ၾကားသိရသမွ်

လက်လေးတစ်ချောင်း ထောင်ပြလို့ ကြည့်လိုက်မိသောအခါ…









အော…လက်ဖက်ရည်လား အဘ ?










☎ 09-5408437

unicode

လက်လေး တချောင်း ထောင်ပြတယ် 😥

(လက်ဖက်ရည်လေး တခွက်လောက် သောက်ချင်လို့ပါတဲ့)

အလုပ်မသွားခင် မနက်စာ ထိုင်စာတုန်း…

အဘတယောက် ဆိုင်နားလေးမှာ ရစ်သီရစ်သီနဲ့… ထိုင်နေတဲ့ ဝိုင်းတွေကို လိုက်ကြည့်ပီ…

လက်လေးတချောင်း ထောင်ပြရှာတယ် (လက်ဖက်ရည် သောက်ချင်နေပုံပဲ)

ဘယ်ဝိုင်းမှ ဂရုမစိုက်…ကိုယ့်ဘာသာ စားနေကြပေမဲ့…အဘက ကျနော့်ကို ကြည့်ပြီ လက် တချောင်း ထောင်ပြတယ် 😥😥

အဘ… ဘာလိုချင်လို့လဲ မေးတော့? ?

လက်ဖက်ရည်လေး တခွက်လောက် သောက်ချင်လို့ပါ 😥😥

အော…လက်ဖက်ရည်လား အဘ ?

ခေါင်းလေး မရဲတရဲ ​ငြိမ့်ပြရှာတယ် 😥

လာ… ထိုင် လက်ဖက်ရည်တိုက်မယ် (မလာရဲဘူး ကြောက်နေရှာတယ်)

မကြောက်နဲ့ အဘ…လာ ကျနော် တာဝန်ယူတယ်နော်…ဘာစားအုံးမလဲ? ☺

လက်ဖက်ရည်လေး မြိန်ရည် ရှက်ရည် သောက်ရှာတယ် (မုန့်တော့ မစားတော့ဘူးတဲ့) 😔

ကျေးဇူးတင်လိုက်တာ…ကျနော် လက်ဖက်ရည် အရမ်းသောက်ချင်နေတာပါ 😔😥

အဘ ဖိနပ်လေးလဲ ပေါက်နေတယ်…ကျနော်လဲ အလုပ်က နောက်ကျနေတော့…အဘတွက် ပိုက်ဆံလေး ပေးခဲ့ပြီ…လိုတာ ဝယ်နော်လို့ မှာခဲ့လိုက်ပါတယ် 🙏

သနားပါတယ် ဗျာ…အဘ ကြည့်တဲ့ အကြည့်လေး…ဆာလောင်နေတဲ့ အကြည့်လေး…လူတကာကို ကျွေးမလား မျှော်နေတဲ့ အကြည့်လေး… မျက်စိထဲက ခုထိ မထွက်ဘူး ဗျာ 😥😥😥

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

#ကိုပူတူးနှင့်ဘော်ဒါများ

☎ 09-5408437