ၾကားသိရသမွ်

Facebook ကိုနာရီအနည်းငယ် အသုံးပြုမရတဲ့အချိန်အတွင်း ဒေါ်လာ ၆ ဘီလျံကျော် ဆုံးရှုံးသွားတဲ့ မာ့ဇူကာဘက်

မနေ့ညက ကမ္ဘာတဝှမ်းမှာ Facebook,Instagramနဲ့WhatsAppလူမှုမီဒီယာတွေအသုံးပြုလို့မရဖြစ်ခဲ့ကာချို့ယွင်းသွားခဲ့ပါတယ်။

ဒီအကြောင်းကို Facebook တည်ထောင်သူမာ့ခ်ဇူကာဘက်ဂျ်ကလည်းအတည်ပြုခဲ့ပြီး ဒီနေ့မနက်ပိုင်းလောက်မှာ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်တယ်လို့ သူ့ရဲ့တရားဝင်ဖေ့ဘွတ်ခ်အကောင့်ကနေအသိပေးခဲ့ပါတယ်။

အကြောင်းရင်းကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိခဲ့ပေမယ့် Facebook အသုံးပြုသူအများအပြားရဲ့ဝေဖန်မှုတွေကိုရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုမျိုး အသုံးပြုမရတဲ့အချိန်အနည်းငယ်အတွင်းမှာပဲ Forbes ရဲ့ပြောဆိုချက်အရမာ့ခ်ဇူကာဘက်ဟာ ကြီးမားတဲ့ဘဏ္ဍာရေးအကျိုးဆက်နဲ့ရင်ဆိုင်ခဲ့ရပြီး ရှယ်ယာစျေးနှုန်းတွေထိုးကျခဲ့ကာ ဒေါ်လာ ၆ဘီလျံခန့်ဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။

နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့တယ်လို့သာကနဦးအနေနနဲ့သိထားရပြီးအသုံးပြုသူတွေကို စိတ်ပျက်စေခဲ့တဲ့နည်းတူတဖက်မှာလည်းကြီးမားတဲ့ဆုံးရှုံးမှုနဲ့ ဇူကာဘက်ကရင်ဆိုင်လိုက်ရတာလည်းဖြစ်ပါတယ်။

စုစုပေါင်းအားဖြင့် ဒေါ်လာ ၆.၇ ဘီလျံအထိ ဆုံးရှုံးခဲ့တယ်လို့သိရပြီးအချိန်တိုအတွင်းစတော့ရှယ်ယာစျေးနှုန်းတွေပြုတ်ကျခဲ့တာလည်းဖြစ်ပါတယ်။

ဒီလိုဆုံးရှုံးမှုနဲ့အတူ Forbes ကထုတ်ပြန်ခဲ့တဲ့ကမ္ဘာ့အချမ်းသာဆုံးလူပုဂ္ဂိုလ်တွေစာရင်းမှာဇူကာဘက်ကအဆင့် ၆ နေရာကိုရောက်ရှိသွားခဲ့ပြီး Space X တည်ထောင်သူ အီလွန်မက်စ်နဲ့ အတူတူရပ်တည်သွားခဲ့ရပါတယ်။

မကြာသေးခင်ကလည်းဒေတာသိပ္ပံပညာရှင် Frances Haugen ကဖေ့ဘွတ်ခ်ရဲ့ဝန်ဆောင်မှုတွေဟာ သုံးစွဲသူတွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေရှိနေတာကိုသူသတိပြုမိကြောင်းရေးသားခဲ့ပြီးကုမ္ပဏီဟာသတင်းအမှားတွေကို တိုက်ဖျက်ဖို့ထက်သူတို့ရဲ့အကျိုးအမြတ်ကိုသာရှေ့တန်းတင်ခဲ့ပြီးဆင်ဆာဖြတ်တောက်မယ့်အစီအမံတွေကို ဦးစားပေးလုပ်ဆောင်နေခဲ့တယ်လို့သူကရေးသားပြောဆိုခဲ့ပါတယ်။

(Zawgyi)

Facebook ကိုနာရီအနည္းငယ္ အသုံးျပဳမရတဲ့အခ်ိန္အတြင္း ေဒၚလာ ၆ ဘီလ်ံေက်ာ္ ဆုံးရႈံးသြားတဲ့ မာ့ဇူကာဘက္

မေန႔ညက ကမာၻတဝွမ္းမွာ Facebook, Instagram နဲ႔ WhatsApp လူမႈမီဒီယာေတြ အသုံးျပဳလို႔မရျဖစ္ခဲ့ကာ ခ်ိဳ႕ယြင္းသြားခဲ့ပါတယ္။

ဒီအေၾကာင္းကို Facebook တည္ေထာင္သူ မာ့ခ္ဇူကာဘက္ဂ်္ကလည္း အတည္ျပဳခဲ့ၿပီး ဒီေန႔မနက္ပိုင္းေလာက္မွာ ျပန္လည္အသုံးျပဳႏိုင္ၿပီျဖစ္တယ္လို႔ သူ႔ရဲ႕ တရားဝင္ေဖ့ဘြတ္ခ္အေကာင့္ကေန အသိေပးခဲ့ပါတယ္။

အေၾကာင္းရင္းကိုေတာ့ ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမရွိခဲ့ေပမယ့္ Facebook အသုံးျပဳသူအမ်ားအျပားရဲ႕ ေဝဖန္မႈေတြကို ရင္ဆိုင္ခဲ့ရပါတယ္။

ဒီလိုမ်ိဳး အသုံးျပဳမရတဲ့အခ်ိန္အနည္းငယ္အတြင္းမွာပဲ Forbes ရဲ႕ ေျပာဆိုခ်က္အရ မာ့ခ္ဇူကာဘက္ဟာ ႀကီးမားတဲ့ဘ႑ာေရးအက်ိဳးဆက္နဲ႔ ရင္ဆိုင္ခဲ့ရၿပီး ရွယ္ယာေစ်းႏႈန္းေတြ ထိုးက်ခဲ့ကာ ေဒၚလာ ၆ ဘီလ်ံခန႔္ ဆုံးရႈံးခဲ့ရတယ္လို႔ သိရပါတယ္။

နည္းပညာပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းမႈျဖစ္ေပၚခဲ့တယ္လို႔သာ ကနဦးအေနနနဲ႔ သိထားရၿပီး အသုံးျပဳသူေတြကို စိတ္ပ်က္ေစခဲ့တဲ့နည္းတူ တဖက္မွာလည္း ႀကီးမားတဲ့ဆုံးရႈံးမႈနဲ႔ ဇူကာဘက္က ရင္ဆိုင္လိုက္ရတာလည္းျဖစ္ပါတယ္။
စုစုေပါင္းအားျဖင့္ ေဒၚလာ ၆.၇ ဘီလ်ံအထိ ဆုံးရႈံးခဲ့တယ္လို႔သိရၿပီး အခ်ိန္တိုအတြင္း စေတာ့ရွယ္ယာေစ်းႏႈန္းေတြ ျပဳတ္က်ခဲ့တာလည္းျဖစ္ပါတယ္။

ဒီလိုဆုံးရႈံးမႈနဲ႔အတူ Forbes က ထုတ္ျပန္ခဲ့တဲ့ ကမာၻ႔အခ်မ္းသာဆုံးလူပုဂၢိဳလ္ေတြစာရင္းမွာ ဇူကာဘက္က အဆင့္ ၆ ေနရာကို ေရာက္ရွိသြားခဲ့ၿပီး Space X တည္ေထာင္သူ အီလြန္မက္စ္နဲ႔ အတူတူရပ္တည္သြားခဲ့ရပါတယ္။
မၾကာေသးခင္ကလည္း ေဒတာသိပၸံပညာရွင္ Frances Haugen က ေဖ့ဘြတ္ခ္ရဲ႕ဝန္ေဆာင္မႈေတြဟာသုံးစြဲသူေတြအေပၚ ဆိုးက်ိဳးသက္ေရာက္မႈေတြရွိေနတာကို သူ သတိျပဳမိေၾကာင္း ေရးသားခဲ့ၿပီး ကုမၸဏီဟာ သတင္းအမွားေတြကို တိုက္ဖ်က္ဖို႔ထက္ သူတို႔ရဲ႕အက်ိဳးအျမတ္ကိုသာ ေရွ႕တန္းတင္ခဲ့ၿပီး ဆင္ဆာျဖတ္ေတာက္မယ့္အစီအမံေတြကို ဦးစားေပးလုပ္ေဆာင္ေနခဲ့တယ္လို႔ သူက ေရးသားေျပာဆိုခဲ့ပါတယ္။

Credit-TRNs