ကြက်တူရွေးကဲ့သို့ လူစကား မတောက်တခေါက်ပြောတတ်တဲ့ အိမ်မွေးတိရစ္ဆာန်တွေဟာ တစ်ခါတလေ ရာဇဝတ်မှုတွေကို ဖော်ထုတ်ရာမှာ လိမ္မာပါးနပ်ကြပါတယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ပေမယ့် တစ်ချို့သောကိစ္စရပ်တွေမှာတော့ ၎င်း အိမ်မွေးတိရစ္ဆာန်တွေရဲ့ အကူအညီဟာ လူတွေကူညီနိုင်တာထက် ထိရောက်တတ်ပါတယ်။
အခုလည်း အိမ်မွေးကြက်တူရွေးတစ်ကောင်ဟာ အိမ်ဖော်နဲ့ဖောက်ပြန်တဲ့ ခင်ပွန်းသည်အကြောင်းကို ဖောက်သည်ပြန်ချခဲ့ပါတယ်။ ဒီလို ပြုလုပ်ခဲ့တဲ့အတွက် အိမ်ရှင်အိမ်ထောင်သည်ယောက်ျားဟာ ဇနီးနဲ့ ကွာရှင်းရမလို၊ ထောင်ဒဏ် ကျခံရမလိုအထိကို ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။
အဲဒီ မိသားစုရဲ့နာမည်တွေကို ဖော်ပြမထားပေမယ့် ဒီသတင်းကို ကြက်တူရွေးက အိမ်ရှင်မရှေ့မှာ စာရွတ်သလို တတွတ်တွတ်ရွတ်ဆိုခဲ့ပါတယ်။ အိမ်ရှင်မကလည်း ပထမတော့ ကြက်တူရွေးတို့ သာလိကာတို့ ထုံးစံအတိုင်း ပေါက်တက်ကရ လျှောက်ပြောနေတယ်ပဲ မှတ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှတော့ ဒီကစ္စဟာ အမှန်တကယ်ဖြစ်တယ်ဆိုတာကို ရိပ်မိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ ခင်ပွန်းသည်ကို တပ်အပ်စွပ်စွဲတဲ့အခါ ခင်ပွန်းသည်က လုံးဝ မဟုတ်ကြောင်း၊ အိမ်ဖော်အမျိုးသမီးကို လက်ဖျားနဲ့ပင် မထိဘူးကြောင်း ဗြောင်လိမ်တဲ့အခါ အိမ်ရှင်မက လုံးဝ မနေသာတော့ပဲ ရဲစခန်းကို သွားရောက်တိုင်တန်းခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကူဝိတ်နိုင်ငံ Gulf ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တာပါ။
တရားသူကြီးတွေဟာ အိမ်ရှင်မရဲ့စွပ်စွဲချက်ကို လက်ခံခဲ့ပြီး သက်သေအဖြစ် တင်သွင်းတဲ့ အိမ်မွေးကြက်တူရွေးကိုတော့ တရားဥပဒေအရ အကြုံးမဝင်ဘူးလို့ ငြင်းပယ်ခဲ့ပါတယ်။ ဒီပြစ်မှုသာ ခိုင်လုံရင် ကူဝိတ်မှာတော့ ထောင်ဒဏ်အနှစ် 20လောက်အထိ ချမှတ်နိုင်တဲ့ အမှုဖြစ်ပါတယ်။ ဒါပေမယ့် တရားသူကြီးတွေဟာ အဓိကသက်သေအဖြစ် တင်သွင်းတဲ့ကြက်တူရွေးကို ငြင်းပယ်ခဲ့လို့သာ အိမ်ထောင်ရှင်အမျိုးသား သက်သာရာရခဲ့ခြင်း ဖြစ်ပါတယ်။
ဒါကိုပင် အိမ်ရှင်မက မကျေနပ်သေးဘဲ သူမရဲ့ ခင်ပွန်းဟာ အလုပ်ကနေ စောစောပြန်ရောက်နေတတ်ပြီး၊ သူမကိုယ်တိုင် ရုံးက စောစောပြန်လာတဲ့နေ့တွေဆိုရင် ပြဿနာရှာလေ့ရှိကြောင်း၊ ဒါဟာ လင်ယောက်ျားရဲ့ ဖောက်ပြန်မှုအတွက် သံသယဖြစ်စရာ အချက်ဖြစ်ကြောင်း လျှောက်လဲခဲ့ပေမယ့် တရားရုံးက သံသယဖြစ်ခြင်းဟာ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဖူးလို့ ကြားနာမှု 2 နာရီအကြာမှာ အမှုကို ရုပ်သိမ်းခဲ့ပါတယ်။
ဒါပေမယ့် ယခုနှစ် အစောပိုင်းတုန်းကတော့ ကြက်တူရွေးတစ်ကောင်ကပဲ ပိုင်ရှင်ဖြစ်တဲ့ Suzy ဆိုတဲ့ အမျိူးသမီးရဲ့ဖောက်ပြန်မှုကို ဖော်ထုတ်ခဲ့လို့ Suzy ဟာ ချစ်သူ Chris ရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရကြောင်း သတင်းတစ်ရပ်က ဆိုထားပါတယ်။ အဲဒီကြက်တူရွေးက Chris ရဲ့ရှေ့မှာ ” Gray ကို ချစ်တယ် … Gray ကို ချစ်တယ် .. “လို့ မကြာခဏ ပြောခဲ့တဲ့အတွက် Suzy ကို မသင်္ကာလို့ Chris ကိုယ်တိုင် လက်ပူးက်ကြပ် ဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။credit..
zawgyi
ၾကက္တူေရြးကဲ့သို႔ လူစကား မေတာက္တေခါက္ေျပာတတ္တဲ့ အိမ္ေမြးတိရစၧာန္ေတြဟာ တစ္ခါတေလ ရာဇဝတ္မႈေတြကို ေဖာ္ထုတ္ရာမွာ လိမၼာပါးနပ္ၾကပါတယ္။ ဒါဟာ ျဖစ္ရိုးျဖစ္စဥ္ေတာ့ မဟုတ္ေပမယ့္ တစ္ခ်ိဳ႕ေသာကိစၥရပ္ေတြမွာေတာ့ ၎ အိမ္ေမြးတိရစၧာန္ေတြရဲ့ အကူအညီဟာ လူေတြကူညီနိုင္တာထက္ ထိေရာက္တတ္ပါတယ္။
အခုလည္း အိမ္ေမြးၾကက္တူေရြးတစ္ေကာင္ဟာ အိမ္ေဖာ္နဲ႔ေဖာက္ျပန္တဲ့ ခင္ပြန္းသည္အေၾကာင္းကို ေဖာက္သည္ျပန္ခ်ခဲ့ပါတယ္။ ဒီလို ျပဳလုပ္ခဲ့တဲ့အတြက္ အိမ္ရွင္အိမ္ေထာင္သည္ေယာက္်ားဟာ ဇနီးနဲ႔ ကြာရွင္းရမလို၊ ေထာင္ဒဏ္ က်ခံရမလိုအထိကို ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ပါ။
အဲဒီ မိသားစုရဲ့နာမည္ေတြကို ေဖာ္ျပမထားေပမယ့္ ဒီသတင္းကို ၾကက္တူေရြးက အိမ္ရွင္မေရွ႕မွာ စာရြတ္သလို တတြတ္တြတ္ရြတ္ဆိုခဲ့ပါတယ္။ အိမ္ရွင္မကလည္း ပထမေတာ့ ၾကက္တူေရြးတို႔ သာလိကာတို႔ ထုံးစံအတိုင္း ေပါက္တက္ကရ ေလၽွာက္ေျပာေနတယ္ပဲ မွတ္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွေတာ့ ဒီကစၥဟာ အမွန္တကယ္ျဖစ္တယ္ဆိုတာကို ရိပ္မိခဲ့တယ္လို႔ ဆိုပါတယ္။
ေနာက္ပိုင္းမွာ ခင္ပြန္းသည္ကို တပ္အပ္စြပ္စြဲတဲ့အခါ ခင္ပြန္းသည္က လုံးဝ မဟုတ္ေၾကာင္း၊ အိမ္ေဖာ္အမ်ိဳးသမီးကို လက္ဖ်ားနဲ႔ပင္ မထိဘူးေၾကာင္း ေျဗာင္လိမ္တဲ့အခါ အိမ္ရွင္မက လုံးဝ မေနသာေတာ့ပဲ ရဲစခန္းကို သြားေရာက္တိုင္တန္းခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ကူဝိတ္နိုင္ငံ Gulf ျပည္နယ္အတြင္းမွာ ျဖစ္ခဲ့တာပါ။
တရားသူႀကီးေတြဟာ အိမ္ရွင္မရဲ့စြပ္စြဲခ်က္ကို လက္ခံခဲ့ၿပီး သက္ေသအျဖစ္ တင္သြင္းတဲ့ အိမ္ေမြးၾကက္တူေရြးကိုေတာ့ တရားဥပေဒအရ အၾကဳံးမဝင္ဘူးလို႔ ျငင္းပယ္ခဲ့ပါတယ္။ ဒီျပစ္မႈသာ ခိုင္လုံရင္ ကူဝိတ္မွာေတာ့ ေထာင္ဒဏ္အႏွစ္ 20ေလာက္အထိ ခ်မွတ္နိုင္တဲ့ အမႈျဖစ္ပါတယ္။ ဒါေပမယ့္ တရားသူႀကီးေတြဟာ အဓိကသက္ေသအျဖစ္ တင္သြင္းတဲ့ၾကက္တူေရြးကို ျငင္းပယ္ခဲ့လို႔သာ အိမ္ေထာင္ရွင္အမ်ိဳးသား သက္သာရာရခဲ့ျခင္း ျဖစ္ပါတယ္။
ဒါကိုပင္ အိမ္ရွင္မက မေက်နပ္ေသးဘဲ သူမရဲ့ ခင္ပြန္းဟာ အလုပ္ကေန ေစာေစာျပန္ေရာက္ေနတတ္ၿပီး၊ သူမကိုယ္တိုင္ ႐ုံးက ေစာေစာျပန္လာတဲ့ေန႔ေတြဆိုရင္ ျပႆနာရွာေလ့ရွိေၾကာင္း၊ ဒါဟာ လင္ေယာက္်ားရဲ့ ေဖာက္ျပန္မႈအတြက္ သံသယျဖစ္စရာ အခ်က္ျဖစ္ေၾကာင္း ေလၽွာက္လဲခဲ့ေပမယ့္ တရား႐ုံးက သံသယျဖစ္ျခင္းဟာ ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ မဟုတ္ဖူးလို႔ ၾကားနာမႈ 2 နာရီအၾကာမွာ အမႈကို ႐ုပ္သိမ္းခဲ့ပါတယ္။
ဒါေပမယ့္ ယခုႏွစ္ အေစာပိုင္းတုန္းကေတာ့ ၾကက္တူေရြးတစ္ေကာင္ကပဲ ပိုင္ရွင္ျဖစ္တဲ့ Suzy ဆိုတဲ့ အမ်ိဴးသမီးရဲ့ေဖာက္ျပန္မႈကို ေဖာ္ထုတ္ခဲ့လို႔ Suzy ဟာ ခ်စ္သူ Chris ရဲ့ စြန႔္ပစ္ျခင္းကို ခံခဲ့ရေၾကာင္း သတင္းတစ္ရပ္က ဆိုထားပါတယ္။ အဲဒီၾကက္တူေရြးက Chris ရဲ့ေရွ႕မွာ ” Gray ကို ခ်စ္တယ္ … Gray ကို ခ်စ္တယ္ .. “လို႔ မၾကာခဏ ေျပာခဲ့တဲ့အတြက္ Suzy ကို မသကၤာလို႔ Chris ကိုယ္တိုင္ လက္ပူးက္ၾကပ္ ေဖာ္ထုတ္နိုင္ခဲ့တယ္လို႔ သိရပါတယ္။credit..