ၾကားသိရသမွ်






Rain (For Ialinks)

Unicode

ကလေးမီးဖွားနေစဥ်အတွင်းကို နာကျင်တာသက်သာစေရန် Mobile Legendsအဆော့မပျက်ခဲ့သော မိခင်တစ်ဦး

မီးဖွားချိန်သည် ကိုယ်ဝန်ဆောင်မိခင်တိုင်းအတွက် ထိတ်လန့်ဖွယ်အကောင်းဆုံးနှင့် အနာကျင်ရဆုံး အပင်ပန်းရဆုံးသောအချိန်သာ ဖြစ်တာကြောင့် မွေးမိခင်များသည် ရက်အတော်ကြာထိ အားအင်မပြည့်ဝသေးပဲ သိပ်ပြီးမလှုပ်ရှားနိုင်ကြပေ။

သို့သော်လည်း ဗီယက်နမ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ဆောင်ချိန်ကစပြီး ခင်ပွန်းဖြစ်သူမှ အလုပ်မလုပ်ခိုင်းတော့ပဲ အနားယူခိုင်းခဲ့တာကြောင့် တစ်နေ့တစ်နေ့ အိမ်မှာပဲနေရင်းက အပျင်းပြေစေရန် ဖုန်းတစ်လုံးနှင့် ဂိမ်းဆော့ရင်း အချိန်ကုန်စေခဲ့သည်။

အမျိုးသမီးသည် မီးဖွားခါနီးအချိန်တွင် ခင်ပွန်းသည်မှ ဆေးရုံသို့အပြေးလွှားပို့ပေးခဲ့သော်လည်း မီးဖွားခန်းထဲတွင် နာကျင်မှုဒဏ်ကိုမခံစားရသည့်ဟန် အေးအေးဆေးဆေးနဲ့ ဂိမ်းအဆော့မပျက်ပဲ ဖြစ်နေခဲ့ရာ ဆရာဝန်များကပင် အံ့အားသင့်ခဲ့ကြသည်။

အမျိုးသမီးသည် မီးဖွားစဥ်အတွင်း ဂိမ်းအဆော့မပျက်ခဲ့သော အဖြစ်အပျက်လေးသည် ဆေးရုံတစ်ခုလုံး ပျံ့နှံ့သွားခဲ့ပြီး အမျိုးသမီးမှ သူမဂိမ်းဆော့ရခြင်းအကြောင်းသည် နာကျင်ခံစားရသက်သာစေရန်အတွက်သာ ရည်ရွယ်ကြောင်း ဆိုခဲ့သည်။

Rain (For Ialinks)