အိန္ဒိယလေကြောင်း (Air India) ပိုင် လေယာဉ်တစင်း ဒေလီမြို့က လူကူးတံတားအောက် ညပ်နေပုံ ဗီဒီယိုက လူမှုကွန်ရက်မှာ လူပြောများနေပါတယ်။အဟောင်းစျေးနဲ့ ရောင်းထားပြီးသားလို့ ဆိုတဲ့ အဲဒီလေယာဉ်ကိုယ်ထည်ကြီးကို ကားနဲ့ သယ်သွားတုန်းမှာ တံတားအောက်ထဲ ညပ်သွားခဲ့တာပါ။
တောင်ပံတွေ ဖြုတ်ထားပြီးတဲ့ အဲဒီလေယာဉ်ကြီးဘေးမှာ ကားတွေ မပြတ်သွားနေပုံကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ဒီဗီဒီယိုကို တွစ်တာပေါ်တင်ခဲ့တဲ့ သတင်းထောက်တစ်ယောက်က အိန္ဒိယလေကြောင်းကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ကို လူမှုကွန်ရက်ပေါ်မှာ ပြန်ဝေမျှထားပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ဒီလေယာဉ်ဟာ အိန္ဒိယလေကြောင်းကုမ္ပဏီနဲ့ ဘာမှ မပတ်သက်တော့ဘူးလို့ ဖော်ပြထားပါတယ်။
“ဒီလေယာဉ်ဟာ အိန္ဒိယလေကြောင်းကုမ္ပဏီကနေ အဟောင်းစျေးနဲ့ ဖျက်ပြီး ရောင်းထားတဲ့ လေယာဉ်ဖြစ်ပါတယ်။ ကုမ္ပဏီစာရင်းကနေလည်း ပယ်ဖျက်သားပြီး ဖြစ်ပါတယ်။ ဝယ်သွားတဲ့သူက မနေ့ညတုန်းက လေယာဉ်ကိုယ်ထည်ကို သယ်သွားတာပါ။ ဒီလေယာဉ်ဟာ အိန္ဒိယလေကြောင်းကုမ္ပဏီနဲ့ ဆက်နွှယ်ပတ်သက်မှု လုံးဝ မရှိတော့ပါဘူး” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေလီလေဆိပ် တာဝန်ရှိသူတွေကလည်း “ဒီလေယာဉ်ဟာ ဒေလီလေဆိပ်ရဲ့ လေယာဉ်မှာ ပြေးဆွဲနေတဲ့ လေယာဉ်အုပ်စုထဲမှာ မပါကြောင်းနဲ့ အဲဒီလေယာဉ်ဟောင်းကို သယ်သွားတဲ့သူက လမ်းမှာ အတွက်မှားပြီး တံတားအောက် ဝင်သွားတာ ဖြစ်နိုင်ကြောင်း” Times of India သတင်းစာကို ပြောပြပါတယ်။
အဲဒီဗီဒီယိုကို တွစ်တာနဲ့ ယူကျုဘ် လူမှုစာမျက်နှာတွေပေါ်မှာ လူတွေ သိန်းသောင်းချီ ကြည့်ခဲ့ကြပြီး အဲဒီလေယာဉ် ဘာ့ကြောင့် တံတားအောက်ထဲ ဝင်သွားခဲ့တာလဲ ဆိုတာကို အတော်များများက မေးခွန်းထုတ်နေကြပါတယ်။
ဒီဗီဒီယိုကို တွစ်တာပေါ်တင်ခဲ့တဲ့ သတင်းထောက်တစ်ယောက်က အိန္ဒိယလေကြောင်းကုမ္ပဏီရဲ့ ထုတ်ပြန်ချက်ကို လူမှုကွန်ရက်ပေါ်မှာ ပြန်ဝေမျှထားပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ဒီလေယာဉ်ဟာ အိန္ဒိယလေကြောင်းကုမ္ပဏီနဲ့ ဘာမှ မပတ်သက်တော့ဘူးလို့ ဖော်ပြထားပါတယ်။အဲဒီဗီဒီယို လူတွေကြား ပျံ့သွားချိန်မှာပဲ တချို့က တံတားအောက်ထဲ ဒီလေယာဉ် ရောက်နေတာ အခုဆို ရက်ပိုင်းတောင်ကြာပြီလို့ တွစ်တာမှာ ရေးနေကြပါတယ်။
တချို့ကတော့ လေယာဉ်ကို မသယ်ခင် လမ်းကြောင်းကို အရင် စစ်ဆေးသင့်တယ်လို့ ပြောနေကြပါတယ်။အတော်များများကတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက အနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အလားတူ ဖြစ်ရပ်တခုနဲ့ ပြန်ခိုင်းနှိုင်း ပြောနေကြပါတယ်။ အဲဒီတုန်းကလည်း အိန္ဒိယလေကြောင်းပိုင် လေယာဉ်အဟောင်းကြီးတစင်း တံတားအောက်မှာ ညပ်မိနေခဲ့တာပါ။
#WATCH An @airindiain plane ✈️ (not in service) got stuck under foot over bridge. Can anyone confirm the date and location?
The competition starts now👇 pic.twitter.com/pukB0VmsW3— Ashoke Raj (@Ashoke_Raj) October 3, 2021