မိုးေလ၀သ

လာမည့် (၂) ရက်အတွင်း လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်နိုင်ခြေရှိပြီး လေပြင်းတိုက်ခတ်ခြင်း မိုးကြီးရေလျှံခြင်းဖြစ်ပေါ်လာနိုင်

လာမည့် (၂) ရက်အတွင်း လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်နိုင်ခြေရှိပြီး လေပြင်းတိုက်ခတ်ခြင်း မိုးကြီးရေလျှံခြင်းဖြစ်ပေါ်လာနိုင်

လာမည့်နှစ်ရက်အတွင်း(အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ရက်)လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီးရန်ကုန်တိုင်းအပါအဝင်

မြစ်ဝကျွန်းပေါ်ဒေသများတွင်လေပြင်းတိုက်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်း၊မိုးကြိုးပစ်ခြင်း

စသည်တို့ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကသတိပေးပြောကြားလိုက်ပါတယ်။

အောက်တိုဘာလအတွင်းလေဖိအားနည်းရပ်ဝန်းသုံးကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်မှာ မုန် တိုင်း ဖြစ်လာနိုင်ခြေရှိကြောင်းဆိုထားပါတယ်။

လက်ရှိတွင်လေထုမငြိမ်မသက်မှုများဖြစ်နေပြီးမုတ်သုန်ဆုတ်ခွာချိန်ဖြစ်သည့်အတွက်နိုင်ငံတွင်း နေရာအချို့တွင်မိုးတိမ်တောင်တွေဖြစ်ထွန်းကာလေပြင်းတိုက်ခြင်း၊မိုးသည်းထန်စွာရွာခြင်း၊မိုးကြိုးပစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်းသိရပါတယ်။

ထို့အတူမြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်မုတ်သုန်အားကောင်းနေသည့်အတွက် ရန်ကုန် အပါအဝင်မြစ်ဝကျွန်းပေါ်ဒေသတွေမှာလေပြင်းတိုက်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်နိုင်တယ်လို့ မိုးဇလမှ ခန့်မှန်းပေးထားပါတယ်။

မိုးလေဝသစေတနာရှင်မလေးစုစုစံခန့်မှန်းချက်အရ”ရခိုင်ရိုးမအရှေ့သတိ။ တောင်တရုတ်ပင်လယ်ပြင်မှမုန်တိုင်းတွေရဲ့အထက်လေစီး UAC upper air circulation conditions များသည် မြန်မာနိုင်ငံကိုအရှေ့မှအေနောက်သို့လာရောက်မှာဖြစ်ပါတယ်

ကမ္ဘာအမြင့်ပေ၁၅၀၀၀၀မှ ၁၈၀၀၀၀အမြင့်လေဝဲလည်လာမယ့်လေထုသည်မြန်မာနိုင်ငံ ပဲခူးရိုးမပေါ်ရောက်ရှိလာတဲ့အခါပေ၅၀၀၀အထိစိုက်ဆင်းလာမှာဖြစ်ပြီးရခိုင်ရိုးမနှင့်ထိတွေ့ကာ အောက်တိုဘာလ ၁၂ရက် ၁၃ရက်တွေမှာရခိုင်ရိုးမအရှေ့ဖက်တောင်တန်းတွေပေါ်မှာမိုးများစွာရွာသွန်းနိုင်သဖြင့်

ဧရာဝတီတိုင်းအနောက်ပိုင်း ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် မကွေးတိုင်းအနောက်ပိုင်း သရက်ခရိုင်မင်းတုန်း မကွေးခရိုင် မင်းဘူးခရိုင် စကု ပွင့်ဖြူ ရွှေစက်တော်လပဒါန်း

မံဇလီ ကံပြား ကန်ဇွန်းမ လောင်းရှည် စေတုတ္တရာ မုန်းဆည် မန်းဆည် ပြီးအုံပြီးဝဆည် ရင်းရှည်တမံ စလင်းတမံ လင်းဇင်းဆည် အိုက်းမဆည် စလင်း ရှောက်တော ဆင်ဖြူကျွန်း ဆိပ်ဖြူ ဒေသတွေမှာမိုးများစွာရွာသွန်းနိုင်ပါတယ်

ဧရာဝတီဖြစ်အနောက်ဖက်ပိုင်း ရခိုင်ရိုးမကို မြစ်ဖျားချောင်းဖျားခံတဲ့ မြစ်ချောက်းအနီးနေထိုင်ကြသူတွေအထူးသတိထားရမှာဖြစ်သလိုရေထိမခံနိုင်တဲ့လုပ်ငန်းလုပ်ဆောင်နေသူများ ရိတ်သိမ်းနေ​ကြတဲ့တောင်သူလယ်သမားများ

ဆည်တမံတာဝန်ခံ Engineers များပျက်စီးမှုမရှိစေရန်ကြိုတင်သိရှိပြင်ဆင်နိုင်ရန်ရက်ကြိုတင်ပြီးခန့်မှန်းပေးလိုက်ရတာဖြစ်ပါတယ်ရှင့်” ဆိုပြီး ကြိုတင်အသိပေးထုတ်ပြန်ထားပါတယ်။

လာမည့္ (၂) ရက္အတြင္း ေလဖိအားနည္းရပ္ဝန္းႏွင့္ မုန္တိုင္းျဖစ္နိုင္ေျခရွိၿပီး ေလျပင္းတိုက္ခတ္ျခင္း မိုးႀကီးေရလၽွံျခင္းျဖစ္ေပၚလာနိုင္

လာမည့္ႏွစ္ရက္အတြင္း(ေအာက္တိုဘာ ၁၀ ရက္ႏွင့္ ၁၁ရက္)ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚလာနိုင္ၿပီးရန္ကုန္တိုင္းအပါအဝင္

ျမစ္ဝကၽြန္းေပၚေဒသမ်ားတြင္ေလျပင္းတိုက္ျခင္း၊မိုးသည္းထန္စြာရြာသြန္းျခင္း၊မိုးႀကိဳးပစ္ျခင္း

စသည္တို႔ျဖစ္ေပၚနိုင္ေၾကာင္း မိုးဇလဒုတိယညႊန္ၾကားေရးမႉး ဦးလွထြန္းကသတိေပးေျပာၾကားလိုက္ပါတယ္။

ေအာက္တိုဘာလအတြင္းေလဖိအားနည္းရပ္ဝန္းသုံးႀကိမ္ျဖစ္ေပၚနိုင္ၿပီးတစ္ႀကိမ္မွာ မုန္ တိုင္း ျဖစ္လာနိုင္ေျခရွိေၾကာင္းဆိုထားပါတယ္။

လက္ရွိတြင္ေလထုမၿငိမ္မသက္မႈမ်ားျဖစ္ေနၿပီးမုတ္သုန္ဆုတ္ခြာခ်ိန္ျဖစ္သည့္အတြက္နိုင္ငံတြင္း ေနရာအခ်ိဳ႕တြင္မိုးတိမ္ေတာင္ေတြျဖစ္ထြန္းကာေလျပင္းတိုက္ျခင္း၊မိုးသည္းထန္စြာရြာျခင္း၊မိုးႀကိဳးပစ္ျခင္းတို႔ ျဖစ္ေပၚနိုင္ေၾကာင္းသိရပါတယ္။

ထို႔အတူျမန္မာနိုင္ငံေတာင္ပိုင္းေဒသမ်ားတြင္မုတ္သုန္အားေကာင္းေနသည့္အတြက္ ရန္ကုန္ အပါအဝင္ျမစ္ဝကၽြန္းေပၚေဒသေတြမွာေလျပင္းတိုက္ျခင္း၊မိုးသည္းထန္စြာရြာသြန္းျခင္းတို႔ ျဖစ္နိုင္တယ္လို႔ မိုးဇလမွ ခန႔္မွန္းေပးထားပါတယ္။

မိုးေလဝသေစတနာရွင္မေလးစုစုစံခန႔္မွန္းခ်က္အရ”ရခိုင္ရိုးမအေရွ႕သတိ။ ေတာင္တ႐ုတ္ပင္လယ္ျပင္မွမုန္တိုင္းေတြရဲ့အထက္ေလစီး UAC upper air circulation conditions မ်ားသည္ ျမန္မာနိုင္ငံကိုအေရွ႕မွေအေနာက္သို႔လာေရာက္မွာျဖစ္ပါတယ္

ကမၻာအျမင့္ေပ၁၅၀၀၀၀မွ ၁၈၀၀၀၀အျမင့္ေလဝဲလည္လာမယ့္ေလထုသည္ျမန္မာနိုင္ငံ ပဲခူးရိုးမေပၚေရာက္ရွိလာတဲ့အခါေပ၅၀၀၀အထိစိုက္ဆင္းလာမွာျဖစ္ၿပီးရခိုင္ရိုးမႏွင့္ထိေတြ႕ကာ ေအာက္တိုဘာလ ၁၂ရက္ ၁၃ရက္ေတြမွာရခိုင္ရိုးမအေရွ႕ဖက္ေတာင္တန္းေတြေပၚမွာမိုးမ်ားစြာရြာသြန္းနိုင္သျဖင့္

ဧရာဝတီတိုင္းအေနာက္ပိုင္း ပဲခူးတိုင္းအေနာက္ပိုင္း ျပည္ခရိုင္ မေကြးတိုင္းအေနာက္ပိုင္း သရက္ခရိုင္မင္းတုန္း မေကြးခရိုင္ မင္းဘူးခရိုင္ စကု ပြင့္ျဖဴ ေရႊစက္ေတာ္လပဒါန္း

မံဇလီ ကံျပား ကန္ဇြန္းမ ေလာင္းရွည္ ေစတုတၱရာ မုန္းဆည္ မန္းဆည္ ၿပီးအုံၿပီးဝဆည္ ရင္းရွည္တမံ စလင္းတမံ လင္းဇင္းဆည္ အိုက္းမဆည္ စလင္း ေရွာက္ေတာ ဆင္ျဖဴကၽြန္း ဆိပ္ျဖဴ ေဒသေတြမွာမိုးမ်ားစြာရြာသြန္းနိုင္ပါတယ္

ဧရာဝတီျဖစ္အေနာက္ဖက္ပိုင္း ရခိုင္ရိုးမကို ျမစ္ဖ်ားေခ်ာင္းဖ်ားခံတဲ့ ျမစ္ေခ်ာက္းအနီးေနထိုင္ၾကသူေတြအထူးသတိထားရမွာျဖစ္သလိုေရထိမခံနိုင္တဲ့လုပ္ငန္းလုပ္ေဆာင္ေနသူမ်ား ရိတ္သိမ္းေန​ၾကတဲ့ေတာင္သူလယ္သမားမ်ား

ဆည္တမံတာဝန္ခံ Engineers မ်ားပ်က္စီးမႈမရွိေစရန္ႀကိဳတင္သိရွိျပင္ဆင္နိုင္ရန္ရက္ႀကိဳတင္ၿပီးခန္႔မွန္းေပးလိုက္ရတာျဖစ္ပါတယ္ရွင့္” ဆိုၿပီး ႀကိဳတင္အသိေပးထုတ္ျပန္ထားပါတယ္။