ၾကားသိရသမွ်

လန်ဒန် Feltham မြို့မှာ ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေပွဲမှာ ပါဝင်အားဖြည့်ကူညီခဲ့တဲ့ မေမြတ်နိုး

လန်ဒန် Feltham မြို့မှာ ပြုလုပ်ခဲ့တဲ့ ရန်ပုံငွေပွဲမှာ ပါဝင်အားဖြည့်ကူညီခဲ့တဲ့ မေမြတ်နိုး

အလှမယ် မေမြတ်နိုးကတော့ အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်တာကြောင့် ဖေဖော်ဝါရီလ ၁ရက်နေ့က ပြောင်းလဲခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေဘက်က ရပ်တည်နေခဲ့တဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

မေမြတ်နိုးက ပြည်သူတွေ လမ်းပေါ်ထွက်ကာ ရင်ထဲကဆန္ဒအမှန်ကိုဖော်ထုတ်တဲ့ လူထုလှုပ်ရှားမှုကြီးမှာလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံခြားကို ရောက်ရှိနေပေမယ့်လဲ သူမအတတ်နိုင်ဆုံး ပါဝင် တော်လှန်ခဲ့ ပါသေးတယ်။

ပြည်သူလူထု နဲ့အတူ ယုံကြည်ရာ ပန်းတိုင်ကို လျှောက်လှမ်းနေသူ ဖြစ်တာကြောင့် အားလုံးက သူမရဲ့ စိတ်ထားလေးကို လေးစားနေကြတာပါ။

အခုတစ်ခါမှာဆိုရင်လဲ မော်ဒယ်မေမြတ်နိုးက လန်ဒန်အနောက်ပိုင်း Feltham မြို့မှာပြုလုပ်တဲ့ မြန်မာ့တော်လှန်ရေးရန်ပုံငွေရှာ‌ဖွေပွဲရောက်ရှိနေခဲ့ပြီး

သူမရဲ့ပုံလေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်။ မေမြတ်နိုးရဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

unicode





