အငဲ ရေးသားပြီး လေးဖြူ သီဆိုထားတဲ့…”မဥ္စူရီ”သီချင်း နောက်ကွယ်မှ အဖြစ်အပျက် မဥ္စူရီ ပုံပြင်တစေ့တစောင်း
လွန်ခဲ့တဲ့ ၁၈ ရာစုနှစ်က ထိုင်းနိုင်ငံ ဖူးကက်ဘက်က နေ မလေးရှားနိုင်ငံ လန်ကာဝီ ကျွန်းလေးသို့ ရောက်ရ ှိနေထိုင်လာတဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ် ။
ထိုအမျိုးသမီးဟာ အင်မတန်ချောမောလှပတဲ့ မိန်းမပျို တစ်ဦးပါ ။ ထိုအမျိုးသမီးနာမည်ဟာ Mahsuri ဖြစ်ပါတယ် ။
သူမ ဟာ မလေးရှားသူရဲကောင်း Wan Darus နဲ့ အိမ်ထောင်ကျပြီး သားဦး တစ်ယောက်ရရှိခဲ့ပါတယ်။
သူမ ဟာ ထို လန်ကာဝီကျွန်းမှာ ကလေးတစ်ဦး ရသည့် တိုင် အလှမပျက်ပဲ အလှပဆုံးသောအမျိုးသမီးတစ်ဦး ဖြစ်ခဲ့တာမို့ ထိုကျွန်းမှာနေထိုင်တဲ့ အမျိုးသမီးတိုင်း က မနာလို ဖြစ်ခဲ့ကြပါတယ် ။
လှပတဲ့မိန်းမပျိုလေးတိုင်း မနာလိုဖြစ်ကြ အတင်းပြောခဲ့ ကြတာ ထိုချိန်ကတည်းကရှိနေပါတယ်။
ဒီလိုနဲ့ တစ်နေ့ သူ့ယောက်ကျား Wan Darus စစ်ထွက် ရင်း သူမ သားလေးနဲ့ ကျန်နေခဲ့စဉ် သူတို့ဘက်သို့ အလည်လာသူ Deraman ဆိုတဲ့ ယောင်္ကျား တစ်ယောက် နဲ့ ခင်မင်ရီးနှင်းသွားကြပါတယ် ။
ထိုအကွက်ကို အကြောင်းပြုပြီး သူမကို မနာလို ဖြစ်နေ ကြတဲ့ တစ်ရွာလုံးရှိ မိန်းမပျိုလေးများနဲ့ ရွာလူကြီးရဲ့မိန်းမ ရုပ်ဆိုးဆိုးတို့ အပါအဝင်ဟာ…
သူမ( Mahsuri)သူ့ယောင်္ကျားမရှိတုန်း… သူစိမ်း တစ်ယောက် နဲ့ ဖောက်ပြန်တယ်.…ဆိုပြီး အတင်းစွပ်စွဲခဲ့ ကြပါတယ် ။
ဒါကြောင့် Mahsuri ဟာ ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရပါတယ် ။သူမကို ကြိုးနဲ့ချည်နှောင်ပြီး နှိပ်စက်ခဲ့ ကြတယ် ။
သူမ မသေနိုင်ခဲ့ဘူး။သူမကို သေစေချင်ရင် သူမအဖေ ရဲ့ ဓါးနဲ့ ထိုးမှ သေနိုင်မည်ဖြစ်ကြောင်း “…သူမကိုယ်တိုင် ပြောခဲ့တယ်။
သူမ အပြစ်မရှိပဲ မတရားနှိပ်စက်သတ်ဖြတ်ခြင်း ခံခဲ့ ရ ပါတယ် ။ဤစကားမှန်ကန်ပါက ငါ့ကိုယ်ထဲက သွေးများ လည်း လုံးဝမနီပဲ အဖြူရောင်သွေး စီးဆင်းပါစေ”…လို့ သူမ မသေခင် သစ္စာဆိုခဲ့ပါတယ် ။
“သူမကိုမတရား နှိပ်စက်သတ်ဖြတ်ခဲ့သူတွေလည်း ဆွေ ၇ ဆက် မျိုး ၇ ဆက် ဒုက္ခရောက်ကြပါစေ” လို့ လည်း သူမ ကျိန်စာဆိုခဲ့ပါတယ် ။
သူမ သစ္စာဆိုသလို ကျိန်ဆဲခဲ့သလိုပဲ သူမအဖေရဲ့ ဓါးမြှောင် နဲ့ အထိုးခံရင်း သူမ ကိုယ်ထဲက အဖြူရောင် သွေးများ စီးဆင်းခဲ့ပါတယ်။
ထိုနေရာမှာလည်း မျိုး ၇ ဆက် ဆွေ ၇ ဆက်တိုင် စိုက်ပျိုးသီးနှံများ မအောင်မြင်ပဲ ထိုင်းနိုင်ငံရဲ့တိုက်ခိုက်ခြင်းကိုလည်းမကြာခဏကြုံရခြင်း ဒုက္ခခံနေခဲ့ကြပါတယ် ။
သူမသားလေးကို ထိုင်းနိုင်ငံ ဖူးကက်က အမျိုးတွေ ခေါ်ဆောင်သွားကြပြီး…သူမသားလေးရဲ့ မျိုး ၇ ဆက် မြှောက် Sirintra ခေါ် အမျိုးသမီးက ၂၀၀၀ ခုနှစ် ဝန်းကျင်မှာ ထို လန်ကာဝီကျွန်းလေးကို အလည်လာခဲ့ ပါတယ် ။
သူမ အလည်လာခဲ့တဲ့ချိန်ဟာ Mahsuri ကျိန်ဆဲတဲံ့ မျိုး ၇ ဆက် ဆွေ ၇ ဆက် ပြီးခဲ့တဲ့အချိန်လေး ဖြစ်နေပါပြီ။
ထိုချိန်မှစ၍ ဒီချိန်ထိ ထို လန်ကာဝီကျွန်းလေးဟာ အလည်လာသူ စည်သထက်စည်ကားနေခဲ့ပြီး ခုချိန်မှာ တော့ ခရီးသွားသူတိုင်း ရင်ထဲအေးမြပျော်ရွှင်စေတဲ့ အင်မတန်သာယာလှပတဲ့ လန်ကာဝီကျွန်းအဖြစ် နာမည်ကျော်ကြားနေခဲ့ပြီ ။
ထိုကျွန်းနဲ့ပတ်သက်ရင် မိန်းမချောလေး မဥ္စူရီ (Mahsuri)ရဲ့သမိုင်းက ကျန်ထင်နေခဲ့ပါတယ်။ထိုကျွန်း ရဲ့ အလှပဆုံးသော အမျိုးသမီး( Mahsuri )ကို ကျွန်တော်တို့ မြန်မာလို(မဥ္စူရီ)”မဥ္စူရီ ကံစီမံရာ တို့ဝေးနေ…..အိုး အချစ်လေး……
ထင်ကျန်နေ နင့်အနမ်းတွေ မဥ္စူရီ…..”ဆိုပြီး ဦးလေးဖြူ ရဲ့ တေးသံလေးက အင်မတန် အဓိပ္ပါယ် ရှိခဲ့ပါတယ်။ မူရင်းပိုင်ရှင်ကို_Crd_ပေးပါတယ် ။
💜 သီချင်းရဲ့အဓိပ္ပါယ်ကို သိလိုက်ရတော့…ဒီသီချင်းကို ရေးသားခဲ့တဲ့ ကိုအငဲကို ပိုလေးစားမိပါတယ်။ သီချင်း တစ်ပုဒ်ဖြစ်လာဖို့ ခံစားသက်ဝင်မှုအား ဘယ်လောက် အထိ ရင်းနှီးခဲ့ရလဲဆိုတာကိုလည်း ခံစားမိပါတယ် 💜 အငဲ ခရေဇီ #Credit💔🤘
#Photos_and_Text_Are_All_Credit_to_Owner .
#ThawZinAung