ၾကားသိရသမွ်

“မြို့ပြင်ထွက်ပြီ မူးကြောင်ကြောင်နဲ့ ကားတွေလိုက်တားပီးငွေညှစ်နေတဲ့ ရဲအုပ်

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့မှာ ​ မော်တော်ယာဉ်တွေကို ​အ​ပြစ်မရှိ အ​ပြစ်ရှာတားဆီး​ပြီ အဓမ္မ ငွေညစ်တောင်းယူနေတဲ့အဖွဲ့ အောက်တိုဘာ ၇ ရက်​နေ့ ည ၇ နာရီလောက်က ကားနဲ့ အတိုက်ခံရတာကြောင့် ရဲအုပ် ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

​ဝေါ​မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ် မင်းသိန်းနဲ့အဖွဲ့ဟာ ​နေ့စဥ် ညဘက်တွေမှာ မူးယစ်​သောက်စား​​ပြီး လူရှင်းတဲ့ ​မြို့ပြင်ထွက်ကာ မြဝတီဘက်က လာတဲ့ကားတွေကို အကြောင်းမဲ့တားဆီးစစ်ဆေး​​ပြီ အပြစ်မရှိအပြစ်ရှာ အဓမ္မ ငွေညစ်တောင်းယူနေတာ ​ကြာ​ပြီလို့ ဆိုပါတယ်။

မနေ့ညက ရှမ်းစု​ကျေးရွာအနီးမှာ မော်တော်ယာဉ်တွေကို တားဆီးပြီ အ​ပြစ်မရှိအ​ပြစ်ရှာဆဲဆို​ကြိမ်း​မောင်းကာ အဓမ္မ ငွေညစ်တောင်းယူနေချိန် ကား​နဲ့ အတိုက်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“​မြို့ပြင်ထွက်ပြီ မူးကြောင်ကြောင်နဲ့ ကားတွေလိုက်တား၊ မှောင်မှောင်မည်းမည်းနဲ့ အခုလို အချိန်အခါမှာ ဘယ်ကားသမားက ရပ်ရဲမလဲ။ စစ်ဆေးမယ်ဆို မြင်သာထင်သာရှိတဲ့ မြို့ထဲမှာ စစ်လေ၊ ညကသူတို့အဖွဲ့ တော်တော်မူးနေကြတယ်။ မူးရူးပြီ ​မြို့​ပြင်ထွက်လမ်းပေါ်တက်​ပြီ တရား လက်လွန် လုပ်ချင်သလိုလုပ်နေကြတာဆိုတော့ အတိုက်ခံရတာ နည်း​တောင်နည်း​သေးတယ်။”

ယာဉ်တိုက်မှုကြောင့် နယ်ထိန်းခေါင်း​ဆောင် ရဲအုပ်မင်းသိန်းမှာ ဒဏ်ရာ​ပြင်းထန်စွာနဲ့ သေဆုံးခဲ့ပြီ ယာဉ်တိုက်သွားသူကိုတော့ ဖမ်းဆီးစစ်ဆေးနေပါတယ်။

ပဲခူးတိုင္းေဒသႀကီး၊ ေဝါၿမိဳ႕မွာ ​ ေမာ္ေတာ္ယာဥ္ေတြကို ​အ​ျပစ္မရွိ အ​ျပစ္ရွာတားဆီး​ၿပီ အဓမၼ ေငြညစ္ေတာင္းယူေနတဲ့အဖြဲ႕ ေအာက္တိုဘာ ၇ ရက္​ေန႔ ည ၇ နာရီေလာက္က ကားနဲ႔ အတိုက္ခံရတာေၾကာင့္ ရဲအုပ္ ၁ ဦး ေသဆုံးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

​ေဝါ​ၿမိဳ႕မရဲစခန္းက နယ္ထိန္းေခါင္းေဆာင္ ရဲအုပ္ မင္းသိန္းနဲ႔အဖြဲ႕ဟာ ​ေန႔စဥ္ ညဘက္ေတြမွာ မူးယစ္​ေသာက္စား​​ၿပီး လူရွင္းတဲ့ ​ၿမိဳ႕ျပင္ထြက္ကာ ျမဝတီဘက္က လာတဲ့ကားေတြကို အေၾကာင္းမဲ့တားဆီးစစ္ေဆး​​ၿပီ အျပစ္မရွိအျပစ္ရွာ အဓမၼ ေငြညစ္ေတာင္းယူေနတာ ​ၾကာ​ၿပီလို႔ ဆိုပါတယ္။

မေန႔ညက ရွမ္းစု​ေက်း႐ြာအနီးမွာ ေမာ္ေတာ္ယာဥ္ေတြကို တားဆီးၿပီ အ​ျပစ္မရွိအ​ျပစ္ရွာဆဲဆို​ႀကိမ္း​ေမာင္းကာ အဓမၼ ေငြညစ္ေတာင္းယူေနခ်ိန္ ကား​နဲ႔ အတိုက္ခံရတာလို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“​ၿမိဳ႕ျပင္ထြက္ၿပီ မူးေၾကာင္ေၾကာင္နဲ႔ ကားေတြလိုက္တား၊ ေမွာင္ေမွာင္မည္းမည္းနဲ႔ အခုလို အခ်ိန္အခါမွာ ဘယ္ကားသမားက ရပ္ရဲမလဲ။ စစ္ေဆးမယ္ဆို ျမင္သာထင္သာရွိတဲ့ ၿမိဳ႕ထဲမွာ စစ္ေလ၊ ညကသူတို႔အဖြဲ႕ ေတာ္ေတာ္မူးေနၾကတယ္။ မူး႐ူးၿပီ ​ၿမိဳ႕​ျပင္ထြက္လမ္းေပၚတက္​ၿပီ တရား လက္လြန္ လုပ္ခ်င္သလိုလုပ္ေနၾကတာဆိုေတာ့ အတိုက္ခံရတာ နည္း​ေတာင္နည္း​ေသးတယ္။”

ယာဥ္တိုက္မႈေၾကာင့္ နယ္ထိန္းေခါင္း​ေဆာင္ ရဲအုပ္မင္းသိန္းမွာ ဒဏ္ရာ​ျပင္းထန္စြာနဲ႔ ေသဆုံးခဲ့ၿပီ ယာဥ္တိုက္သြားသူကိုေတာ့ ဖမ္းဆီးစစ္ေဆးေနပါတယ္။