သတင်းကျွတ်လအတွက် အကောင်းဆုံးယတြာ
သီတင်းကျွတ်လဆန်း(၁)ရက်နေ့ (6.10.2021) မှ သီတင်းကျွတ်လကွယ်(3.11.2021)တစ်လတာလုံး
#မြေဆီမီးခွက် ၏အလယ်ထဲတွင် “ဝ” အက္ခရာကို ဆော့ပင်ဖြင့်ရေးလိုက်ပါ။ထိုမြေခွက်ထဲ၌ နှမ်းဆီ(သို့)ထောပတ်ဆီ ဖြည့်ပြီး ဂွမ်းအနည်းငယ်ကို မီးစသဏ္ဍာန်ပြုလုပ်ကာ ဆီထည့်ထားသော မြေခွက်တွင် မီးစကို ထည့်နှစ်ပြီး
၎င်းမြေဆီမီးခွက်ကို ဆန်အပြည့်နီးပါးထည့်ထားသောပန်းကန်ပြားပေါ်တွင် တင်ထားပေးပါ။
ထို့နောက်ဆီမီးကိုထွန်းညှိ၍ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား နေ့စဉ်ပူဇော်ပေးနေရပါမည်။
ယခုလတစ်လတာတွင် နှင်းဆီပန်းအနီ၄ပွင့် စီကို နေ့စဥ်မြတ်စွာဘုရားရှင်အား လှူပေးနေခြင်းဖြင့်လည်း မိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကို ရရှိခံစားရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။
နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၇ခေါက်
ဣတိပိသောဘဂဝါ သုဂတော=၁၂ခေါက်
ဣတိပိသောဘဂဝါ သမ္မာသံဗုဒ္ဓေါ=၈ခေါက်
သီတင်းကျွတ်လနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ
တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အနောက်အရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်
အထက်ပါအတိုင်းနေ့အလိုက်နေ့စဥ်အရပ်မျက်နှာမူ ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။
ဆုတောင်းစာ
“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး သီတင်းကျွတ်လတစ်လတာအတွင်းကိုယ်ရောကျန်းမာ၊ စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်၍ စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”
ယတြာလုပ်ဆောင်ရာ၌ အသုံးပြုခဲ့သော ဆန်များကို ငါးရက်လျှင် ပြန်လည်ချီးမြှင့်ပြီး ခိုစာ၊ငှက်စာအဖြစ်ကျွေး၍ ဒါနပြုပေးလိုက်ပါ
ဤယတြာအစီအရင်ကို ငါးရက်လျှင် တစ်ကြိမ်စီ အထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာပြန်လည်၍ ပြုလုပ်ပေးနေခြင်းဖြင့် သီတင်းကျွတ်လ အတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါဗျ။
ဤယတြာကို သီတင်းကျွတ်လ တစ်လတာလုံး၌ မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက သီတင်းကျွတ်လ တစ်လတာလုံး အတွင်း၌ မိမိသည် အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍ စီးပွား လာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။
ဆရာဦးမင်းနိုင် နှင့်တကွ သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာများကို အစဉ် လေးစားဦးခိုက်နေလျက်။
ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင် ဆရာပေါက်ကျိုင်း
Zawgyi
သတင္းကြၽတ္လအတြက္ အေကာင္းဆုံးယၾတာ
သီတင္းကြၽတ္လဆန္း(၁)ရက္ေန႔ (6.10.2021) မွ သီတင္းကြၽတ္လကြယ္(3.11.2021)တစ္လတာလုံး
#ေျမဆီမီးခြက္ ၏အလယ္ထဲတြင္ “ဝ” အကၡရာကို ေဆာ့ပင္ျဖင့္ေရးလိုက္ပါ။ထိုေျမခြက္ထဲ၌ ႏွမ္းဆီ(သို႔)ေထာပတ္ဆီ ျဖည့္ၿပီး ဂြမ္းအနည္းငယ္ကို မီးစသ႑ာန္ျပဳလုပ္ကာ ဆီထည့္ထားေသာ ေျမခြက္တြင္ မီးစကို ထည့္ႏွစ္ၿပီး
၎ေျမဆီမီးခြက္ကို ဆန္အျပည့္နီးပါးထည့္ထားေသာပန္းကန္ျပားေပၚတြင္ တင္ထားေပးပါ။
ထို႔ေနာက္ဆီမီးကိုထြန္းညႇိ၍ဘုရားေက်ာင္းေဆာင္ရွိ ျမတ္စြာဘုရားရွင္အား ေန႔စဥ္ပူေဇာ္ေပးေနရပါမည္။
ယခုလတစ္လတာတြင္ ႏွင္းဆီပန္းအနီ၄ပြင့္ စီကို ေန႔စဥ္ျမတ္စြာဘုရားရွင္အား လႉေပးေနျခင္းျဖင့္လည္း မိမိအတြက္ထူးျခားမႉျဖစ္စဥ္မ်ားေကာင္းက်ိဳးမ်ားစြာကို ရရွိခံစားရမည္ျဖစ္သည္။
ကံေခ်ကန္ေတာ့ျခင္းကို လုပ္ေဆာင္ဖို႔ရန္ မေမ့ပါႏွင့္။
ေန႔စဥ္ေအာက္ေဖာ္ျပပါဂုဏ္ေတာ္မ်ားကို႐ြတ္ဖတ္ပါ။
ဣတိပိေသာဘဂဝါ ဝိဇၨာစရဏသမၸေႏၷာ=၁၇ေခါက္
ဣတိပိေသာဘဂဝါ သုဂေတာ=၁၂ေခါက္
ဣတိပိေသာဘဂဝါ သမၼာသံဗုေဒၶါ=၈ေခါက္
သီတင္းကြၽတ္လေန႔စဥ္လာဘ္ပြင့္အရပ္မ်က္ႏွာမ်ား
တနဂၤေႏြေန႔=ေျမာက္အရပ္
တနလၤာေန႔=ေတာင္အရပ္
အဂၤါေန႔=အေရွ႕အရပ္
ဗုဒၶဟူးေန႔=အေနာက္အရပ္
ၾကာသပေတးေန႔=အေရွ႕အရပ္
ေသာၾကာေန႔=ေျမာက္အရပ္
စေနေန႔=ေတာင္အရပ္
အထက္ပါအတိုင္းေန႔အလိုက္ေန႔စဥ္အရပ္မ်က္ႏွာမူ ဧဟိလာဘံ ဟူ၍(၂၇)ေခါက္တိတိ႐ြတ္ေပးရပါမည္။
ဆုေတာင္းစာ
“အကြၽႏ္ုပ္ႏွင့္တကြ အကြၽႏ္ုပ္၏တစ္မိသားစုလုံး သီတင္းကြၽတ္လတစ္လတာအတြင္းကိုယ္ေရာက်န္းမာ၊ စိတ္ေရာခ်မ္းသာစြာျဖင့္ မေကာင္းေသာ အညံ့အပ၊အတိုက္အခိုက္ မ်ား မွန္သမွ် ကင္းရွင္းေစၿပီး ေကာင္းျခင္းမဂၤလာအျဖာျဖာျဖင့္ ေအာင္ျမင္၍ စီးပြားလာဘ္လာဘ တိုးတက္အဆင္ေျပရပါလို၏။”
ယၾတာလုပ္ေဆာင္ရာ၌ အသုံးျပဳခဲ့ေသာ ဆန္မ်ားကို ငါးရက္လွ်င္ ျပန္လည္ခ်ီးျမႇင့္ၿပီး ခိုစာ၊ငွက္စာအျဖစ္ေကြၽး၍ ဒါနျပဳေပးလိုက္ပါ
ဤယၾတာအစီအရင္ကို ငါးရက္လွ်င္ တစ္ႀကိမ္စီ အထက္ပါနည္းအတိုင္း သတိတရေလးႏွင့္ တိက်စြာျပန္လည္၍ ျပဳလုပ္ေပးေနျခင္းျဖင့္ သီတင္းကြၽတ္လ အတြင္း ကံေကာင္းျခင္းမ်ား ရယူပိုင္ဆိုင္လိုက္ပါဗ်။
ဤယၾတာကို သီတင္းကြၽတ္လ တစ္လတာလုံး၌ မည္သည့္ေန႔ရက္မွမဆို စတင္၍လုပ္ေဆာင္ႏိုင္သည္။
ဤယၾတာအစီအရင္သည္ အလြန္အစြမ္းထက္ ထိေရာက္ေသာေၾကာင့္ ယုံယုံၾကည္ၾကည္လုပ္ပါက သီတင္းကြၽတ္လ တစ္လတာလုံး အတြင္း၌ မိမိသည္ အတိုက္အခိုက္ အေႏွာင့္အယွက္မ်ား ကင္းေဝးေစ၍ စီးပြား လာဘ္႐ႊင္ သုခ ခ်မ္းသာျခင္းမ်ား ရရွိပါမည္။
ဆရာဦးမင္းႏိုင္ ႏွင့္တကြ သင္ဆရာ၊ျမင္ဆရာ၊ ၾကားဆရာမ်ားကို အစဥ္ ေလးစားဦးခိုက္ေနလ်က္။
ယုံၾကည္ အားကိုး ဆႏၵရွိသူမ်ားအတြက္ ေဗဒင္ႏွင့္အထူးယၾတာေပးပညာရွင္ ဆရာေပါက္က်ိဳင္း



