ၾကားသိရသမွ်

“ဖေ့စ်ဘုတ်သုံးနေတဲ့ မိန်းကလေးများ ဖတ်ရန်” (တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ)

“ဖေ့စ်ဘုတ်သုံးနေတဲ့ မိန်းကလေးများ ဖတ်ရန်” (တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ)

fbသုံးနေတဲ့မိန်းကလေးများ ဖတ်ရန်ဖြစ်ရပ်မှန်ကို အနည်းငယ်သာပြောင်း၍ ရေးပါသည်။

တစ်နေ့ ရုပ်ဖြောင့်ဖြောင့် လူလတ်ပိုင်းဓာတ်ပုံတင်ထားတဲ့ အကောင့်တစ်ခု မက်ဆင်ဂျာကနေ ညီမလေး အစ်ကိုစကားနည်းနည်း ပြောချင်လို့ ရလား “ဆိုပြီး စာဝင်လာတယ်။

အကူအညီတစ်ခု တောင်းချင်လို့ပါတဲ့ ဟုတ်ကဲ့ လို့ရေးမိလိုက်တာနဲ့ ဗွီဒီယိုကော ခေါ်တာခံလိုက်ရတယ်။

ရုပ်ဖြောင့်သလောက် အပြောကောင်းလွန်းလှတဲ့သူ့ စကားတွေကြားမှာ ဖုန်းကို ပိတ်မပစ်ရက်အောင် ဖြစ်ခဲ့ရပါတယ်။

”အပျိုလား” ဆိုတဲ့ သူ့စကားက ကျမကို နည်းနည်း တုန်လှုပ်စေခဲ့တယ်။

ခနလောက်ငိုင်နေပြီးမှ ကျမယောင်္ကျားနဲ့ ကျမ အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံလေး တစ်ပုံ ပို့ပေးလိုက်တယ်။

“ညီမတို့ ချစ်သူတွေလား “ဆိုတဲ့ မေးခွန်းလေးက ကျမကို ကြည်နူးသွားစေပါတယ် ဘေးနားမှာ

အိပ်ပျော်နေရှာတဲ့ သားလေးကို မလုံမလဲ ကြည့်လိုက်မိတယ် ။

ကျမယောကျာ်း လူရိုးကြီးကတော့ ယာတောက ပြန်မလာသေးပါဘူး။

ကျမ ထင်လိုက်တာက တစ်ခါတည်းနားအေးအောင် ဆိုပြီး အမှန်ကို ချပြလိုက်တာမှ ပိုဆိုးသွားပါတယ်

တိုတိုနဲ့ လိုရင်းကိုပြောရရင် ကျမ တို့ နေ့တိုင်းဖုန်းပြော ဖြစ်ခဲ့ပါတယ်။

သူ့ဖုန်းမလာရင် ကျမကစခေါ်တတ်နေပါပြီ ကျမယောက်ျား လူရိုးကြီးကတော့ ဘာမှ မသိရှာပါဘူး။

သူ့ကတော့ ကျမကို သိပ်ပြီး ဂရုမစိုက်နိုင်ပါဘူး ယာတော နဲ့အိမ် ကူးနေတာနဲ့ သူ့ကျွဲတွေနဲ့တင် အချိန်ကုန်နေရှာတာပါ။

ထင်ထားတဲ့အတိုင်း မျှော်လင့်ထားတဲ့အတိုင်း သူက ကျမကို သိပ်ချစ်ကြောင်းတွေ ပြောလာပါတော့တယ်။

ကျမအဖြေကိုတော့ မပြောတော့ပါဘူး သူက တစ်ဆင့်တက်လာပါတယ်

ကန်တော့ပါရှင် လင်မယားတွေကြားမှ ပြောရမဲ့စကားတွေကိုတစ် တစ်ခွခွပြောလာပါတယ်။

အစက နားမထောင်ရဲပေမဲ့ နောက်တော့ စွဲလမ်းလာပါတော့တယ်။ နောက်ဆုံးတော့ အပြင်မှာတွေ့ချင်တယ်တဲ့။

ကျမယောက်ျားနဲ့ သားလေးမျက်နှာကို ဖြတ်ကနဲ မြင်ယောင်မိတယ်။ ကျမယောကျ်ားက ကျမကို သိပ်ချစ်ရှာပါတယ်။

သူရှာဖွေထားသမျှ ကျမကို အကုန်အပ်တယ်။

ကျမ ပျင်းနေမှာစိုးလို့ဆိုပြီး ဖုန်းကိုတောင် သူမကိုင်ဘဲ ကျမကိုပဲပေးကိုင်ရှာတာပါ။

ငွေဆိုလည်းမစားရက် မသောက်ရက်နဲ့ သိန်းနှစ်ဆယ်လောက် စုမိနေပါပြီ။ ဒါနဲ့ပဲ မဖြစ်နိုင်ဘူး ထင်ပါတယ်ရှင် ဆိုပြီး ငြင်းဆန်လိုက်မိပါတယ်။

သူက စိတ်မဆိုးတဲ့အပြင် မိန်းကလေး ပီသလို့ ပိုတောင်တန်ဖိုးထားမိပါတယ်ဆိုပြီး ပြောလာပါတယ်။

တစ်နေ့မှတော့ ကျမယောကျ်ားဝါးတောသွားတဲ့နေ့ သူ့ ဖုန်းဝင်လာပါတယ်။

သူ ကျမတို့ ရွာထိပ်မှာရောက်နေတယ်တဲ့ တွေ့ချင်လွန်းလို့ အဝေးကြီးက လာခဲ့ရတာပါတဲ့ ခနလေးတွေ့ပါရစေတဲ့

မဆွတ်ခင်ကညွတ်မခြွေခင်က ကြွေချင်နေတဲ့ ကျမသားလေး အိပ်မောကျ ချိန်မှာ သွားတွေ့ဖြစ်ခဲ့ပါတယ်။

ဘယ်လိုမှ ပြင်မရတော့တဲ့ အမှားပါပဲ မ ကျမ်းကျေလွန်းလှတဲ့ သူ့လက်တွင်းမှာ သူပြသမျှ နုခဲ့မိပါတော့တယ်။

လင်မေ့ သားမေ့နဲ့ မိုးလင်းခါနီးမှ အိမ်ပြန်ဖို့ သတိရပါတော့တယ်။

သူကိုသူက “ကလေး”ကျမကသူကို “မောင်”ဆိုပြီး အခေါ်အဝေါ်တွေ ပြောင်းကုန်တဲ့ အထိပါပဲ။

ကျမ နောင်တမရပါဘူး အိမ်ကဟာကြီးလည်း အားမနာတော့ပါဘူး ကျမဘဝမှာ မောင်မှမောင်ပါပဲ

နောက်တစ်နေ့မောင်က မက်ဆင်ဂျာကနေ ကျမက မောင့်ပါးလေးကို နမ်းနေတဲ့ ပုံ လေးတစ်ပုံပို့တယ်။

နောက်တစ်ပုံ မောင်က ကျမ နှုတ်ခမ်းလေးကို နမ်းနေတဲ့ ပုံ ထပ်ပို့အပြီးမှာ ကျမ အံ့သြသွားတယ် မောင် ဘယ်အချိန်ရိုက်ထားပါလိမ့်

နောက်တစ်ခုက ဗွီဒီယိုမောင်နဲ့ ကျမနဲ့ ဘုရား,…. ဘုရား ရှက်လိုက်တာရှင် …

နောက်တစ်ခါ ထပ်တွေ့အပြီးမှာတော့ ကျမလေ ကျမမောင့်လက်ခုပ်တွင်းက ရေ ဖြစ်သွားပါပြီ ဆားငံရည်သောက်မိတဲ့ ကျမ

လူရိုးကြီးနဲ့ သားလေးကို ရှိတယ်တောင် မထင်တော့ပါဘူး ကျမဘဝက မောင်မှမောင်ပါပဲ ..

ကျမမျှော်လင့်ခဲ့ရတဲ့ တစ်နေ့ ဆိုက်ဆိုက်ရောက်လာခဲ့ရပါပြီ မောင်ကဘဝသစ်ထူ ထောင်ကြမယ်တဲ့ ဒီနေ့ည

လာခိုးမယ်တဲ့ အရင်းအနှီးနဲ့ လုပ်ကိုင်စားသောက်ဖို့ ရှိသမျှငွေ ယူခဲ့ပါတဲ့ … ။

ကောင်းလိုက်တဲ့အကြံ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုး ရှိရှိသမျှမချန် သားလေးလည်ပင်းက ခမည်းပေးထားတဲ့ ဆွဲကြိုးလေးတောင် အသာလေးဆွဲဖြုတ်

မောင်နဲ့ ဘဝသစ်တစ်ခု ဖန်တီးဖို့ ဘယ်သူ့မှ မညှာနိုင်ပေါင် အပျော်ဆုံးည မောင်က ကိုယ်ပိုင်ကားလေးနဲ့ ကျမနေတဲ့ ရွာအထိ

လာခိုးမှာတဲ့ မျှော်တုန်းမျှော်စဲမှာပဲ ကိုယ်ပိုင်ကားလေးနဲ့ မောင်ရောက်လာခဲ့ပါတယ်။

ပျော်ရွှင်ခြင်းများစွာနဲ့ မောင်ခေါ်ရာ လိုက်ခဲ့မိပါပြီ။ ကားလေးပေါ်မှာပဲ ကျမ ဆန္ဒတွေပြည့်ဝခဲ့ရပါပြီ မနက်လင်းတော့မြို့တစ်မြို့တည်းမောင်းဝင်ခဲ့ကြတယ်။

မောင်က မောင်တို့နှစ်ယောက် ဒီကားလေးနဲ့ ဆက်သွားရင် နောက်ကလိုက်လာ တဲ့သူတွေ ရိပ်မိသွားနိုင်တယ် အဲဒီတော့မောင်တို့ ကားပြောင်းစီးကြမယ်တဲ့

ရန်ကုန်က လူလိမ် လူရှုပ်တွေ များတယ်တဲ့ ကလေးစီက ရွှေငွေပစ္စည်းတွေဖုန်းနဲ့ငွေတွေ မောင့်စီပေးထားတဲ့

မောင့်ပစ္စည်းတွေနဲ့ ပေါင်းထားမယ်တဲ့ အရာရာ မောင့်သဘောပါမောင်

တစ်နေရာရောက်တော့ လူတစ်ယောက်က ကျမနဲ့ မောင်စီးလာတဲ့ ကားလေးကို လာယူသွားတယ်။ ကားဂိတ်ကို ခြေလျင်လျောက်ကြတယ်။

ကားဂိတ်ရောက်တော့ ကားတစ်စီးပေါ်မှာ နေရာယူလိုက်ကြတယ်။

မောင်က လူတွေရိပ်မိမှာစိုးလိုတဲ့ သူ့ကိုယ်သူ ဦးထုပ်ကို မျက်နှာမပေါ်အောင်ခပ်ငိုက်ငိုက်ဆောင်းထားပြီး ကျမခေါင်းကို ပုဝါခြုံခိုင်းထားတယ် မောင်ကကျမကို ခပ်တိုးတိုးလေးပြောတယ် ကလေးတဲ့ …. မောင်တို့ တစ်ညလုံး ဘာမှမစားရသေးဘူးတဲ့

မောင်အစားအစာတွေ သွားဝယ်အုန်းမယ်တဲ့….

လိုက့်ခဲ့မယ်ဆိုတော့ လူတွေရိပ်မိမယ်တဲ့ ကားနေရာပျောက်မယ်တဲ့… ဆိုပြီး တစ်ယောက်တည်း ထွက်သွားတယ်။

တော်တော်နဲ့ ပြန်မလာဘူး စိုးရိမ်လို့ ဖုန်းဆက်မယ်လုပ်တော့ ဖုန်းကမောင့်စီပါသွားပြီ ကားကထွက်တော့မယ် မောင်ကပေါ်မလာ။

ကားဆရာကြီးကို တောင်းပန်ပြီး ဆက်စောင့်ကြတယ် .. ။ ၁၅မိနစ်ထိမောင်က ပေါ်မလာတော့ခရီးသည်တွေက တင်းပြီ ကားဆရာကြီးလည်း

မတတ်သာတော့ ကျမကိုချထားခဲ့ပြီး ကားထွက်သွားခဲ့ပြီ … ကျမစိုးထိတ်စွာ ရပ်တည်မရစွာနဲ့ မောင့်ကို ဆက်စောင့်ခဲ့ပါတယ်။

နောက်ဆုံးတော့ မရှက်နိုင်တော့ပါဘူး ဟိုလူ့အကူညီတောင်း သည်လူ့ အကူညီတောင်းနဲ့ ရဲစခန်းရောက်ခဲ့ပါတော့တယ်။

အထောက်အထား ဘာမှ မရှိ မှတ်မိတဲ့ မောင့်ဖုန်းနံပါတ် ကျမဖုန်းနံပါတ်တွေ ဆက်ကြည့်ကြတော့ တပ်ဆင်ထားခြင်းမရှိပါတဲ့…

မြိုအနှံ့ရှာကြ၊ စုံစမ်းစစ်ဆေးကြပေမဲ့ ခြေရာလည်းပျောက် ရေလည်း နောက်ခဲ့ပါပြီ နောက်ဆုံးတော့ သဘောကောင်းလွန်းတဲ့ ရဲကြီးတွေက ငွေကြေးကအစ ကူညီပေးကြလို့သာ ကျမရွာပြန်ရောက်ခဲ့ပါတယ်။

ကျမ ထင်ခဲ့တာ ဒီလိုမဟုတ်ဘူး ။ ကျမ မျှော်မှန်းခဲ့တာ တာ ဒီလိုတွေ မဟုတ်ခဲ့ဘူး။

ကျမ မှားသွားပြီ မောင်အထင်ကြီးခဲ့သမျှ အားလုံး အလကားပဲ ဆိုတဲ့အတွေးတွေ နှမချင်းမစာနာ လုပ်ရက်လိုက်တာဆိုတဲ့ ဒေါသတွေထက် ကျမ ဘယ်လို အင်အားနဲ့ ရွာကိုဝင်ရမလဲ လူရိုးကြီးနဲ့ သားလေးထံ ဘယ်မျက်နှာနဲ့ပြန်ရမလဲ

ကျမ ဝမ်းနည်းစိတ်ကြောင့် ငိုမိတယ် . . .ကျမ မိဘတွေရဲ့ မျက်နှာကျမ ဆွေမျိုးတွေ ရဲ့မျက်နှာ ကျမ ပတ်ဝန်းကျင်မှာ ကျမ ဘယ်လိုမျက်နှာပြရမလဲ။

ကျမသာ အရင်ကတည်းက လင်နဲ့သားအပေါ်ကိုယ့်ချင်းစာစိတ် ရှိရင်ကျမတို့ မိသားစုဘဝလေး အခုလို ပျက်စီးမှာ မဟုတ်ဘူး . . . . . .

ခုတော့ ကျမ ခလေးတစ်ဖက်နဲ့ ကျမ ဘဝ ပျက်ပါပြီ .ကိုယ့်ကြောင့် မိသားစုဘဝ ပျက်ခဲ့တာကိုယ့် ယုံစားခဲ့တာ ။

FB က ပရိုဖိုင်လေးမှာကော်လံကတုံးအဖြူလေးနဲ့ ဆံပင်အတိုယောပုဆိုးလေးနဲ့ မောင်ကိုကျမ လူကြီး လူကောင်း ဆန်တယ်ဆိုပြီး

ယုံစားမိခဲ့တာ အဖေ အမေ မျက်နှာရယ် လင်နဲ့သားမျက်နှာရယ် တစ်သက်လုံး စောင့်ထိန်းခဲ့တဲ့ ကိုယ့်ကျင့်တရားရယ် . . . . . .

ကိုယ့်ပေးဆပ်ရတော့မယ့် အရှက်သိက္ခာ အကြီးကြီးရယ် ။နောက်ထပ် သတိရတာက နိုင်လွန်ကြိုးခွေ တစ်ခု အခု ကျမ ဘာလုပ်သင့်လည်း . .

အစ်မ တို့ ညီမတို့ကော အဲလို ကြုံကြိုက်ခဲ့ရင် ဘယ်လိုဖြေရှင်း မလဲအရေးကြီးတယ် ။လိမ်နည်းအသစ်တွေ နဲ့ချည်းကပ်တက်တယ် ။

အမျိုးကောင်းသား ပုံစံနဲ့ချဉ်းကပ်ပါလိမ့်မယ်။ ရိုးသားယောင်ဆောင် ချိုချိုသာသာ မိန်းမကြိုက် စကားတွေပြောပြီး ဆွဲဆောင် ပါလိမ့်မယ်။

သမီးရည်းစား အဆင့်ထိ ဆွဲယူပြီး အပြင်မှာ ချိန်းတွေ ဓါတ်ပုံတွေ တွဲရိုက်ပါလိမ့်မယ်။

အဲ့ဒီအချိန်ရောက်ပြီဆိုရင် ရုန်းထွက်ဖို့ ခက်ပါလိမ့်မယ် သတိထားကြပါ။ လေလှိုင်းထဲက အချစ်တွေ စိတ်သာယာမှုတွေ နောက်မလိုက်ကြပါနဲ့။

မမြင်ဖူးတဲ့ လူတွေကို မယုံကြပါနဲ့။ မသင့်သော အရေးအသားမျာ းပါဝင်ပါက တောင်းပန်အပ်ပါသည်။

“ေဖ့စ္ဘုတ္သုံးေနတဲ့ မိန္းကေလးမ်ား ဖတ္ရန္” (တကယ့္ျဖစ္ရပ္မွန္ ဇာတ္လမ္းေလးပါ)

fbသုံးေနတဲ့မိန္းကေလးမ်ား ဖတ္ရန္ျဖစ္ရပ္မွန္ကို အနည္းငယ္သာေျပာင္း၍ ေရးပါသည္။

တစ္ေန႔ ႐ုပ္ေျဖာင့္ေျဖာင့္ လူလတ္ပိုင္းဓာတ္ပုံတင္ထားတဲ့ အေကာင့္တစ္ခု မက္ဆင္ဂ်ာကေန ညီမေလး အစ္ကိုစကားနည္းနည္း ေျပာခ်င္လို႔ ရလား “ဆိုၿပီး စာဝင္လာတယ္။

အကူအညီတစ္ခု ေတာင္းခ်င္လို႔ပါတဲ့ ဟုတ္ကဲ့ လို႔ေရးမိလိုက္တာနဲ႔ ဗြီဒီယိုေကာ ေခၚတာခံလိုက္ရတယ္။

႐ုပ္ေျဖာင့္သေလာက္ အေျပာေကာင္းလြန္းလွတဲ့သူ႔ စကားေတြၾကားမွာ ဖုန္းကို ပိတ္မပစ္ရက္ေအာင္ ျဖစ္ခဲ့ရပါတယ္။

”အပ်ိဳလား” ဆိုတဲ့ သူ႔စကားက က်မကို နည္းနည္း တုန္လႈပ္ေစခဲ့တယ္။

ခနေလာက္ငိုင္ေနၿပီးမွ က်မေယာက်ၤားနဲ႔ က်မ အတူတူတြဲ႐ိုက္ထားတဲ့ ဓာတ္ပုံေလး တစ္ပုံ ပို႔ေပးလိုက္တယ္။

“ညီမတို႔ ခ်စ္သူေတြလား “ဆိုတဲ့ ေမးခြန္းေလးက က်မကို ၾကည္ႏူးသြားေစပါတယ္ ေဘးနားမွာ

အိပ္ေပ်ာ္ေနရွာတဲ့ သားေလးကို မလုံမလဲ ၾကည့္လိုက္မိတယ္ ။

က်မေယာက်ာ္း လူ႐ိုးႀကီးကေတာ့ ယာေတာက ျပန္မလာေသးပါဘူး။

က်မ ထင္လိုက္တာက တစ္ခါတည္းနားေအးေအာင္ ဆိုၿပီး အမွန္ကို ခ်ျပလိုက္တာမွ ပိုဆိုးသြားပါတယ္

တိုတိုနဲ႔ လိုရင္းကိုေျပာရရင္ က်မ တို႔ ေန႔တိုင္းဖုန္းေျပာ ျဖစ္ခဲ့ပါတယ္။

သူ႔ဖုန္းမလာရင္ က်မကစေခၚတတ္ေနပါၿပီ က်မေယာက္်ား လူ႐ိုးႀကီးကေတာ့ ဘာမွ မသိရွာပါဘူး။

သူ႔ကေတာ့ က်မကို သိပ္ၿပီး ဂ႐ုမစိုက္ႏိုင္ပါဘူး ယာေတာ နဲ႔အိမ္ ကူးေနတာနဲ႔ သူ႔ကြၽဲေတြနဲ႔တင္ အခ်ိန္ကုန္ေနရွာတာပါ။

ထင္ထားတဲ့အတိုင္း ေမွ်ာ္လင့္ထားတဲ့အတိုင္း သူက က်မကို သိပ္ခ်စ္ေၾကာင္းေတြ ေျပာလာပါေတာ့တယ္။

က်မအေျဖကိုေတာ့ မေျပာေတာ့ပါဘူး သူက တစ္ဆင့္တက္လာပါတယ္

ကန္ေတာ့ပါရွင္ လင္မယားေတြၾကားမွ ေျပာရမဲ့စကားေတြကိုတစ္ တစ္ခြခြေျပာလာပါတယ္။

အစက နားမေထာင္ရဲေပမဲ့ ေနာက္ေတာ့ စြဲလမ္းလာပါေတာ့တယ္။ ေနာက္ဆုံးေတာ့ အျပင္မွာေတြ႕ခ်င္တယ္တဲ့။

က်မေယာက္်ားနဲ႔ သားေလးမ်က္ႏွာကို ျဖတ္ကနဲ ျမင္ေယာင္မိတယ္။ က်မေယာက်္ားက က်မကို သိပ္ခ်စ္ရွာပါတယ္။

သူရွာေဖြထားသမွ် က်မကို အကုန္အပ္တယ္။

က်မ ပ်င္းေနမွာစိုးလို႔ဆိုၿပီး ဖုန္းကိုေတာင္ သူမကိုင္ဘဲ က်မကိုပဲေပးကိုင္ရွာတာပါ။

ေငြဆိုလည္းမစားရက္ မေသာက္ရက္နဲ႔ သိန္းႏွစ္ဆယ္ေလာက္ စုမိေနပါၿပီ။ ဒါနဲ႔ပဲ မျဖစ္ႏိုင္ဘူး ထင္ပါတယ္ရွင္ ဆိုၿပီး ျငင္းဆန္လိုက္မိပါတယ္။

သူက စိတ္မဆိုးတဲ့အျပင္ မိန္းကေလး ပီသလို႔ ပိုေတာင္တန္ဖိုးထားမိပါတယ္ဆိုၿပီး ေျပာလာပါတယ္။

တစ္ေန႔မွေတာ့ က်မေယာက်္ားဝါးေတာသြားတဲ့ေန႔ သူ႔ ဖုန္းဝင္လာပါတယ္။

သူ က်မတို႔ ႐ြာထိပ္မွာေရာက္ေနတယ္တဲ့ ေတြ႕ခ်င္လြန္းလို႔ အေဝးႀကီးက လာခဲ့ရတာပါတဲ့ ခနေလးေတြ႕ပါရေစတဲ့

မဆြတ္ခင္ကၫြတ္မေႁခြခင္က ေႂကြခ်င္ေနတဲ့ က်မသားေလး အိပ္ေမာက် ခ်ိန္မွာ သြားေတြ႕ျဖစ္ခဲ့ပါတယ္။

ဘယ္လိုမွ ျပင္မရေတာ့တဲ့ အမွားပါပဲ မ က်မ္းေက်လြန္းလွတဲ့ သူ႔လက္တြင္းမွာ သူျပသမွ် ႏုခဲ့မိပါေတာ့တယ္။

လင္ေမ့ သားေမ့နဲ႔ မိုးလင္းခါနီးမွ အိမ္ျပန္ဖို႔ သတိရပါေတာ့တယ္။

သူကိုသူက “ကေလး”က်မကသူကို “ေမာင္”ဆိုၿပီး အေခၚအေဝၚေတြ ေျပာင္းကုန္တဲ့ အထိပါပဲ။

က်မ ေနာင္တမရပါဘူး အိမ္ကဟာႀကီးလည္း အားမနာေတာ့ပါဘူး က်မဘဝမွာ ေမာင္မွေမာင္ပါပဲ

ေနာက္တစ္ေန႔ေမာင္က မက္ဆင္ဂ်ာကေန က်မက ေမာင့္ပါးေလးကို နမ္းေနတဲ့ ပုံ ေလးတစ္ပုံပို႔တယ္။

ေနာက္တစ္ပုံ ေမာင္က က်မ ႏႈတ္ခမ္းေလးကို နမ္းေနတဲ့ ပုံ ထပ္ပို႔အၿပီးမွာ က်မ အံ့ၾသသြားတယ္ ေမာင္ ဘယ္အခ်ိန္႐ိုက္ထားပါလိမ့္

ေနာက္တစ္ခုက ဗြီဒီယိုေမာင္နဲ႔ က်မနဲ႔ ဘုရား,…. ဘုရား ရွက္လိုက္တာရွင္ …

ေနာက္တစ္ခါ ထပ္ေတြ႕အၿပီးမွာေတာ့ က်မေလ က်မေမာင့္လက္ခုပ္တြင္းက ေရ ျဖစ္သြားပါၿပီ ဆားငံရည္ေသာက္မိတဲ့ က်မ

လူ႐ိုးႀကီးနဲ႔ သားေလးကို ရွိတယ္ေတာင္ မထင္ေတာ့ပါဘူး က်မဘဝက ေမာင္မွေမာင္ပါပဲ ..

က်မေမွ်ာ္လင့္ခဲ့ရတဲ့ တစ္ေန႔ ဆိုက္ဆိုက္ေရာက္လာခဲ့ရပါၿပီ ေမာင္ကဘဝသစ္ထူ ေထာင္ၾကမယ္တဲ့ ဒီေန႔ည

လာခိုးမယ္တဲ့ အရင္းအႏွီးနဲ႔ လုပ္ကိုင္စားေသာက္ဖို႔ ရွိသမွ်ေငြ ယူခဲ့ပါတဲ့ … ။

ေကာင္းလိုက္တဲ့အႀကံ လက္စြပ္၊ လက္ေကာက္၊ ဆြဲႀကိဳး ရွိရွိသမွ်မခ်န္ သားေလးလည္ပင္းက ခမည္းေပးထားတဲ့ ဆြဲႀကိဳးေလးေတာင္ အသာေလးဆြဲျဖဳတ္

ေမာင္နဲ႔ ဘဝသစ္တစ္ခု ဖန္တီးဖို႔ ဘယ္သူ႔မွ မညႇာႏိုင္ေပါင္ အေပ်ာ္ဆုံးည ေမာင္က ကိုယ္ပိုင္ကားေလးနဲ႔ က်မေနတဲ့ ႐ြာအထိ

လာခိုးမွာတဲ့ ေမွ်ာ္တုန္းေမွ်ာ္စဲမွာပဲ ကိုယ္ပိုင္ကားေလးနဲ႔ ေမာင္ေရာက္လာခဲ့ပါတယ္။

ေပ်ာ္႐ႊင္ျခင္းမ်ားစြာနဲ႔ ေမာင္ေခၚရာ လိုက္ခဲ့မိပါၿပီ။ ကားေလးေပၚမွာပဲ က်မ ဆႏၵေတြျပည့္ဝခဲ့ရပါၿပီ မနက္လင္းေတာ့ၿမိဳ႕တစ္ၿမိဳ႕တည္းေမာင္းဝင္ခဲ့ၾကတယ္။

ေမာင္က ေမာင္တို႔ႏွစ္ေယာက္ ဒီကားေလးနဲ႔ ဆက္သြားရင္ ေနာက္ကလိုက္လာ တဲ့သူေတြ ရိပ္မိသြားႏိုင္တယ္ အဲဒီေတာ့ေမာင္တို႔ ကားေျပာင္းစီးၾကမယ္တဲ့

ရန္ကုန္က လူလိမ္ လူရႈပ္ေတြ မ်ားတယ္တဲ့ ကေလးစီက ေ႐ႊေငြပစၥည္းေတြဖုန္းနဲ႔ေငြေတြ ေမာင့္စီေပးထားတဲ့

ေမာင့္ပစၥည္းေတြနဲ႔ ေပါင္းထားမယ္တဲ့ အရာရာ ေမာင့္သေဘာပါေမာင္

တစ္ေနရာေရာက္ေတာ့ လူတစ္ေယာက္က က်မနဲ႔ ေမာင္စီးလာတဲ့ ကားေလးကို လာယူသြားတယ္။ ကားဂိတ္ကို ေျခလ်င္ေလ်ာက္ၾကတယ္။

ကားဂိတ္ေရာက္ေတာ့ ကားတစ္စီးေပၚမွာ ေနရာယူလိုက္ၾကတယ္။

ေမာင္က လူေတြရိပ္မိမွာစိုးလိုတဲ့ သူ႔ကိုယ္သူ ဦးထုပ္ကို မ်က္ႏွာမေပၚေအာင္ခပ္ငိုက္ငိုက္ေဆာင္းထားၿပီး က်မေခါင္းကို ပုဝါၿခဳံခိုင္းထားတယ္ ေမာင္ကက်မကို ခပ္တိုးတိုးေလးေျပာတယ္ ကေလးတဲ့ …. ေမာင္တို႔ တစ္ညလုံး ဘာမွမစားရေသးဘူးတဲ့

ေမာင္အစားအစာေတြ သြားဝယ္အုန္းမယ္တဲ့….

လိုက့္ခဲ့မယ္ဆိုေတာ့ လူေတြရိပ္မိမယ္တဲ့ ကားေနရာေပ်ာက္မယ္တဲ့… ဆိုၿပီး တစ္ေယာက္တည္း ထြက္သြားတယ္။

ေတာ္ေတာ္နဲ႔ ျပန္မလာဘူး စိုးရိမ္လို႔ ဖုန္းဆက္မယ္လုပ္ေတာ့ ဖုန္းကေမာင့္စီပါသြားၿပီ ကားကထြက္ေတာ့မယ္ ေမာင္ကေပၚမလာ။

ကားဆရာႀကီးကို ေတာင္းပန္ၿပီး ဆက္ေစာင့္ၾကတယ္ .. ။ ၁၅မိနစ္ထိေမာင္က ေပၚမလာေတာ့ခရီးသည္ေတြက တင္းၿပီ ကားဆရာႀကီးလည္း

မတတ္သာေတာ့ က်မကိုခ်ထားခဲ့ၿပီး ကားထြက္သြားခဲ့ၿပီ … က်မစိုးထိတ္စြာ ရပ္တည္မရစြာနဲ႔ ေမာင့္ကို ဆက္ေစာင့္ခဲ့ပါတယ္။

ေနာက္ဆုံးေတာ့ မရွက္ႏိုင္ေတာ့ပါဘူး ဟိုလူ႔အကူညီေတာင္း သည္လူ႔ အကူညီေတာင္းနဲ႔ ရဲစခန္းေရာက္ခဲ့ပါေတာ့တယ္။

အေထာက္အထား ဘာမွ မရွိ မွတ္မိတဲ့ ေမာင့္ဖုန္းနံပါတ္ က်မဖုန္းနံပါတ္ေတြ ဆက္ၾကည့္ၾကေတာ့ တပ္ဆင္ထားျခင္းမရွိပါတဲ့…

ၿမိဳအႏွံ႔ရွာၾက၊ စုံစမ္းစစ္ေဆးၾကေပမဲ့ ေျခရာလည္းေပ်ာက္ ေရလည္း ေနာက္ခဲ့ပါၿပီ ေနာက္ဆုံးေတာ့ သေဘာေကာင္းလြန္းတဲ့ ရဲႀကီးေတြက ေငြေၾကးကအစ ကူညီေပးၾကလို႔သာ က်မ႐ြာျပန္ေရာက္ခဲ့ပါတယ္။

က်မ ထင္ခဲ့တာ ဒီလိုမဟုတ္ဘူး ။ က်မ ေမွ်ာ္မွန္းခဲ့တာ တာ ဒီလိုေတြ မဟုတ္ခဲ့ဘူး။

က်မ မွားသြားၿပီ ေမာင္အထင္ႀကီးခဲ့သမွ် အားလုံး အလကားပဲ ဆိုတဲ့အေတြးေတြ ႏွမခ်င္းမစာနာ လုပ္ရက္လိုက္တာဆိုတဲ့ ေဒါသေတြထက္ က်မ ဘယ္လို အင္အားနဲ႔ ႐ြာကိုဝင္ရမလဲ လူ႐ိုးႀကီးနဲ႔ သားေလးထံ ဘယ္မ်က္ႏွာနဲ႔ျပန္ရမလဲ

က်မ ဝမ္းနည္းစိတ္ေၾကာင့္ ငိုမိတယ္ . . .က်မ မိဘေတြရဲ႕ မ်က္ႏွာက်မ ေဆြမ်ိဳးေတြ ရဲ႕မ်က္ႏွာ က်မ ပတ္ဝန္းက်င္မွာ က်မ ဘယ္လိုမ်က္ႏွာျပရမလဲ။

က်မသာ အရင္ကတည္းက လင္နဲ႔သားအေပၚကိုယ့္ခ်င္းစာစိတ္ ရွိရင္က်မတို႔ မိသားစုဘဝေလး အခုလို ပ်က္စီးမွာ မဟုတ္ဘူး . . . . . .

ခုေတာ့ က်မ ခေလးတစ္ဖက္နဲ႔ က်မ ဘဝ ပ်က္ပါၿပီ .ကိုယ့္ေၾကာင့္ မိသားစုဘဝ ပ်က္ခဲ့တာကိုယ့္ ယုံစားခဲ့တာ ။

FB က ပ႐ိုဖိုင္ေလးမွာေကာ္လံကတုံးအျဖဴေလးနဲ႔ ဆံပင္အတိုေယာပုဆိုးေလးနဲ႔ ေမာင္ကိုက်မ လူႀကီး လူေကာင္း ဆန္တယ္ဆိုၿပီး

ယုံစားမိခဲ့တာ အေဖ အေမ မ်က္ႏွာရယ္ လင္နဲ႔သားမ်က္ႏွာရယ္ တစ္သက္လုံး ေစာင့္ထိန္းခဲ့တဲ့ ကိုယ့္က်င့္တရားရယ္ . . . . . .

ကိုယ့္ေပးဆပ္ရေတာ့မယ့္ အရွက္သိကၡာ အႀကီးႀကီးရယ္ ။ေနာက္ထပ္ သတိရတာက ႏိုင္လြန္ႀကိဳးေခြ တစ္ခု အခု က်မ ဘာလုပ္သင့္လည္း . .

အစ္မ တို႔ ညီမတို႔ေကာ အဲလို ႀကဳံႀကိဳက္ခဲ့ရင္ ဘယ္လိုေျဖရွင္း မလဲအေရးႀကီးတယ္ ။လိမ္နည္းအသစ္ေတြ နဲ႔ခ်ည္းကပ္တက္တယ္ ။

အမ်ိဳးေကာင္းသား ပုံစံနဲ႔ခ်ဥ္းကပ္ပါလိမ့္မယ္။ ႐ိုးသားေယာင္ေဆာင္ ခ်ိဳခ်ိဳသာသာ မိန္းမႀကိဳက္ စကားေတြေျပာၿပီး ဆြဲေဆာင္ ပါလိမ့္မယ္။

သမီးရည္းစား အဆင့္ထိ ဆြဲယူၿပီး အျပင္မွာ ခ်ိန္းေတြ ဓါတ္ပုံေတြ တြဲ႐ိုက္ပါလိမ့္မယ္။

အဲ့ဒီအခ်ိန္ေရာက္ၿပီဆိုရင္ ႐ုန္းထြက္ဖို႔ ခက္ပါလိမ့္မယ္ သတိထားၾကပါ။ ေလလႈိင္းထဲက အခ်စ္ေတြ စိတ္သာယာမႈေတြ ေနာက္မလိုက္ၾကပါနဲ႔။

မျမင္ဖူးတဲ့ လူေတြကို မယုံၾကပါနဲ႔။ မသင့္ေသာ အေရးအသားမ်ာ းပါဝင္ပါက ေတာင္းပန္အပ္ပါသည္။