ၾကားသိရသမွ်

အကျဥ်းထောင်မှ လွတ်လာတဲ့ တပည့်ကို အလုပ်မထုတ်တဲ့အပြင် ရာသက်ပန်ဝန်ထမ်းအဖြစ် ဆက်လက်ခန့်ထားမယ်လို့ ဆိုလိုက်တဲ့ FAME Company ရဲ့ ဒေါက်တာခင်မောင်လွင်

FAME Company ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်လွင်ဟာ ထူးချွန်လွန်းတဲ့အတွက် ဆေးပညာနယ်ပယ်မှာ အောင်မြင်

ကျော်ကြားတဲ့ဆရာတစ်ဦးဖြစ်ပါတယ်။

ယနေ့မှာ သူဟာ သူ့ရဲ့ ဝန်ထမ်းတစ်ယောက်အကြောင်းကို သူ့ရဲ့ Facebook စာမျက်နှာမှာပြောကြားလာပါတယ်။(၂၀၂၀)ခုနှစ်က လုယက်

သူနှစ်ဦးကို ခုခံကာကွယ်ရင်း အကျဥ်းကျခဲ့ရတဲ့ သူ့တပည့် မောင်မျိုးသက်လွင်ဟာ လွတ်မြောက်လာပြီဖြစ်ကြောင်းဆိုလာပါတယ်။ယခု

အမှုဟာဆိုရင် ကိုဗစ်အခြေအနေနဲ့ အခြေအနေ အမျိုးမျိုးကြောင့် အမှုရင်ဆိုင်ချိန်ဟာ ၁ နှစ်နဲ့ ၈ လနီးပါးလောက် ကြန့်ကြာနေခဲ့ရာကနေ

အခုလို အပြီးသတ် လွတ်မြောက်လာခဲ့အတွက် အားလုံး ဝမ်းသာပီတိ ဖြစ်ရပါတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် သူဟာ မောင်မျိုးသက်လွင် အမှုရင်ဆိုင်နေခဲ့ရတဲ့ အချိန်အတွင်းမှာတောင် မောင်မျိုးသက်လွင်ကို အလုပ်ကနေ မထုတ်ပယ်ဘဲ

လစာအပြည့်နဲ့ ဝန်ထမ်းတစ်ယောက်အဖြစ် ဆက်လက်ထားရှိပေးထားခဲ့ပြီး သူ့ရဲ့ရပိုင်ခွင့်ကို အပြည့်အဝ ပေးထားတဲ့အပြင် အမှုပြီးဆုံးတဲ့

နေ့အထိ ဆေးခွင့်အနေနဲ့ သတ်မှတ်ပေးထားခဲ့ပါတယ် လို့လည်း ပြောကြားထားပါတယ်။ဒါတင်မက FAME မှာ တာဝန်ထမ်းဆောင်နေတဲ့

မောင်မျိုးသက်လွင်ရဲ့ ညီဖြစ်သူကိုလည်း အမြဲတမ်းဝန်ထမ်းအဖြစ် သတ်မှတ်ပြီး စောင့်ရှောက်ကူညီ ပေးခဲ့ပါသေးတယ်။

အခုအချိန်မှာလည်း မောင်မျိုးသက်လွင်ကို FAME ဆေးဝါးစက်ရုံမှာပဲ ဥယျာဉ်မှူးလုပ်သား ဝန်ထမ်းကောင်းအဖြစ် ဆက်ပြီး ခန့်အပ်ထား

မယ်လို့လည်းဆိုပါတယ်။ဒါ့အပြင် ဆရာဟာအလုပ်မဝင်ခင်မှာ မောင်မျိုးသက်လွင်တစ်ယောက် သူ့ရဲ့ဖခင်ဆီကို သွားရောက်ကန်တော့ဖို့

ငွေကျပ် ၁၀ သိန်း ထပ်မံကူညီပေးခဲ့ပါသေးတယ်။ဆရာက “မောင်မျိုးသက်လွင် လွတ်မြောက်ရေးအတွက် ကျေးဇူးတင်ထိုက်သူများ

အားလုံးကို မောင်မျိုးသက်လွင် ကိုယ်စား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်”လို့လည်းဆိုထားပါသေးတယ်။

ဆရာဝန်ကောင်းတစ်ယောက်ဖြစ်ရုံသာမက လုပ်ငန်းပိုင်ရှင်ကောင်းတစ်ယောက်ဖြစ်တဲ့ ဒေါက်တာခင်မောင်လွင်တစ်ယောက်

အစစအရာရာအောင်မြင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။

Zawgyi

FAME Company ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်လွင်ဟာ ထူးချွန်လွန်းတဲ့အတွက် ဆေးပညာနယ်ပယ်မှာ အောင်မြင်ကျော်ကြား

တဲ့ဆရာတစ်ဦးဖြစ်ပါတယ်။

ယနေ့မှာ သူဟာ သူ့ရဲ့ ဝန်ထမ်းတစ်ယောက်အကြောင်းကို သူ့ရဲ့ Facebook စာမျက်နှာမှာပြောကြားလာပါတယ်။(၂၀၂၀)ခုနှ

စ်က လုယက်သူနှစ်ဦးကို ခုခံကာကွယ်ရင်း အကျဉ်းကျခဲ့ရတဲ့ သူ့တပည့် မောင်မျိုးသက်လွင်ဟာ လွတ်မြောက်လာပြီဖြစ်ကြောင်းဆိုလာ

ပါတယ်။ယခုအမှုဟာဆိုရင် ကိုဗစ်အခြေအနေနဲ့ အခြေအနေ အမျိုးမျိုးကြောင့် အမှုရင်ဆိုင်ချိန်ဟာ ၁ နှစ်နဲ့ ၈ လနီးပါးလောက်

ကြန့်ကြာနေခဲ့ရာကနေ အခုလို အပြီးသတ် လွတ်မြောက်လာခဲ့အတွက် အားလုံး ဝမ်းသာပီတိ ဖြစ်ရပါတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် သူဟာ မောင်မျိုးသက်လွင် အမှုရင်ဆိုင်နေခဲ့ရတဲ့ အချိန်အတွင်းမှာတောင် မောင်မျိုးသက်လွင်ကို အလုပ်ကနေ မထုတ်ပယ်ဘဲ လစာအပြည့်နဲ့ ဝ

န်ထမ်းတစ်ယောက်အဖြစ် ဆက်လက်ထားရှိပေးထားခဲ့ပြီး သူ့ရဲ့ရပိုင်ခွင့်ကို အပြည့်အဝ ပေးထားတဲ့အပြင် အမှုပြီးဆုံးတဲ့နေ့အထိ ဆေးခွ

င့်အနေနဲ့ သတ်မှတ်ပေးထားခဲ့ပါတယ် လို့လည်း ပြောကြားထားပါတယ်။ဒါတင်မက FAME မှာ တာဝန်ထမ်းဆောင်နေတဲ့ မော

င်မျိုးသက်လွင်ရဲ့ ညီဖြစ်သူကိုလည်း အမြဲတမ်းဝန်ထမ်းအဖြစ် သတ်မှတ်ပြီး စောင့်ရှောက်ကူညီ ပေးခဲ့ပါသေးတယ်။

အခုအချိန်မှာလည်း မောင်မျိုးသက်လွင်ကို FAME ဆေးဝါးစက်ရုံမှာပဲ ဥယျာဉ်မှူးလုပ်သား ဝန်ထမ်းကောင်းအဖြစ် ဆက်ပြီး ခန့်အပ်ထားမယ်လို့လ

ည်းဆိုပါတယ်။ဒါ့အပြင် ဆရာဟာအလုပ်မဝင်ခင်မှာ မောင်မျိုးသက်လွင်တစ်ယောက် သူ့ရဲ့ဖခင်ဆီကို သွားရောက်ကန်တော့ဖို့ ငွေကျပ် ၁၀ သိ

န်း ထပ်မံကူညီပေးခဲ့ပါသေးတယ်။ဆရာက “မောင်မျိုးသက်လွင် လွတ်မြောက်ရေးအတွက် ကျေးဇူးတင်ထိုက်သူများ အားလုံးကို မောင်

မျိုးသက်လွင် ကိုယ်စား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်”လို့လည်းဆိုထားပါသေးတယ်။ဆရာဝန်ကောင်းတစ်ယော

က်ဖြစ်ရုံသာမက လုပ်ငန်းပိုင်ရှင်ကောင်းတစ်ယောက်ဖြစ်တဲ့ ဒေါက်တာခင်မောင်လွင်တစ်ယောက် အစစအရာရာအောင်မြင်ပါစေလို့ဆုတောင်းလိုက်ရပါတယ်။