လစာတွေလအကုန်မှာရောက်မလာတော့အလှကမ္ဘာကယူနီဖောင်းလေးဟာခဏတာတော့ဂျူတီပြောင်းရတာပေါ့ ။
တချို့ငွေသော်တာလေးတွေကအိမ်မှာသာပြီးတချို့ဥယျာဉ်မှူးလေးတွေကခြံထဲဆင်းတယ် ။
မြေဖြူကိုင်တဲ့လက်လေးတချို့ကဈေးရောင်းပြီးကျောင်းမသွားဖြစ်တဲ့စလစ်ပါအပါးလေးတချို့ကမီးဖိုချောင်ထဲဝင်ကြတယ် ။
ရိက္ခာတွေ မစုံပေမယ့်သိက္ခာတွေ ပုံထားတဲ့ဒီပွဲမှာ
နောက်ဆုံးကျဘယ်သူတွေ လိပ်ပြာလုံရမလဲ ။
လောကဓံကို ကြံ့ကြံ့ခံရင်းရောဂါဒဏ်ကို ကြံ့ကြံ့ခံရင်း
ပိုကြံ့ခိုင်ဖို့ကြိုးစားနေတဲ့ကာယသင်ခန်းစာထဲက
ကြံ့ခိုင်ရေးနည်းပြလေးပါ ။
ကိုယ့်စိတ်နဲ့ကိုယ်ပိတ်ထားတဲ့ကျောင်းလေးပြန်ဖွင့်မှ
ဆရာမလေးဟာဆရာမလေးနဲ့ ပြန်တူမယ် တဲ့ ။
(လေးစားရသောဆရာမလေးများ သို့)
Crd
#k.t.m
Unicode
ရိက်ခာတှေ မစုံပမေယ့ျသိက်ခာတှေ ပုံထားတဲ့ဒီပှဲမှာ
နောကျဆုံးကဘြယျသူတှေ လိပျပွာလုံရမလဲ ။