ကောင်မလေး လည်ပင်းက အညိုကွက်က ဘာဖြစ်တာလဲ
” သမီး ၊ ဒီကိုလာစမ်း ။ လည်ပင်းက အညိုကွက်က ဘာဖြစ်တာလဲ ”မိခင်မေးလိုက်သည့် စကားကြာင့် မသန္တာစိုး အထိတ်တလန့် ဖြစ်သွားရသည် ။
အသေအချာ ဖုံးကွယ်ထားပါလျက်နှင့် မြင်ဖြစ်အောင်မြင်သေးသည် ။” သမီးလည်း မသိဘူး မေမေ ”
” ဟဲ့ ၊ စန်းတင် ။ စုန်းစုပ်တာနေမှာပေါ့ ”အဘွား ဝင်ပြောလိုက်တာကြောင့် မိခင် မျက်မှောင် တစ်ချက် ကုတ်သွားသည်ကို မြင်လိုက်ရသည် ။
” ဟုတ် …ဟုတ်မယ် မေမေ ။ စုန်းစုပ်တာဖြစ်မယ် ”” ဒီခေတ်ကြီးမှာ စုန်းတွေ ကဝေတွေ မရှိတော့ဘူး ။ မေမေ့ကို မှန်မှန်ပြောစမ်း ”
” တကယ်ပြောတာပါ မေမေရာ ။ မေမေကသာ စုန်းမရှိဘူးပြောတာ ၊ စုန်းစုပ်ခံရတဲ့ ကောင်မလေးတွေ အများကြီးပဲ ။
သမီးရဲ့ သူငယ်ချင်းတွေဆို လည်ပင်းမှာ အညိုကွက်တွေဖြစ်နေလို့ သနပ်ခါးနဲ့တောင် ဖို့ထားရတာ ”” ဟင်း…ဟင်း….”
ခနဲ့ပြီး ရယ်လိုက်တဲ့ မိခင်ရဲ့ ရယ်သံကြောင့် မသန္တာစိုး နေရထိုင်ရ ခက်သွားမိသည် ။” စန်းတင် ၊ စုန်း ကဝေဆိုတာ ရှိတယ်ဟဲ့ ။ ရွာတည်ရင် စုန်းမရှိလို့ မရဘူး ”
” အမေ မသိရင် ဝင်မပြောပါနဲ့ အမေရာ ။သမီး ညည်း မေမေက ငယ်ရာက ကြီးလာတာနော် ။ မှန်မှန်ပြောစမ်း ”
” သမီး မညာပါဘူး မေမေရယ် ”” စုန်းက ဘယ်အချိန် စုပ်သွားရတာလဲ ”” သမီးလည်း ဘယ်သိပါ့မလဲ ”” လည်ပင်းကိုပဲ စုပ်တာလား ။ ပြစမ်းပါဦး ”
” ဘာကို ပြရမှာလဲ မေမေ ”” ရင်ဘတ်တွေ ၊ ရင်သားတွေကို မေမေကြည့်ချင်တယ် ”” ဟာ…မေမေကလည်း ”
” ဟင်း…ဟင်း ။ အမေကို ညာဖို့ မကြိုးစားနဲ့ သမီး ”” ဟဲ့ ၊ စန်းတင် ။ နင့်တုန်းကလည်း စုန်းစုပ်ခံရတာ မမှတ်မိဘူးလား ။
လည်ပင်းရော ၊ ရင်ဘတ်ရော ပေါင်မှာရောလေ ”” အမေ ………”” အေးလေ ၊ အဲဒီတုန်းက ငါတောင် နနွင်းမန်းတွေ လိမ်းပေးရသေးတယ် ။
အညိုကွက်တွေ ထနေလိုက်တာ အများကြီးပဲလေဟယ် ”” အမေ…..မဆိုင်ရင် ဝင်မပြောပါနဲ့လား ”” ဘာလို့ မဆိုင်ရမှာလဲ ။
ငါ့မြေးကိစ္စ ငါဝင်ပါမှ ဖြစ်မှာပေါ့ ။နင်တောင် လင်ရပြီးတဲ့အထိ စုန်းစုပ်ခံရတုန်းလေ ”” ဟာ…….အမေ……”
” ငါတို့တုန်းက စုန်းစုပ်တာ သိပ်မရှိဘူးဟဲ့ ။ သနပ်ခါး ပျက်ရုံလေးပဲ ။နင်တို့လက်ထက်ကျမှ စုန်းက တစ်ကိုယ်လုံးကို စုပ်တော့တာ ။
စန်းတင် ၊ နင် စုန်းစုပ်ခံရတုန်းကလို နနွင်းလေး လူးပေးလိုက်စမ်းပါ ”” အမေရာ…..။ သမီး…မေမေ့ရှေ့က မြန်မြန် ထွက်သွားတော့ ”
မိခင်ရှေ့က အမြန်ထွက်ရင်း အဘွား လှမ်းအော်လိုက်တဲ့စကားကြောင့် …မသန္တာစိုးတစ်ယောက် မပြုံးဘဲ ဝါးလုံးကွဲ ရယ်ချလိုက်မိပါတော့တယ် ။
” မြေးရေ ၊ ရေချိုးရင် ကြေးသေချာတွန်းကွယ့် ။ တော်ကြာ စုန်း စိတ်ပျက်သွားမယ်”
စကားချပ် ကိုယ်တေလဲငယ်ငယ်က အပျိုကြီးတော်တော်များများ စုန်းကိုက်ခံရတာမြင်ဖူးပါတယ်။
ဆန်စေ့တွေ ဝါးပြီးလဲကပ်ပေးဖူးပါတယ်။ ကြီးမှသိတော့တယ် စုန်းတကယ်ရှိတာပဲပေါ့…။
ဘဝအမောဖြေနိုင်ကြပါစေ……။orginal writer
Categoriesဟာသ
Zawgyi
ေကာင္မေလး လည္ပင္းက အညိဳကြက္က ဘာျဖစ္တာလဲ
” သမီး ၊ ဒီကိုလာစမ္း ။ လည္ပင္းက အညိဳကြက္က ဘာျဖစ္တာလဲ ”မိခင္ေမးလိုက္သည့္ စကားၾကာင့္ မသႏၲာစိုး အထိတ္တလန႔္ ျဖစ္သြားရသည္ ။
အေသအခ်ာ ဖုံးကြယ္ထားပါလ်က္ႏွင့္ ျမင္ျဖစ္ေအာင္ျမင္ေသးသည္ ။” သမီးလည္း မသိဘူး ေမေမ ”
” ဟဲ့ ၊ စန္းတင္ ။ စုန္းစုပ္တာေနမွာေပါ့ ”အဘြား ဝင္ေျပာလိုက္တာေၾကာင့္ မိခင္ မ်က္ေမွာင္ တစ္ခ်က္ ကုတ္သြားသည္ကို ျမင္လိုက္ရသည္ ။
” ဟုတ္ …ဟုတ္မယ္ ေမေမ ။ စုန္းစုပ္တာျဖစ္မယ္ ”” ဒီေခတ္ႀကီးမွာ စုန္းေတြ ကေဝေတြ မရွိေတာ့ဘူး ။ ေမေမ့ကို မွန္မွန္ေျပာစမ္း ”
” တကယ္ေျပာတာပါ ေမေမရာ ။ ေမေမကသာ စုန္းမရွိဘူးေျပာတာ ၊ စုန္းစုပ္ခံရတဲ့ ေကာင္မေလးေတြ အမ်ားႀကီးပဲ ။
သမီးရဲ႕ သူငယ္ခ်င္းေတြဆို လည္ပင္းမွာ အညိဳကြက္ေတြျဖစ္ေနလို႔ သနပ္ခါးနဲ႔ေတာင္ ဖို႔ထားရတာ ”” ဟင္း…ဟင္း….”
ခနဲ႔ၿပီး ရယ္လိုက္တဲ့ မိခင္ရဲ႕ ရယ္သံေၾကာင့္ မသႏၲာစိုး ေနရထိုင္ရ ခက္သြားမိသည္ ။” စန္းတင္ ၊ စုန္း ကေဝဆိုတာ ရွိတယ္ဟဲ့ ။ ႐ြာတည္ရင္ စုန္းမရွိလို႔ မရဘူး ”
” အေမ မသိရင္ ဝင္မေျပာပါနဲ႔ အေမရာ ။သမီး ညည္း ေမေမက ငယ္ရာက ႀကီးလာတာေနာ္ ။ မွန္မွန္ေျပာစမ္း ”
” သမီး မညာပါဘူး ေမေမရယ္ ”” စုန္းက ဘယ္အခ်ိန္ စုပ္သြားရတာလဲ ”” သမီးလည္း ဘယ္သိပါ့မလဲ ”” လည္ပင္းကိုပဲ စုပ္တာလား ။ ျပစမ္းပါဦး ”
” ဘာကို ျပရမွာလဲ ေမေမ ”” ရင္ဘတ္ေတြ ၊ ရင္သားေတြကို ေမေမၾကည့္ခ်င္တယ္ ”” ဟာ…ေမေမကလည္း ”
” ဟင္း…ဟင္း ။ အေမကို ညာဖို႔ မႀကိဳးစားနဲ႔ သမီး ”” ဟဲ့ ၊ စန္းတင္ ။ နင့္တုန္းကလည္း စုန္းစုပ္ခံရတာ မမွတ္မိဘူးလား ။
လည္ပင္းေရာ ၊ ရင္ဘတ္ေရာ ေပါင္မွာေရာေလ ”” အေမ ………”” ေအးေလ ၊ အဲဒီတုန္းက ငါေတာင္ နႏြင္းမန္းေတြ လိမ္းေပးရေသးတယ္ ။
အညိဳကြက္ေတြ ထေနလိုက္တာ အမ်ားႀကီးပဲေလဟယ္ ”” အေမ…..မဆိုင္ရင္ ဝင္မေျပာပါနဲ႔လား ”” ဘာလို႔ မဆိုင္ရမွာလဲ ။
ငါ့ေျမးကိစၥ ငါဝင္ပါမွ ျဖစ္မွာေပါ့ ။နင္ေတာင္ လင္ရၿပီးတဲ့အထိ စုန္းစုပ္ခံရတုန္းေလ ”” ဟာ…….အေမ……”
” ငါတို႔တုန္းက စုန္းစုပ္တာ သိပ္မရွိဘူးဟဲ့ ။ သနပ္ခါး ပ်က္႐ုံေလးပဲ ။နင္တို႔လက္ထက္က်မွ စုန္းက တစ္ကိုယ္လုံးကို စုပ္ေတာ့တာ ။
စန္းတင္ ၊ နင္ စုန္းစုပ္ခံရတုန္းကလို နႏြင္းေလး လူးေပးလိုက္စမ္းပါ ”” အေမရာ…..။ သမီး…ေမေမ့ေရွ႕က ျမန္ျမန္ ထြက္သြားေတာ့ ”
မိခင္ေရွ႕က အျမန္ထြက္ရင္း အဘြား လွမ္းေအာ္လိုက္တဲ့စကားေၾကာင့္ …မသႏၲာစိုးတစ္ေယာက္ မၿပဳံးဘဲ ဝါးလုံးကြဲ ရယ္ခ်လိုက္မိပါေတာ့တယ္ ။
” ေျမးေရ ၊ ေရခ်ိဳးရင္ ေၾကးေသခ်ာတြန္းကြယ့္ ။ ေတာ္ၾကာ စုန္း စိတ္ပ်က္သြားမယ္”
စကားခ်ပ္ ကိုယ္ေတလဲငယ္ငယ္က အပ်ိဳႀကီးေတာ္ေတာ္မ်ားမ်ား စုန္းကိုက္ခံရတာျမင္ဖူးပါတယ္။
ဆန္ေစ့ေတြ ဝါးၿပီးလဲကပ္ေပးဖူးပါတယ္။ ႀကီးမွသိေတာ့တယ္ စုန္းတကယ္ရွိတာပဲေပါ့…။
ဘဝအေမာေျဖႏိုင္ၾကပါေစ……။orginal writer
Categoriesဟာသ