ၾကားသိရသမွ်

ဝိသမလောဘသား ဈေးသည်တွေရဲ့ လျှို့ဝှက်ချက်ကို ဖော်လိုက်ပြီ

ဝိသမလောဘသား ဈေးသည်တွေရဲ့ လျှို့ဝှက်ချက်ကို ဖော်လိုက်ပြီ

မိသားစု လိုက် အစုလိုက် အပြုံ လိုက် အစားစာရင်း ကွယ်လွန်သွားတယ်တို့ ဘာတို့ ဆိုတာ ကျွန်မ တို့ ဖေ့ဘုတ်မှာ လည်း မြင်ဘူး တယ် ဖတ်ဘူးပါတယ် …ဒီလို မျိုး စျေးသည် တွေရှိလို့ လည်း အဲဒီလို ဖြစ်ကြတာ နေမယ် … ဒီ မနက် ကျွန်မ စျေးသွားပါတယ် …

ပိန္နဲကွင်း လေး တွေ ဖွေးဖြူ သန့်ပြန့် နေတော့ တခုခုလေး နဲ့ ရော ချက်မယ် စိတ်ကူး နဲ့ ဆလုံကြီး နဲ့ ရေစိမ်ထားသော ပိန္နဲ ကွင်း တွေကို ကျွန်မ ဆယ်ယူပြီး ချိန်ခိုင်း လိုက်ပါတယ် … ပိုက်ဆံရှင်းပြီး ကျွန်မ စျေးပတ်နေတဲ့ အချိန်ပဲ ကျွန်မ လက်တစ်ဖက် တော်တော် နီ ပြီး ယားလာတာ…

စောနက ပိန္နဲ ကွင်း စိမ် ထားသော ရေတွေ ကိုင်ခဲ့တဲ့ လက် တစ်ဖက် ပါ … ကျွန်မ စိတ်ထဲ ဒီလက်တွေကလည်း ဘာဖြစ်နေလဲ မသိဘူး လို့ မနေ့က ကျ တုန်တယ် ဒီနေ့ကျ ယားတယ် ဆိုပြီး ဘဝင်မကျ ဖြစ်နေမိပါတယ် … ကျွန်မ စျေးပတ်ပြီး စောနက ကျွန်မ ဝယ်ခဲ့သော ပိန္နဲကွင်း ရောင်းသော ကုန်စိမ်းသည် ရှေ့ ကို ကျွန်မ ပြန်ရောက် သွားပါတယ် …

ကျွန်မလည်း ဘာရယ် မဟုတ်ဘူး သူကို လှမ်းကြည့်လိုက်တာ သူက ပိန္နဲသီး ခွဲနေပါတယ် … ကျွန်မ ကြည့်နေတဲ့ အချိန်ပဲ သူက ပိန္နဲသီး နည်းနည်းသာ ကျန်တော့ သည် ရေဇလုံ ထဲ ကို ( စတိုင် အစွန်းချွတ်ဆေး ) တစ်ထုပ် ကို ဖောက် ထည့် ပြီး သူလက်နဲ့ မွှေလိုက်ပါတော့ တယ် … ဘုရားသခင် ကျွန်မ မင်သက် အံသြစွာ နဲ့ ပဲ သူဘာဆက်လုပ်မလဲ ထပ်ကြည့်နေပါတယ် …သူက ပိန္နဲသီး ကို ခွဲတယ် အခွံခွာ တယ် စိတ်တယ် ပြီးတော့ အဲ ဇလုံထဲကို ပစ်ထည့် ပါလေ ရော့ …

သွားပြီ ကျွန်မ လက်ယားနေတာက အစွန်းချွတ်ဆေး ရေ တွေ ထိ မိတာ ဆိုတာ ကျွန်မ သိသွားပါပြီ …ဒီ မိန်းမကြီး ဒီလို့ သူ စျေးရောင်း ရဖို့ အရေး စားသုံးသူ ပြည်သူ တွေကို ဘာဖြစ်ဖြစ် ဆိုပြီး ကိုယ်ကျိုးစီးပွား ရှာနေတာမျိုး ကိုတော့ ကျွန်မ လက်မခံပါဘူး …စျေးရုံး ကို သွားတိုင်ရမယ် ဟုတ်တယ် ကျွန်မ စျေးရုံး ကို သွားခဲ့ပါတယ် … စျေးရုံး ရောက်တော့ စျေးခေါင်း နဲ့ တွေ့ပါတယ် …” ဘာဖြစ်တာလဲ ညီမ အလေးမပြည့်လို့လား ” မဟုတ်ပါဘူး လို့ ဒီ ကုန်စိမ်းသည် လုပ်ပုံတွေ ကို ကျွန်မ ပြောပြလိုက်ပါတယ် …

နေရာ ပြောပြလိုက်တော့ သူတို့ သိပါတယ် အဲ ပိန္နဲကွင်း ဇလုံ ရော၊ စျေးသည် ကိုပါ ခေါ်လာကျတယ် … စျေးသည် က ကျွန်မ ကို “ဘာဖြစ်လို့လဲ ” ” အန်တီ ပိန္နဲကွင်း ထဲ ကို ဘာလို့ အစွန်းချွတ်ဆေး တွေ ထည့်တာလဲ အခန့်မသင့် ရင် တစ်အိမ်လုံး သေသွားနိုင်တယ် ဆိုတာ အန်တီ မသိဘူးလား ”

တစ်စျေး လုံး ဒီလို လုပ်နေကျတာပဲ ” ” ကဲ စျေးခေါင်း ကြားပြီနော် သူ ပြည်သူတွေ ကို ရောင်းတဲ့ ကုန်စိမ်းတွေ မှာ လူကို စားမိရင် သေစေနိုင်တဲ့ ဆိုက်အဖက် တွေ သုံးပြီး စီးပွား ရှာနေတယ် ဆိုတာ သူကို ပြင်းပြင်း ထန်ထန် အရေး ယူပေးပါ ကျွန်မ ပြန်လိုက်ပါအုံးမယ် ‘” ဆိုပြီး စျေးရုံး ထဲ က ထွက်လာပါတော့ တယ်။

အားလုံး သိတဲ့ အတိုင်းပဲ စျေးခေါင်းနဲ့ စျေးသည် ဆိုတာ စွယ်တော်ရွက် လို့ ပဲ … ကျွန်မ ဘယ်လိုပြောပြော စျေးသည် ကိုတော့ ထောင်ထဲတော့ ပို့မှာ မဟုတ်ပါဘူး … ဒါမျိုးတွေ နောက်လုပ်မရောင်း နဲ့ / ဒီလိုတွေ လုပ်လို့ ဒီ စျေးမှာ စျေးမရောင်း ရဆို တဲ့ ပြစ်ဒဏ် က အကြီးဆုံးပဲ ဖြစ်မှာပါ …

စျေးသည်ကလည်း စျေးရောင်းမှ ထမင်းစားရမှာ သူလည်း ဒီစျေးမရောင်းရလဲ နောက်စျေး ရောင်း နေအုံးမှာပါပဲ … ပြောချင်တာကတော့ အခု ခေတ်က ကိုယ် စားသောက်မယ် အသီးအနှံ တွေ လိုအပ် တဲ့ သဘာဝ ထပ် သန့်ပြန့်လေ ပိုသတိ ထား ကျ စေချင် တယ် ဆိုတာပါပဲ …


မိသားစု လိုက် အစုလိုက် အပြုံ လိုက် အစားစာရင်း ကွယ်လွန်သွားတယ်တို့ ဘာတို့ ဆိုတာ ကျွန်မ တို့ ဖေ့ဘုတ်မှာ လည်း မြင်ဘူး တယ် ဖတ်ဘူးပါတယ် …ဒီလို မျိုး ဈေးသည် တွေရှိလို့ လည်း အဲဒီလို ဖြစ်ကြတာ နေမယ် … ဒီ မနက် ကျွန်မ ဈေးသွားပါတယ် …

ပိန္နဲကွင်း လေး တွေ ဖွေးဖြူ သန့်ပြန့် နေတော့ တခုခုလေး နဲ့ ရော ချက်မယ် စိတ်ကူး နဲ့ ဆလုံကြီး နဲ့ ရေစိမ်ထားသော ပိန္နဲ ကွင်း တွေကို ကျွန်မ ဆယ်ယူပြီး ချိန်ခိုင်း လိုက်ပါတယ် … ပိုက်ဆံရှင်းပြီး ကျွန်မ ဈေးပတ်နေတဲ့ အချိန်ပဲ ကျွန်မ လက်တစ်ဖက် တော်တော် နီ ပြီး ယားလာတာ…

စောနက ပိန္နဲ ကွင်း စိမ် ထားသော ရေတွေ ကိုင်ခဲ့တဲ့ လက် တစ်ဖက် ပါ … ကျွန်မ စိတ်ထဲ ဒီလက်တွေကလည်း ဘာဖြစ်နေလဲ မသိဘူး လို့ မနေ့က ကျ တုန်တယ် ဒီနေ့ကျ ယားတယ် ဆိုပြီး ဘဝင်မကျ ဖြစ်နေမိပါတယ် … ကျွန်မ ဈေးပတ်ပြီး စောနက ကျွန်မ ဝယ်ခဲ့သော ပိန္နဲကွင်း ရောင်းသော ကုန်စိမ်းသည် ရှေ့ ကို ကျွန်မ ပြန်ရောက် သွားပါတယ် …


သွားပြီ ကျွန်မ လက်ယားနေတာက အစွန်းချွတ်ဆေး ရေ တွေ ထိ မိတာ ဆိုတာ ကျွန်မ သိသွားပါပြီ …ဒီ မိန်းမကြီး ဒီလို့ သူ ဈေးရောင်း ရဖို့ အရေး စားသုံးသူ ပြည်သူ တွေကို ဘာဖြစ်ဖြစ် ဆိုပြီး ကိုယ်ကျိုးစီးပွား ရှာနေတာမျိုး ကိုတော့ ကျွန်မ လက်မခံပါဘူး …ဈေးရုံး ကို သွားတိုင်ရမယ် ဟုတ်တယ် ကျွန်မ ဈေးရုံး ကို သွားခဲ့ပါတယ် … ဈေးရုံး ရောက်တော့ ဈေးခေါင်း နဲ့ တွေ့ပါတယ် …” ဘာဖြစ်တာလဲ ညီမ အလေးမပြည့်လို့လား ” မဟုတ်ပါဘူး လို့ ဒီ ကုန်စိမ်းသည် လုပ်ပုံတွေ ကို ကျွန်မ ပြောပြလိုက်ပါတယ် …

နေရာ ပြောပြလိုက်တော့ သူတို့ သိပါတယ် အဲ ပိန္နဲကွင်း ဇလုံ ရော၊ ဈေးသည် ကိုပါ ခေါ်လာကျတယ် … ဈေးသည် က ကျွန်မ ကို “ဘာဖြစ်လို့လဲ ” ” အန်တီ ပိန္နဲကွင်း ထဲ ကို ဘာလို့ အစွန်းချွတ်ဆေး တွေ ထည့်တာလဲ အခန့်မသင့် ရင် တစ်အိမ်လုံး သေသွားနိုင်တယ် ဆိုတာ အန်တီ မသိဘူးလား ”

တစ်ဈေး လုံး ဒီလို လုပ်နေကျတာပဲ ” ” ကဲ ဈေးခေါင်း ကြားပြီနော် သူ ပြည်သူတွေ ကို ရောင်းတဲ့ ကုန်စိမ်းတွေ မှာ လူကို စားမိရင် သေစေနိုင်တဲ့ ဆိုက်အဖက် တွေ သုံးပြီး စီးပွား ရှာနေတယ် ဆိုတာ သူကို ပြင်းပြင်း ထန်ထန် အရေး ယူပေးပါ ကျွန်မ ပြန်လိုက်ပါအုံးမယ် ‘” ဆိုပြီး ဈေးရုံး ထဲ က ထွက်လာပါတော့ တယ်။

အားလုံး သိတဲ့ အတိုင်းပဲ ဈေးခေါင်းနဲ့ ဈေးသည် ဆိုတာ စွယ်တော်ရွက် လို့ ပဲ … ကျွန်မ ဘယ်လိုပြောပြော ဈေးသည် ကိုတော့ ထောင်ထဲတော့ ပို့မှာ မဟုတ်ပါဘူး … ဒါမျိုးတွေ နောက်လုပ်မရောင်း နဲ့ / ဒီလိုတွေ လုပ်လို့ ဒီ ဈေးမှာ ဈေးမရောင်း ရဆို တဲ့ ပြစ်ဒဏ် က အကြီးဆုံးပဲ ဖြစ်မှာပါ …

ဈေးသည်ကလည်း ဈေးရောင်းမှ ထမင်းစားရမှာ သူလည်း ဒီဈေးမရောင်းရလဲ နောက်ဈေး ရောင်း နေအုံးမှာပါပဲ … ပြောချင်တာကတော့ အခု ခေတ်က ကိုယ် စားသောက်မယ် အသီးအနှံ တွေ လိုအပ် တဲ့ သဘာဝ ထပ် သန့်ပြန့်လေ ပိုသတိ ထား ကျ စေချင် တယ် ဆိုတာပါပဲ …