ၾကားသိရသမွ်

အကြွေစေ့များကို စုဆောင်းပြီး 3 နှစ်အတွင် လိုချင်နေတဲ့ကားတစ်စီးကိုရအောင်ဝယ်ပြခဲ့တဲ့ လမ်းဘေးဈေးသည်လင်မယား

အင်ဒိုနီးရှားစုံတွဲတစ်တွဲဟာ သူတို့ရဲ့အိပ်မက်ဖြစ်တဲ့ Toyota Rush ကားကိုဝယ်ယူနိုင်ဖို့ သုံးနှစ်ကြာအောင် အကြွေစေ့များကို စုဆောင်းပြီး ယခုအခါမှာ သူတို့ရဲ့အိမ်မက် အမှန်တကယ်ဖြစ်လာခဲ့ပါပြီး ။ Asriadi Syamsuddin နဲ့ ဇနီးဖြစ်သူ Ratna တို့ဟာ Kota Makassar ပြည်နယ်မှာ လမ်းဘေး စတိုးဆိုင်ကို ပိုင်ဆိုင်ပြီး ရောင်းအားနဲ့ ဝင်ငွေမှ သူတို့ရဲ့ စုဆောင်းငွေကို သုံးစွဲခဲ့ပါတယ် ။ ၎င်းတို့ဟာ သူတို့ရဲ့ဒင်္ဂါးများကို ရေဘူးများနဲ့ ငွေစက္ကူများကို ကတ်သေတ္တာများအတွင်းမှာ စုစုပေါင်း RM80,000 (ရူပီး ၂၇၃ သန်း) အထိ စုဆောင်းနိုင်ခဲ့တယ်လို့ သိရပါတယ် ။ ခင်ပွန်းဖြစ်သူ Syamsuddin က သူဟာ သူရဲ့ဆိုင်မှာ လာရောက်ဝယ်ယူတဲ့ ဖော်သည်တွေဆီက အကြွေစေ့များကို စုဆောင်းရန် စိတ်ပိုင်းဖြတ်ထားတယ်လို့ ရှင်းပြခဲ့ပါတယ် ။ “ ကျွန်တော် ဒီငွေပမာဏကို ဘယ်တုန်းကမှ မရေတွက်ခဲ့တာသုံးနှစ်ရှိပြီ။ အကြွေစေ့တွေကို စုဆောင်းဖို့ သုံးတဲ့ရေဘူးကို ငါမြင်လိုက်တဲ့အခါမှဘဲ အဲဒါကို ထုတ်ပြီး ရေတွက်ကြည့်လိုက်တော့ စုစုပေါင်း ရူပီးသန်းရာချီရှိတယ်ဆိုတာကို ငါသိလိုက်ရတယ်” လို့ Syamsuddin က ဆိုခဲ့ပါတယ် ။

Toyota ဝန်ထမ်းတစ်ဦးက မော်တော်ကား ဝယ်ရန် လိုအပ်တဲ့ ငွေပမာဏကို တွက်ချက်ရာမှာ ကူညီခဲ့ပါတယ် ။ ဌာနခွဲမန်နေဂျာ Ariefyanto Arsjad ရဲ့အဆိုအရ သူ့ရဲ့ဆိုင်မှာ မော်တော်ကားများကို အကြွေစေ့များနဲ့ ဝယ်ယူခဲ့တာက ဒါဟာ ပထမဆုံးအကြိမ်လို့ ဆိုခဲ့ပါတယ် ။ “ အကြွေစေ့သုံးပြီး ကားတွေ ဝယ်တဲ့ဖောက်သည်တွေကို ငါတို့ တစ်ခါမှမမြင်ဖူးဘူး။ ဒါက ပထမဆုံးအကြိမ်ပါဘဲ ။ ငါတို့ရေတွက်ကြည့်တဲ့အခါ Syamsuddin က Toyota Rush ကို ဝယ်ဖို့ RM79,269 (ရူပီး ၂၇၁ သန်း) လောက်ငွေအလုံအလောက်ရှိခဲ့တယ် ” လို့ ဌာနခွဲမန်နေဂျာ Ariefyanto Arsjad က ဆိုခဲ့ပါတယ် ။

.

.

.

JRose (KB Chimmy One)

Reference : malaymail

Zawgyi

အင္ဒိုနီးရွားစုံတြဲတစ္တြဲဟာ သူတို႔ရဲ႕အိပ္မက္ျဖစ္တဲ့ Toyota Rush ကားကိုဝယ္ယူႏိုင္ဖို႔ သုံးႏွစ္ၾကာေအာင္ အေႂကြေစ့မ်ားကို စုေဆာင္းၿပီး ယခုအခါမွာ သူတို႔ရဲ႕အိမ္မက္ အမွန္တကယ္ျဖစ္လာခဲ့ပါၿပီး ။ Asriadi Syamsuddin နဲ႔ ဇနီးျဖစ္သူ Ratna တို႔ဟာ Kota Makassar ျပည္နယ္မွာ လမ္းေဘး စတိုးဆိုင္ကို ပိုင္ဆိုင္ၿပီး ေရာင္းအားနဲ႔ ဝင္ေငြမွ သူတို႔ရဲ႕ စုေဆာင္းေငြကို သုံးစြဲခဲ့ပါတယ္ ။ ၎တို႔ဟာ သူတို႔ရဲ႕ဒဂၤါးမ်ားကို ေရဘူးမ်ားနဲ႔ ေငြစကၠဴမ်ားကို ကတ္ေသတၱာမ်ားအတြင္းမွာ စုစုေပါင္း RM80,000 (႐ူပီး ၂၇၃ သန္း) အထိ စုေဆာင္းႏိုင္ခဲ့တယ္လို႔ သိရပါတယ္ ။ ခင္ပြန္းျဖစ္သူ Syamsuddin က သူဟာ သူရဲ႕ဆိုင္မွာ လာေရာက္ဝယ္ယူတဲ့ ေဖာ္သည္ေတြဆီက အေႂကြေစ့မ်ားကို စုေဆာင္းရန္ စိတ္ပိုင္းျဖတ္ထားတယ္လို႔ ရွင္းျပခဲ့ပါတယ္ ။ “ ကြၽန္ေတာ္ ဒီေငြပမာဏကို ဘယ္တုန္းကမွ မေရတြက္ခဲ့တာသုံးႏွစ္ရွိၿပီ။ အေႂကြေစ့ေတြကို စုေဆာင္းဖို႔ သုံးတဲ့ေရဘူးကို ငါျမင္လိုက္တဲ့အခါမွဘဲ အဲဒါကို ထုတ္ၿပီး ေရတြက္ၾကည့္လိုက္ေတာ့ စုစုေပါင္း ႐ူပီးသန္းရာခ်ီရွိတယ္ဆိုတာကို ငါသိလိုက္ရတယ္” လို႔ Syamsuddin က ဆိုခဲ့ပါတယ္ ။

Toyota ဝန္ထမ္းတစ္ဦးက ေမာ္ေတာ္ကား ဝယ္ရန္ လိုအပ္တဲ့ ေငြပမာဏကို တြက္ခ်က္ရာမွာ ကူညီခဲ့ပါတယ္ ။ ဌာနခြဲမန္ေနဂ်ာ Ariefyanto Arsjad ရဲ႕အဆိုအရ သူ႔ရဲ႕ဆိုင္မွာ ေမာ္ေတာ္ကားမ်ားကို အေႂကြေစ့မ်ားနဲ႔ ဝယ္ယူခဲ့တာက ဒါဟာ ပထမဆုံးအႀကိမ္လို႔ ဆိုခဲ့ပါတယ္ ။ “ အေႂကြေစ့သုံးၿပီး ကားေတြ ဝယ္တဲ့ေဖာက္သည္ေတြကို ငါတို႔ တစ္ခါမွမျမင္ဖူးဘူး။ ဒါက ပထမဆုံးအႀကိမ္ပါဘဲ ။ ငါတို႔ေရတြက္ၾကည့္တဲ့အခါ Syamsuddin က Toyota Rush ကို ဝယ္ဖို႔ RM79,269 (႐ူပီး ၂၇၁ သန္း) ေလာက္ေငြအလုံအေလာက္ရွိခဲ့တယ္ ” လို႔ ဌာနခြဲမန္ေနဂ်ာ Ariefyanto Arsjad က ဆိုခဲ့ပါတယ္ ။

JRose (KB Chimmy One)