ၾကားသိရသမွ်

သားျဖစ္သူအတြက္ ယူႀကံဳးမရစြာ ငိုေၾကြးေနတဲ့ မင္းသားႀကီး ရွရြတ္ခန္းရဲ႕(ဗြီဒီယိုဖိုင္)

Shah Rukh Khan ႏွင့္ Gauri Khan တို႔ရဲ့ သားျဖစ္သူ Aryan Khan ကို မူးယစ္ေဆးဝါးအမႈနဲ႔ NBC မွ ထိန္းသိမ္းထားခဲ့တာ ျဖစ္ပါတယ္။

Aryan ရဲ့ မိခင္ Gauri က သူမသားျဖစ္သူ ေထာင္ထဲကေနလြတ္လာဖို႔ အသည္းအသန္ႀကိဳးစားေနေပမယ့္လည္း အဆင္မေျပျဖစ္ေနတယ္လို႔ သိရပါတယ္။

အန္တီ Gauri က တရား႐ုံးထဲကေန ငိုလၽွက္ထြက္လာၿပီး သူမရဲ့ သားျဖစ္သူအတြက္ယူၾကဳံးမရ ပုံစံျဖစ္ေနပါတယ္။

ဗီဒီယိုထဲမွာ အန္တီ Gauri က အကၤ်ီအျဖဴေရာင္နဲ႔ ဂ်င္းေဘာင္းဘီ အျပာေရာင္ ဝတ္ထားပါတယ္။

သူမက ကားထဲမွာ ဆက္လက္ငိုေႂကြးေနၿပီးေနာက္ ထြက္ခြာသြားပါတယ္။

သားျဖစ္သူ Aryan Khan ရဲ့ အမႈအတြက္ အာမခံတင္သြင္းတာ ပယ္ခ်ခံလိုက္ရတာေၾကာင့္ အခုလိုမ်ိဳးဝမ္းနည္းပတ္လတ္ငိုေႂကြးေနတာျဖစ္တယ္လို႔ သုံးသပ္ထားၾကပါတယ္။

လက္ရွိမွာေတာ့ Aryan Khan ကို NBC ကေန Arthur Road အက်ဥ္းေထာင္ကို ပို႔ေဆာင္လိုက္ၿပီပဲျဖစ္ပါတယ္။

အာမခံရရွိဖို႔အတြက္ ဆုေတာင္းေနၾကတဲ့ ပရိသတ္ေတြရဲ့ ဆႏၵကေတာ့ မျပည့္သြားလိုက္ပါဘူး။

တရားစီရင္ေရးႏွင့္ပတ္သတ္ၿပီး ေနာက္ထပ္ဘာေတြဆက္ျဖစ္လာမလဲဆိုတာကိုေတာ့ ဆက္လက္ၿပီးေစာင့္ၾကည့္သြားရပါမယ္။

တနဂၤေႏြေန႔က NBC က အေပ်ာ္စီးယာဥ္တစ္စီးကို ဝင္ေရာက္စီးနင္းခဲ့ၿပီး အဲဒီအေပ်ာ္စီးယာဥ္မွာ Aryan Khan ႏွင့္ အျခားသူ ၇ ဦးကို မူးယစ္ေဆးသုံးစြဲမႈႏွင့္ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

Aryan Khan ကို Arthur Road အက်ဥ္းေထာင္ပို႔ေဆာင္ခဲ့တဲ့ ဗီဒီယိုဖိုင္ေလးကိုလည္း ေအာက္မွာၾကည့္သြားလို႔ရပါတယ္။

credit

unicode

Shah Rukh Khan နှင့် Gauri Khan တို့ရဲ့ သားဖြစ်သူ Aryan Khan ကို မူးယစ်ဆေးဝါးအမှုနဲ့ NBC မှ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

Aryan ရဲ့ မိခင် Gauri က သူမသားဖြစ်သူ ထောင်ထဲကနေလွတ်လာဖို့ အသည်းအသန်ကြိုးစားနေပေမယ့်လည်း အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။

အန်တီ Gauri က တရားရုံးထဲကနေ ငိုလျှက်ထွက်လာပြီး သူမရဲ့ သားဖြစ်သူအတွက်ယူကြုံးမရ ပုံစံဖြစ်နေပါတယ်။

ဗီဒီယိုထဲမှာ အန်တီ Gauri က အင်္ကျီအဖြူရောင်နဲ့ ဂျင်းဘောင်းဘီ အပြာရောင် ဝတ်ထားပါတယ်။

သူမက ကားထဲမှာ ဆက်လက်ငိုကြွေးနေပြီးနောက် ထွက်ခွာသွားပါတယ်။

သားဖြစ်သူ Aryan Khan ရဲ့ အမှုအတွက် အာမခံတင်သွင်းတာ ပယ်ချခံလိုက်ရတာကြောင့် အခုလိုမျိုးဝမ်းနည်းပတ်လတ်ငိုကြွေးနေတာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

လက်ရှိမှာတော့ Aryan Khan ကို NBC ကနေ Arthur Road အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီပဲဖြစ်ပါတယ်။

အာမခံရရှိဖို့အတွက် ဆုတောင်းနေကြတဲ့ ပရိသတ်တွေရဲ့ ဆန္ဒကတော့ မပြည့်သွားလိုက်ပါဘူး။

တရားစီရင်ရေးနှင့်ပတ်သတ်ပြီး နောက်ထပ်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်ပြီးစောင့်ကြည့်သွားရပါမယ်။

တနင်္ဂနွေနေ့က NBC က အပျော်စီးယာဉ်တစ်စီးကို ဝင်ရောက်စီးနင်းခဲ့ပြီး အဲဒီအပျော်စီးယာဉ်မှာ Aryan Khan နှင့် အခြားသူ ၇ ဦးကို မူးယစ်ဆေးသုံးစွဲမှုနှင့် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Aryan Khan ကို Arthur Road အကျဉ်းထောင်ပို့ဆောင်ခဲ့တဲ့ ဗီဒီယိုဖိုင်လေးကိုလည်း အောက်မှာကြည့်သွားလို့ရပါတယ်။