ သွားနှင့် သွားဖုံးတို ့တွင် အောင်းနေသော အခိုးအငွေ ့များလည်း ပါသွားကြပြီး ရှင်းလင်းသွားလေသည်။
ထို ့နောက်မှ သွားတိုက်သောအခါတွင် အခိုးကုန်ပြီးသော သွားနှင့် သွားဖုံးတို ့မှာပို၍ သန် ့ရှင်းစင်ကြယ်သွားရလေသည်။
မျက်နှာမသစ်ဘဲ သွားတိုက်လျှင် အာခေါင်မှတစ်ဆင့် အပုပ်အခိုးအငွေ ့များသည်ဦးခေါင်းနောက်စေ့နှင့် မျက်စိအာရုံကြောများအထိ ရောက်သွားခြင်းကြောင့် မျက်စိဝေခြင်း၊ ကြည့်မကောင်းခြင်း၊ အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ မျက်မှန်စောစောတပ်ရခြင်းတို ့ဖြစ်နိုင်လေသည်။
နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ သွား၊ သွားဖုံးနဲ ့ ခံတွင်းမှာ အပုပ်အခိုးရှိရင် အဲဒီ အခိုးအငွေ ့တွေဟာ အာခေါင်ကတဆင့် နှာရိုးရင်းနဲ ့ မျက်စိအထိတက်ပြီးဒုက္ခပေးတယ်ဆိုတဲ့ တွေ ့ရှိချက်ပါပဲ။ ဒါကြောင့် လူတစ်ယောက်ဟာသွားမကောင်းရင် မျက်စိလည်းမွဲတာတွဲပြီး ဖြစ်လေ့ရှိပါတယ်။
“ မဟာစည် ဆရာတော်ကြီးကလည်း မျက်နှာသစ်ပြီးမှ သွားတိုက်ရန် မိန် ့ကြားခဲ့ဖူးပါသည် ”
မျက်နှာသစ်ပြီးမှ သွားတိုက်ကြပါ………..။
(ကြည်လွင်မြင့်(မုဒြာ)၏ မျက်နှာသစ်ပြီးမှ သွားတိုက်ပါ စာအုပ်မှထုတ်နုတ်ဖော်ပြပါသည်)
မ်က္ႏွာသစ္ၿပီးမွ သြားတိုက္ပါ
သင္ နံနက္အိပ္ယာထတဲ့အခါ မ်က္ႏွာသစ္ၿပီးမွ သြားတိုက္ပါသလား???ဒါမွမဟုတ္ သြားကို သြားပြတ္တံနဲ ့ အရင္တိုက္ၿပီး ပလုတ္က်င္း၊ ခံတြင္းသန္ ့စင္ၿပီးမွ မ်က္ႏွာသစ္ေလ့ရွိသလား။ ဒီလို အက်င့္လုပ္ခဲ့တာေကာႏွစ္ေပါင္းၾကာၿပီလား???
ညအိပ္ေပ်ာ္ေသာအခါတြင္ ၀မ္းတြင္းအစာေၿခ အဂၤါစုမ်ားမွာ အနားရေလသည္။ထိုအခါ အစာေဟာင္းအိမ္မွ အပုပ္အခိုးမ်ားသည္ အေၾကာမ်ားမွတဆင့္ အထက္မ်က္ႏွာ၊ မ်က္စိ၊ ဦးေခါင္း အထိ တက္ၾကေလသည္။ အစာသစ္အိမ္မွလည္း အစာေျခၿပီး ႂကြင္းက်န္သည့္ အစာေျခဝမ္းမီးေခၚ အက္ဆစ္အခိုးအေငြ ့မ်ားသည္ လည္ေခ်ာင္းမွတဆင့္ သြား၊ သြားဖုံး၊ အာေခါင္မ်ားသို ့ တက္ေနၾကေလသည္။
နံနက္ထ၍ မ်က္ႏွာသစ္လိုက္ေသာအခါတြင္ ေအာင္းေနေသာ အခိုးအေငြ ့မ်ားသည္ အေအးရွိရာ အပူလာသည္ဆိုသည့္အတိုင္း ေရေအးႏွင့္ ထိေတြ ့ပြတ္သပ္ေပးရာ မ်က္ႏွာျပင္သို ့ အေငြ ့ပ်ံၿပီး ထြက္သြားၾကေလသည္။ ထိုအခါ မ်က္စိမႈန္ေစမည့္ အခိုးအေငြ ့မ်ား သြားႏွင့္ သြားဖုံးတို ့တြင္ ေအာင္းေနေသာ အခိုးအေငြ ့မ်ားလည္း ပါသြားၾကၿပီး ရွင္းလင္းသြားေလသည္။
ထို ့ေနာက္မွ သြားတိုက္ေသာအခါတြင္ အခိုးကုန္ၿပီးေသာ သြားႏွင့္ သြားဖုံးတို ့မွာပို၍ သန္ ့ရွင္းစင္ၾကယ္သြားရေလသည္။
မ်က္ႏွာမသစ္ဘဲ သြားတိုက္လၽွင္ အာေခါင္မွတစ္ဆင့္ အပုပ္အခိုးအေငြ ့မ်ားသည္ဦးေခါင္းေနာက္ေစ့ႏွင့္ မ်က္စိအာ႐ုံေၾကာမ်ားအထိ ေရာက္သြားျခင္းေၾကာင့္ မ်က္စိေဝျခင္း၊ ၾကည့္မေကာင္းျခင္း၊ အရြယ္မတိုင္မီ မ်က္စိမႈန္ျခင္း၊ မ်က္မွန္ေစာေစာတပ္ရျခင္းတို ့ျဖစ္နိုင္ေလသည္။
ေနာက္ထပ္အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ကေတာ့ သြား၊ သြားဖုံးနဲ ့ ခံတြင္းမွာ အပုပ္အခိုးရွိရင္ အဲဒီ အခိုးအေငြ ့ေတြဟာ အာေခါင္ကတဆင့္ ႏွာရိုးရင္းနဲ ့ မ်က္စိအထိတက္ၿပီးဒုကၡေပးတယ္ဆိုတဲ့ ေတြ ့ရွိခ်က္ပါပဲ။ ဒါေၾကာင့္ လူတစ္ေယာက္ဟာသြားမေကာင္းရင္ မ်က္စိလည္းမြဲတာတြဲၿပီး ျဖစ္ေလ့ရွိပါတယ္။
“ မဟာစည္ ဆရာေတာ္ႀကီးကလည္း မ်က္ႏွာသစ္ၿပီးမွ သြားတိုက္ရန္ မိန္ ့ၾကားခဲ့ဖူးပါသည္ ”
မ်က္ႏွာသစ္ၿပီးမွ သြားတိုက္ၾကပါ………..။
(ၾကည္လြင္ျမင့္(မုျဒာ)၏ မ်က္ႏွာသစ္ၿပီးမွ သြားတိုက္ပါ စာအုပ္မွထုတ္ႏုတ္ေဖာ္ျပပါသည္)