ၾကားသိရသမွ်

ဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမျှော် ကြ သူများ အထူးဂရုစိုက်ကြရန်သတိပေးထုတ်ပြန်ချက်

လက္ဝတ္လက္စား/ေငြေၾကးမ်ားလုယက္မွုရွိေနသည့္အတြက္ ေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီးအား လာေရာက္ဖူးေမၽွာ္ၾကသူမ်ား အထူးဂ႐ုစိုက္ၾကရန္ သတိေပးခ်က္ထုတ္ျပန္

လက္ဝတ္လက္စားမ်ား ေငြေၾကးမ်ားလုယက္မွုရွိေနသည့္အတြက္ အနႏၲေက်းဇူးေတာ္ရွင္ေဗာဓိၿမိဳင္ဆရာေတာ္ဘုရားႀကီးအား လာေရာက္ဖူးေမၽွာ္ၾကသူမ်ားအေနျဖင့္ အထူးဂ႐ုစိုက္ၾကရန္ နတ္တလူ သာသနာျပဳစခန္းမွ အထူးသတိေပးျပန္ၾကားခ်က္ ယေန႔(ေအာက္တိုဘာ ရ) ထုတ္ျပန္ထားသည္။

အနႏၲေက်းဇူးေတာ္ရွင္ေဗာဓိၿမိဳင္ ဆရာေတာ္ဘုရားႀကီးအား လာေရာက္ဖူးေမၽွာ္ၾကကုန္ေသာ သာဝကအေပါင္းတို့ ခင္ဗ်ာ ကားမ်ားတန္းစီရာမွ ကားေပၚက ဆင္း၍ ဂိတ္တံခါးသို့လာေရာက္ ေနရာယူအိပ္စက္ျခင္းကို ခြင့္မျပဳေၾကာင္း၊ နံနက္ခင္း ဂိတ္တံခါးဖြင့္ခ်ိန္တြင္ ကားမ်ားကိုသာအရင္ဦးဆုံး ေပးလႊတ္ပါမည္ျဖစ္ၿပီး ကယ္ရီမ်ားျဖင့္လာေရာက္၍ ကယ္ရီသမားမ်ား ၏ေျပာဆိုမွုကို ယုံၾကည္ၿပီး လာေရာက္တန္းစီျခင္းကိုခြင့္မျပဳေၾကာင္း ထုတ္ျပန္ထားသည္။

ထို့ေၾကာင့္ မိမိကားအနီးတြင္သာ အိပ္စက္၍ ေစာင့္ဆိုင္းေနရာယူေပးၾကပါရန္ အသိေပးထားၿပီး ကယ္ရီသမားမ်ားသည္ ေဉယ်ဓမ္ ေဂါပကအဖြဲ႕ႏွင့္သက္ဆိုင္ျခင္းမရွိေၾကာင္း၊ ဆိုင္ကယ္ႏွင့္လာေရာက္ဖူးေမၽွာ္သူမ်ား အေနျဖင့္ ဇက္ေသာ့ခက္ ေသာ့ခေလာက္မ်ားျဖင့္ ေသခ်ာစြာခတ္ထားထားေပးၾကရန္ ဆရာေတာ္ဘုရားႀကီးအား လာေရာက္ဖူးေမၽွာ္ၾကသည့္ အနယ္နယ္အရပ္ရပ္မွ လာေရာက္ဖူးေမၽွာ္ၾကသူမ်ားအား အသိေပး ေမတၱာရပ္ခံထားသည္။

နတ္တလူ သာသနာျပဳစခမ္းသည္ ဆရာေတာ္ဘုရားႀကီး၏ ေမြးရပ္ေျမဇာတိလည္း ျဖစ္သည့္ စစ္ကိုင္းတိုင္းေဒသႀကီ ၊ ကန႔္ဘလူၿမိဳ့နယ္တြင္ တည္ရွိၿပီး ေသာ နတ္တလူ သာသနာျပဳစခမ္းတြင္ ၁၃၈၂ ခု တန္ခူးလမွ စတင္၍ အျမဲတရားစခမ္း ဖြင့္လ်က္ရွိရာ မည္သူမဆို ၊ မည္သည့္ရက္မဆိုဆရာေတာ္ႀကီး၏ ဥပနိႆယႏွင့္အညီ လာေရာက္အား ထုတ္နိုင္ေၾကာင္း အသိေပးထားသည္။

News Watch

လက်ဝတ်လက်စား/ငွေကြေးများလုယက်မှုရှိနေသည့်အတွက် ဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမျှော်ကြသူများ အထူးဂရုစိုက်ကြရန် သတိပေးချက်ထုတ်ပြန်

လက်ဝတ်လက်စားများ ငွေကြေးများလုယက်မှုရှိနေသည့်အတွက် အနန္တကျေးဇူးတော်ရှင်ဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမျှော်ကြသူများအနေဖြင့် အထူးဂရုစိုက်ကြရန် နတ်တလူ သာသနာပြုစခန်းမှ အထူးသတိပေးပြန်ကြားချက် ယနေ့(အောက်တိုဘာ ရ) ထုတ်ပြန်ထားသည်။

အနန္တကျေးဇူးတော်ရှင်ဗောဓိမြိုင် ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမျှော်ကြကုန်သော သာဝကအပေါင်းတို့ ခင်ဗျာ ကားများတန်းစီရာမှ ကားပေါ်က ဆင်း၍ ဂိတ်တံခါးသို့လာရောက် နေရာယူအိပ်စက်ခြင်းကို ခွင့်မပြုကြောင်း၊ နံနက်ခင်း ဂိတ်တံခါးဖွင့်ချိန်တွင် ကားများကိုသာအရင်ဦးဆုံး ပေးလွှတ်ပါမည်ဖြစ်ပြီး ကယ်ရီများဖြင့်လာရောက်၍ ကယ်ရီသမားများ ၏ပြောဆိုမှုကို ယုံကြည်ပြီး လာရောက်တန်းစီခြင်းကိုခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် မိမိကားအနီးတွင်သာ အိပ်စက်၍ စောင့်ဆိုင်းနေရာယူပေးကြပါရန် အသိပေးထားပြီး ကယ်ရီသမားများသည် ဉေယျဓမ် ဂေါပကအဖွဲ့နှင့်သက်ဆိုင်ခြင်းမရှိကြောင်း၊ ဆိုင်ကယ်နှင့်လာရောက်ဖူးမျှော်သူများ အနေဖြင့် ဇက်သော့ခက် သော့ခလောက်များဖြင့် သေချာစွာခတ်ထားထားပေးကြရန် ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမျှော်ကြသည့် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမျှော်ကြသူများအား အသိပေး မေတ္တာရပ်ခံထားသည်။

နတ်တလူ သာသနာပြုစခမ်းသည် ဆရာတော်ဘုရားကြီး၏ မွေးရပ်မြေဇာတိလည်း ဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီ ၊ ကန့်ဘလူမြို့နယ်တွင် တည်ရှိပြီး သော နတ်တလူ သာသနာပြုစခမ်းတွင် ၁၃၈၂ ခု တန်ခူးလမှ စတင်၍ အမြဲတရားစခမ်း ဖွင့်လျက်ရှိရာ မည်သူမဆို ၊ မည်သည့်ရက်မဆိုဆရာတော်ကြီး၏ ဥပနိဿယနှင့်အညီ လာရောက်အား ထုတ်နိုင်ကြောင်း အသိပေးထားသည်။

News Watch