အဝေးပြေးခရီးသည်တင်ကားတွေပေါ်က လူမဲ့ကုန်စည်တွေကို ဖွင့်ဖောက်စစ်ဆေးနေ
(အဖိုးတန်ပစ္စည်းများကို လူမဲ့ကုန်စည်အဖြစ် မပို့ဆောင်ကြရန် သတိပေးထား)
ရန်ကုန်၊ အောက်တိုဘာ ၆
အဝေးပြေးခရီးသည်တင်ကားတွေပေါ်က လူမဲ့ကုန်စည်တွေကို ဖွင့်ဖောက်စစ်ဆေးနေတာကြောင့် အွန်လိုင်းကနေ ဈေးရောင်းဈေးဝယ်လုပ်ပြီး Delivery ပို့ပေးနေတဲ့သူတွေ အခက်ကြုံနေရပါတယ်။
နိုင်ငံအနှံ့ဗုံးပေါက်ကွဲမှုတွေ စဖြစ်ကတည်းက စစ်ခဲ့တာဆိုပေမယ့် အရင်ကဆို အိတ်ကို သံချွန်နဲ့ထိုးပြီး စစ်ဆေးတာလောက်ပဲရှိပေမယ့် အခုတော့ အိတ်တွေကို ဓားတွေနဲ့ခွဲ စစ်ဆေးပြီး
“လူမဲ့တန်ဆာနှင့်ပါဆယ်ထုပ်များ ဖွင့်ဖောက်စစ်ရေးအဖွဲ့”ဆိုပြီး စာကပ်ပေးလိုက်တယ်လို့ သူတို့က ဆိုပါတယ်။ ဒါပေမယ့် တချို့ကိုကျတော့လည်း စာမကပ်ပေးလိုက်ပြန်ဘူးလို့ သူတို့က ဆိုပါတယ်။
ဒီလိုဖွင့်ဖောက်စစ်ဆေးတဲ့အတွက် ကုန်ပစ္စည်းကို သေချာမထုပ်ပိုးပေးလိုက်ဘူးဆိုပြီ ဖောက်သည်တွေက သူတို့ကို အထင်မှားကြတာမျိုးရှိတယ်လို့လည်း အွန်လိုင်းကနေ ကုန်ပစ္စည်းရောင်းချသူတွေက ဆိုပါတယ်။
ပုံးပေါ် အထုပ်အပေါ်မှာ အဝတ်အထည်၊ သစ်သီး အဲ့ဒီလို စာရေးထားပေးပေမယ့်လည်း ဖွင့်ဖောက်စစ်ဆေးပြီး လိုချင်တဲ့ပစ္စည်းရှိရင် စစ်ဆေးရေးအဖွဲ့တွေက ယူထားလိုက်တာပဲလို့ အွန်လိုင်းကနေ ဈေးရောင်းသူတစ်ဦးက ပြောပါတယ်။
သူက ဝယ်သူဆီပို့လိုက်တဲ့အထည်တွေကို လမ်းမှာစစ်ရေးအဖွဲ့တွေက ယူထားလိုက်လို့ အစားထိုးပြီး ပြန်ပေးလိုက်ရတာမျိုး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကြုံတွေ့ခဲ့တယ်လို ဆိုပါတယ်။
ဒါ့ကြောင့် လူမဲ့ကုန်စည်အဖြစ် ပစ္စည်းတွေပို့ဆောင်တဲ့အခါမှာ အဖိုးတန်ပစ္စည်းတွေ မပို့ပေးကြဖို့ သူက တိုက်တွန်းလိုက်ပါတယ်။
Source : Mercury_Media
—————–
အေဝးေျပးခရီးသည္တင္ကားေတြေပၚက လူမဲ့ကုန္စည္ေတြကို ဖြင့္ေဖာက္စစ္ေဆးေန
(အဖိုးတန္ပစၥည္းမ်ားကို လူမဲ့ကုန္စည္အျဖစ္ မပို႔ေဆာင္ၾကရန္ သတိေပးထား)
ရန္ကုန္၊ ေအာက္တိုဘာ ၆
အေဝးေျပးခရီးသည္တင္ကားေတြေပၚက လူမဲ့ကုန္စည္ေတြကို ဖြင့္ေဖာက္စစ္ေဆးေနတာေၾကာင့္ အြန္လိုင္းကေန ေဈးေရာင္းေဈးဝယ္လုပ္ၿပီး Delivery ပို႔ေပးေနတဲ့သူေတြ အခက္ႀကဳံေနရပါတယ္။
ႏိုင္ငံအႏွံ႔ဗုံးေပါက္ကြဲမႈေတြ စျဖစ္ကတည္းက စစ္ခဲ့တာဆိုေပမယ့္ အရင္ကဆို အိတ္ကို သံခြၽန္နဲ႔ထိုးၿပီး စစ္ေဆးတာေလာက္ပဲရွိေပမယ့္ အခုေတာ့ အိတ္ေတြကို ဓားေတြနဲ႔ခြဲ စစ္ေဆးၿပီး
“လူမဲ့တန္ဆာႏွင့္ပါဆယ္ထုပ္မ်ား ဖြင့္ေဖာက္စစ္ေရးအဖြဲ႕”ဆိုၿပီး စာကပ္ေပးလိုက္တယ္လို႔ သူတို႔က ဆိုပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ကိုက်ေတာ့လည္း စာမကပ္ေပးလိုက္ျပန္ဘူးလို႔ သူတို႔က ဆိုပါတယ္။
ဒီလိုဖြင့္ေဖာက္စစ္ေဆးတဲ့အတြက္ ကုန္ပစၥည္းကို ေသခ်ာမထုပ္ပိုးေပးလိုက္ဘူးဆိုၿပီ ေဖာက္သည္ေတြက သူတို႔ကို အထင္မွားၾကတာမ်ိဳးရွိတယ္လို႔လည္း အြန္လိုင္းကေန ကုန္ပစၥည္းေရာင္းခ်သူေတြက ဆိုပါတယ္။
ပုံးေပၚ အထုပ္အေပၚမွာ အဝတ္အထည္၊ သစ္သီး အဲ့ဒီလို စာေရးထားေပးေပမယ့္လည္း ဖြင့္ေဖာက္စစ္ေဆးၿပီး လိုခ်င္တဲ့ပစၥည္းရွိရင္ စစ္ေဆးေရးအဖြဲ႕ေတြက ယူထားလိုက္တာပဲလို႔ အြန္လိုင္းကေန ေဈးေရာင္းသူတစ္ဦးက ေျပာပါတယ္။
သူက ဝယ္သူဆီပို႔လိုက္တဲ့အထည္ေတြကို လမ္းမွာစစ္ေရးအဖြဲ႕ေတြက ယူထားလိုက္လို႔ အစားထိုးၿပီး ျပန္ေပးလိုက္ရတာမ်ိဳး ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ႀကဳံေတြ႕ခဲ့တယ္လို ဆိုပါတယ္။
ဒါ့ေၾကာင့္ လူမဲ့ကုန္စည္အျဖစ္ ပစၥည္းေတြပို႔ေဆာင္တဲ့အခါမွာ အဖိုးတန္ပစၥည္းေတြ မပို႔ေပးၾကဖို႔ သူက တိုက္တြန္းလိုက္ပါတယ္။
Source : Mercury_Media