မေပန်းချီအတွက် သူမရင်ထဲက လှိုက်လှိုက်လှဲလှဲတောင်းပန်စကားဆိုရင်း ပရိသတ်တွေကိုပါ ကတိတစ်ခုပေးလိုက်တဲ့ ဘေဘီမောင်
မှန်ကန်သော လုပ်ရပ်ကိုလုပ်ခြင်းဒီရက်ပိုင်း ဘေဘီ့မှာ အတွေးတွေ သိပ်များပါတယ်။ တွေးဖို့ အချိန်သေချာရအောင်ယူပြီးလည်း တွေးဖြစ်ပါတယ်။ ဒီစာလေးကိုလည်း ရေးရနိုး မရေးရနိုး အကြိမ်ကြိမ်စဉ်းစားရင်းက လိုအပ်တယ်ထင်လို့ ရေးဖို့ဘေဘီ ဆုံးဖြတ်လိုက်ပါတယ်။ ဒီစာဟာ ဖြေရှင်းတဲ့စာ မဟုတ်သလိုအသနားခံစာလည်း မဟုတ်ရပါဘူး။
ဘေဘီလုပ်ခဲ့မိတဲ့ အပြုအမူဟာ သနားခံရဖို့ မထိုက်တန်ပါဘူး။ ဒီစာဟာ တောင်းပန်စာပါ။ အမြဲ ပတွတ်ပတွတ်နဲ့ ပြောချင်ရာတွေ ပြောတဲ့နေရာ၊ ဟီလာထတဲ့နေရာတွေမှာသာ အလုပ်ဖြစ်ပြီး အရေးဟယ် အကြောင်းဟယ် အစီအစဉ်တကျပြောဟဲ့ဆိုရင် တောရောက်တောင်ရောက်နဲ့လိုရာမရောက်ဘဲဖြစ်ဖြစ်နေတတ် ဒီပါးစပ်ကြီးကြောင့်လည်း Liveမလွှင့်တော့ဘဲ စာနဲ့ပဲ ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။
🙏🏼 ပထမဦးဆုံးအနေနဲ့ မေပန်းချီ့ကို ဘေဘီ တောင်းပန်ချင်ပါတယ်။ ဖြစ်ခဲ့သမျှ အကြောင်းအရာ အားလုံးကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် အမှားတွေ အားလုံးဟာ ဘေဘီကြောင့်ပါပဲ။ ဒီအခြေအနေမှာ ဘေဘီ ဘယ်သူ့ကိုမှလည်း အပြစ်တင်ဖို့ စိတ်ကူးမရှိပါဘူး။
ကြယ်စင်ဟာ ဘေဘီ့ကို ချစ်တဲ့စိတ်နဲ့ ဘေဘီ့ကို အသားပေးပြီး ပန်းချီ့ဘက်ကို နာအောင် ဘာတွေပဲထောက်ပေးပေး ဘေဘီ့ရင်ထဲမှာသာ ရှင်းနေခဲ့မယ်ဆိုရင် ဘာမှဝင်မပြောဘဲ မသိချင်ယောင်ဆောင် နေလိုက်လို့ရပါတယ်။ ဒါပေမယ့် ဘေဘီ့ရင်ထဲမှာရှင်းမနေခဲ့ဘူးထင်ပါရဲ့။ မလုပ်သင့် မပြောသင့်တာကို တခဏဖြစ်လာတဲ့စိတ်နဲ့ လုပ်မိ ပြောမိတယ်။
လူငယ်စိတ်နဲ့ ငါတော့ ကြုံတုန်း ပြောလိုက်ဦးမယ်ဆိုပြီး ဘာမှ အများကြီး မစဉ်းစားဘဲ ပြောလိုက်မိပါတယ်။ ခုပြန်တွေးကြည့်တိုင်း ဘုရားတရားတွေလုပ်ပြီး ငါဟာ တရားမရှိသေးပါလားလို့လည်း အသိတရားရပါတယ်။
ဘေဘီဟာ လူမို့ တစ်ခါတစ်ခါ မနာလိုစိတ်ဖြစ်တတ်တာလည်း ဝန်ခံရပါမယ်။ ဒါပေမယ့် တခဏတာ စောင်းကြွလာတဲ့ အဲဒီစိတ်ကို မထိန်းလိုက်ဘဲ စိတ်လိုက်မာန်ပါနဲ့ ပြောမိလုပ်မိလိုက်တာမှာ ဘေဘီ စမှားတော့တာပါပဲ။ အင်တာနက်ခေတ်မှာ လူအများသိတဲ့သူဖြစ်ရတာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ခြေလှမ်းတစ်ချက်မှားရင် ပြန်အဖတ်ဆယ်ဖို့ မလွယ်ပါဘူး။ အဲဒါကိုတွေးမိမိချင်း ဘေဘီ အရမ်းတုန်လှုပ်မိတာ အမှန်ပါ။
ငါနာမည်ပျက်၊ အလုပ်လုပ်စားလို့မရတော့ရင် ငါ့နောက်ကွယ်က ငါ့ကိုမှီခိုနေကြတဲ့ မိသားစုနဲ့ ငါ့အလုပ်က ကလေးတွေ ဘယ်လိုလုပ်ပါ့မလဲ၊ ငါ့ကိုချစ်တဲ့စိတ်တစ်ခုနဲ့ ငါ့အတွက်အမြဲရပ်တည်ပေးတဲ့ မောင့်ကိုပါ ထိခိုက်ရင်ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးတွေ နှိပ်စက်တဲ့အခါ ဘေဘီဟာ ဒုတိယအမှားကို ထပ်လုပ်မိပါတယ်။ ဘေဘီဟာ အသက်သာ ၃ဝစွန်းလာ၊ အိမ်မှာသာ လူကြီးလုပ်နေရပေမယ့် ကလေးလို ပေါတောတောနေတော့ စိတ်ဟာ လူကြီးတစ်ယောက်လို လိုက်ရင့်ကျက်မလာဘူးထင်ပါရဲ့။
ကလေးဆန်ဆန်နဲ့ “နင့်နာမည်တပ်ပြောတာမှမဟုတ်တာ” ဆိုတဲ့ excuseကိုသုံးပြီး မတောင်းပန်ဘဲ ပြသနာကို ရှောင်ထွက်ဖို့ ကြိုးစား၊ အဲဒီကနေမှ စိတ်တွေက အတွေးတွေများပြီး ဘာတွေ ပြောမှန်းမသိ ပြောဖြစ်ကုန်တော့တာပါပဲ။ ဘေဘီဟာ စိတ်ထဲ ပေါ် ပေါ်တဲ့အတိုင်း ထလုပ်တတ်တဲ့အပြင် စကား အပြောအဆိုလည်း မပြေပြစ်ပါဘူး။ ဘာပြောမယ် ဘယ်လိုရှင်းပြလိုက်မယ်လို့ planလည်းမချတတ်၊ ကြောက်တဲ့စိတ်၊ ကိုယ့်ကိုယ်ကိုရှက်တဲ့စိတ်တွေနဲ့ အမှားတွေ ဆက်တိုက်လုပ်မိတော့တာ။
ဒါတွေထားပါတော့လေ။ ခုနကပြောသလိုဘဲ ဒီစာဟာ “ဘေဘီမသိလို့ အမှားလုပ်မိပါတယ်”လို့ မျက်ရည်ခံထိုး အသနားခံတဲ့စာမဟုတ်ပါဘူး။ ပန်းချီ့ကို တောင်းပန်ဖို့ ရေးတဲ့စာပါ။ သူငယ်ချင်း မေပန်းချီ…. နင့်ကိုငါ အရာအားလုံးအတွက် တောင်းပန်ပါတယ်။ 🙏🏼🙏🏼 နင့်ကို လှောင်သလိုပြောင်သလိုရယ်ခဲ့မိတဲ့ တခဏဟာ ငါ့အတွက် နောင်တ တစ်သက်စာပါ။
အခုအချိန်မှာ ငါတို့တွေ အဆင်မပြေတော့လို့ သူငယ်ချင်း ဆက်မဖြစ်နိုင်တော့ပေမယ့် သူငယ်ချင်း ဖြစ်ခဲ့စဉ်က အတူပျော်၊ အတူရယ်ခဲ့ဖူးကြတယ်။ ငါတို့တွေအတူ ပျော်စရာအချိန်တွေ ဖြတ်သန်းခဲ့ဖူးကြတယ်။ သေချာ ပြန်တွေးကြည့်တဲ့အခါ နင်ဟာ ငါ့ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ရှိခဲ့ပေးဖူးတယ်ဆိုတာ နဲ့တင် ငါ့အပြုအမူအတွက် ငါရှက်လို့မဆုံးပါဘူး သူငယ်ချင်း။ အဲဒီအတွက် ငါ ထပ်တောင်းပန်ပါတယ်။
🙏🏼နောက်တစ်ခုက ပရိတ်သတ်ကို တောင်းပန်ချင်တာပါ။ ဘေဘီ့ကိုချစ်ရက်နဲ့ ဘေဘီ့အပြုအမူကြောင့် ဆက်မချစ်တော့ဘူး၊ ဆက်အားမပေးချင်တော့ဘူးဆိုတဲ့ commentတွေ တွေ့တိုင်း ငါ့အပြစ်နဲ့ငါခံရတာ… ခံရမယ်လို့ တွေးရင်း ရင်တွေ အကြိမ်ကြိမ်ကွဲရပါတယ်။ ဒီဘဝကလေးကိုရောက်လာဖို့ ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေ အများကြီး လျှောက်ပြီး တည်ဆောက်ခဲ့ရသူမို့ ကိုယ့်ဘဝကိုယ် ယူကျုံးမရလည်း မရဖြစ်ရပါတယ်။ ယုံပါ။
ဘေဘီ့မှားနေတာတောင်မှ လူဆိုတာ မှားတတ်ပါတယ်ဆိုတဲ့ကိုယ်ချင်းစာတရားနဲ့ ဘေဘီ့ကို နားလည်ပေးကြတဲ့ ဘေဘီ့ကို ချစ်ကြသူတွေ၊ ဒီတစ်ခါတော့ ဘေဘီမောင်မှားတယ်လို့ အတိအလင်းပြော မုန်းသွားကြတဲ့သူတွေ၊ ဘေဘီ့ရဲ့ မကောင်းတဲ့အပြုအမူကို စက်ဆုပ်ရွံရှာသွားကြသူတွေ အားလုံးကိုလည်း ဘေဘီ ဒီနေရာကနေ တောင်းပန်ပါရစေ။ 🙏🏼🙏🏼 ဘေဘီ မှားမိပါတယ်။ အဲဒီအမှားကြောင့်ရလာတဲ့ ရလဒ် အဆိုးအကောင်းအားလုံးကိုလည်း ဘေဘီတစ်ယောက်တည်း ခံပါရစေ။
ဘေဘီ့ကို အမြဲဆုံးမပဲ့ပြင်တဲ့ မိဘတွေမှာလည်း အပြစ်မရှိသလို ဘေဘီ့အနားမှာ ဘေဘီ့လက်ကို တင်းတင်းဆုပ်ပြီး ဆိုးဆိုးကောင်းကောင်း အမြဲရှိနေပေးတဲ့ မောင့်ကိုလည်း အပြစ်မတင်ဖို့ တောင်းဆိုပါရစေ။ မောင်ဟာ တက်လမ်းတွေအများကြီးနဲ့ အရည်အချင်းတွေအများကြီးရှိသူ ကြည်စင်အေးချမ်းသူမို့ ဘေဘီ့ကြောင့် မောင့်ကိုများထိခိုက်ရင်ဆိုပြီးတွေးတိုင်း ရင်ထဲမှာ မောင့်ကိုလည်းအားနာ၊ဘာလုပ်ပေးရမှန်းလည်းမသိတဲ့အခါ ဘေဘီဟာ အရူးမကြီးတစ်ယောက်လိုပါပဲ။
အညွန့်တလူလူနဲ့တက်နေတဲ့ ဘေဘီ့ညီမလေးကိုထိခိုက်မှာလည်း ဘေဘီ သိပ်ကြောက်ပါတယ်။ ဒါဟာ မှန်သော သစ္စာစကားတွေပါ။ ဘေဘီ့ကို ခွင့်မလွှတ်ရင်နေပါ၊ မောင်နဲ့ ဘေဘီ့ညီမလေးတွေ မိသားစုတွေကို ဘေဘီနဲ့ရောပြီး မမုန်းလိုက်ဖို့ တောင်းဆိုပါရစေ။
ဘေဘီဟာ အသက်လည်းရလာပြီ၊ အနုပညာလုပ်ဖို့ အခွင့်အရေး မရတော့လည်း ကိုယ့်အပြစ်နဲ့ကိုယ်ဆိုပေမယ့် မောင်တို့ ကျဲလေးတို့ကိုပါ ဘေဘီ့ကြောင့်ထိခိုက်ရတယ်ဆိုရင် သူတို့အတွက် မတရားပါဘူး။ ဘေဘီလည်း အဲဒီနောင်တကြီးနဲ့ ရူးမှာပါပဲ။ ဘေဘီဟာ သဲတို့ပြောသလို ဇွတ်ဖြူစင်မောင် လုပ်နေတာမျိုးလည်းမဟုတ်ရပါဘူး။
ဘေဘီသာလျှင် သမာအာဇီဝလုပ်တယ် တခြားသူတွေက မကောင်းတာတွေလုပ်တယ်ဆိုတဲ့ အတွေးမျိုး ဘေဘီ့မှာ မရှိရပါဘူး။ ဒါပေမယ့် ဘေဘီ့အပြုအမူ အပြောအဆိုတွေဟာ အဲဒီလိုအဓိပ္ပါယ်မျိုး ဖြစ်သွားခဲ့တဲ့အတွက် မေပန်းချီ့ကိုရော အားလုံးကိုရော တောင်းပန်ပါတယ်။ ဘေဘီ့အပြစ်တွေကို ဘေဘီတစ်ယောက်တည်း ခံခွင့်ပြုပါ။
🙏🏼🙏🏼🙏🏼နောက်တစ်ခုက ပရိတ်သတ်ကို တောင်းပန်ချင်တာပါ။ ဘေဘီ့ကိုချစ်ရက်နဲ့ ဘေဘီ့အပြုအမူကြောင့် ဆက်မချစ်တော့ဘူး၊ ဆက်အားမပေးချင်တော့ဘူး
ဆိုတဲ့ commentတွေ တွေ့တိုင်း ငါ့အပြစ်နဲ့ငါခံရတာ… ခံရမယ်လို့ တွေးရင်း ရင်တွေ အကြိမ်ကြိမ်ကွဲရပါတယ်။ ဒီဘဝကလေးကိုရောက်လာဖို့ ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေ အများကြီး လျှောက်ပြီး တည်ဆောက်ခဲ့ရသူမို့ ကိုယ့်ဘဝကိုယ် ယူကျုံးမရလည်း မရဖြစ်ရပါတယ်။ ယုံပါ။
ဘေဘီ့မှားနေတာတောင်မှ လူဆိုတာမှားတတ်ပါတယ်ဆိုတဲ့ကိုယ်ချင်းစာတရားနဲ့ ဘေဘီ့ကို နားလည်ပေးကြတဲ့ ဘေဘီ့ကို ချစ်ကြသူတွေ၊ ဒီတစ်ခါတော့ ဘေဘီမောင်မှားတယ်လို့ အတိအလင်းပြော မုန်းသွားကြတဲ့သူတွေ၊ ဘေဘီ့ရဲ့ မကောင်းတဲ့အပြုအမူကို စက်ဆုပ်ရွံရှာသွားကြသူတွေ အားလုံးကိုလည်း ဘေဘီ ဒီနေရာကနေ တောင်းပန်ပါရစေ။ 🙏🏼🙏🏼 ဘေဘီ မှားမိပါတယ်။
အဲဒီအမှားကြောင့်ရလာတဲ့ ရလဒ် အဆိုးအကောင်းအားလုံးကိုလည်း ဘေဘီတစ်ယောက်တည်း ခံပါရစေ။ ဘေဘီ့ကို အမြဲဆုံးမပဲ့ပြင်တဲ့ မိဘတွေမှာလည်း အပြစ်မရှိသလို ဘေဘီ့အနားမှာ ဘေဘီ့လက်ကို တင်းတင်းဆုပ်ပြီး ဆိုးဆိုးကောင်းကောင်း အမြဲရှိနေပေးတဲ့ မောင့်ကိုလည်းအပြစ်မတင်ဖို့ တောင်းဆိုပါရစေ။
မောင်ဟာ တက်လမ်းတွေအများကြီးနဲ့ အရည်အချင်းတွေအများကြီးရှိသူ ကြည်စင်အေးချမ်းသူမို့ ဘေဘီ့ကြောင့် မောင့်ကိုများထိခိုက်ရင်ဆိုပြီးတွေးတိုင်း ရင်ထဲမှာ မောင့်ကိုလည်းအားနာ၊ဘာလုပ်ပေးရမှန်းလည်းမသိတဲ့အခါ ဘေဘီဟာ အရူးမကြီးတစ်ယောက်လိုပါပဲ။ အညွန့်တလူလူနဲ့တက်နေတဲ့ ဘေဘီ့ညီမလေးကိုထိခိုက်မှာလည်း ဘေဘီ သိပ်ကြောက်ပါတယ်။
ဒါဟာ မှန်သော သစ္စာစကားတွေပါ။ ဘေဘီ့ကို ခွင့်မလွှတ်ရင်နေပါ၊ မောင်နဲ့ ဘေဘီ့ညီမလေးတွေ မိသားစုတွေကို ဘေဘီနဲ့ရောပြီး မမုန်းလိုက်ဖို့ တောင်းဆိုပါရစေ။ ဘေဘီဟာ အသက်လည်းရလာပြီ၊ အနုပညာလုပ်ဖို့ အခွင့်အရေး မရတော့လည်း ကိုယ့်အပြစ်နဲ့ကိုယ်ဆိုပေမယ့် မောင်တို့ ကျဲလေးတို့ကိုပါ ဘေဘီ့ကြောင့်ထိခိုက်ရတယ်ဆိုရင် သူတို့အတွက် မတရားပါဘူး။
ဘေဘီလည်း အဲဒီနောင်တကြီးနဲ့ ရူးမှာပါပဲ။ ဘေဘီဟာ သဲတို့ပြောသလို ဇွတ်ဖြူစင်မောင် လုပ်နေတာမျိုးလည်းမဟုတ်ရပါဘူး။ ဘေဘီသာလျှင် သမာအာဇီဝလုပ်တယ် တခြားသူတွေက မကောင်းတာတွေလုပ်တယ်ဆိုတဲ့ အတွေးမျိုး ဘေဘီ့မှာ မရှိရပါဘူး။ ဒါပေမယ့် ဘေဘီ့အပြုအမူ အပြောအဆိုတွေဟာ အဲဒီလို အဓိပ္ပါယ်မျိုး ဖြစ်သွားခဲ့တဲ့အတွက် မေပန်းချီ့ကိုရော အားလုံးကိုရော တောင်းပန်ပါတယ်။
ဘေဘီ့အပြစ်တွေကို ဘေဘီတစ်ယောက်တည်း ခံခွင့်ပြုပါ။🙏🏼🙏🏼🙏🏼နောက်တစ်ခုက ဘေဘီစျေးရောင်းတဲ့ ကိစ္စပါ။ ဘေဘီက စျေးမရောင်းရတော့မှာ ကြောက်လို့ ငိုယိုတောင်းပန်နေတယ်ဆိုပြီး အားလုံးပြောကြတာ မှန်သင့်သလောက်မှန်ပါတယ်။
ဒါပေမယ့် အဲဒီအကြောင်းပြချက်တစ်ခုတည်းကြောင့် ငိုတာမဟုတ်ပါဘူး။ မစဉ်းစား မဆင်ခြင်ပဲ ပြုမူပြောဆို လိုက်မိတဲ့အတွက်ကြောင့်သူတစ်ပါးလည်း စိတ်ဆင်းရဲရ၊ ကိုယ့်ကိုချစ်တဲ့သူတွေလည်း ကိုယ့်ကြောင့်ထိခိုက်ရ၊ ကိုယ်ခက်ခက်ခဲခဲတည်ဆောက်ထားတဲ့ ဘဝလေးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်ရနဲ့ ဖြစ်ရတဲ့ အဖြစ်အပေါ် ယူကျုံးမရလွန်း ကိုယ့်ကိုယ်ကို စိတ်နာလွန်းလို့ အရူးတစ်ယောက်လို ငိုမိပါတယ်။ အပွင့်လင်းဆုံးဝန်ခံရရင် စျေးမရောင်းရတော့မှာလည်း ဘေဘီတကယ်ကြောက်ပါတယ်။
ဘေဘီ့နောက်မှာရှိတဲ့ မိသားစုကြီးတစ်ခုလုံးကို ဘေဘီ ကျွေးမွေး ပြုစုစောင့်ရှောက်ခွင့်မရတော့မှာ ဘေဘီ့မိသားစု ဒုက္ခရောက်မှာ ဘေဘီ သေမလောက်ကြောက်ပါတယ်။ ဒါပေမယ့် ဖြစ်လာတဲ့ အခြေအနေ အကြောင်းကြောင်းကို ပြန်သုံးသပ်ကြည့်တဲ့အခါလုပ်ရဲရင် ခံရဲရမယ်ဆိုတဲ့စကားအတိုင်း မှန်ကန်တဲ့လုပ်ရပ်ကိုလုပ်ပြီး ဖြစ်လာသမျှကိုလည်း ဘေဘီ လက်ခံနိုင်ဖို့ ကြိုးစားရပါမယ်။ ဘေဘီဟာ တာဝန်ဝတ္တရားတွေနဲ့သူမို့ Liveလွှင့်ပြီး စျေးရောင်းလို့အဆင်မပြေရင် အပြင်မှာ ဆိုင်ဖွင့်ရောင်းပြီး ရှာစားရမှာပါပဲ။
ဘေဘီမောင်ကြီးကို ရွံလို့အမြင်ကပ်လို့ သူဆိုင်ဖွင့်လည်း မဝယ်ဘူးဟေ့ဆိုတဲ့ဘဝ ရောက်ခဲ့ရရင်လည်း စျေးဗန်းရွက်ပြီးပဲ ရှာစားရ စားရ မိသားစုအတွက် ဘေဘီ ရှေ့ဆက်နေရဦးမှာပါပဲ။ ဘေဘီ့ကို ချစ်သူတွေ မှီခိုနေကြသူတွေအတွက် ရတဲ့နည်းနဲ့ရုန်းကန်ကြိုးစားနေရဦးမှာပါပဲ။ ဒီနေရာမှာ ဘေဘီခဏခဏပြောလို့ အားလုံးဘေဘီ့ကို အမြင်ကပ်နေကြတဲ့ စကားကိုပဲ သုံးပါရစေ။
ရှေ့ဆက် ဘာအလုပ်ပဲလုပ်ဖို့ဖြစ်လာလာ ဘေဘီ သမာအာဇီဝအလုပ်ကိုပဲ လုပ်စားပါမယ်။ ဒါဟာ ဘေဘီသာ သမာအာဇီဝလုပ်ပြီး တခြားသူတွေက မကောင်းတဲ့အလုပ်တွေလုပ်တယ်လို့ ဆိုလိုချင်တာမျိုး လုံးဝလုံးဝ မဟုတ်ရပါဘူးဆိုတာ ယုံပါ။ လူတိုင်းရဲ့ဘဝတွေမှာ အတိတ်ဆိုတာ ရှိပါတယ်။ ဘေဘီဟာ အတိတ်ကို ပြည်ဖုံးကားချပြီး ဘဝကို အကောင်းဆုံးတည်ဆောက်ဖို့ ကြိုးစားနေသူပါ။
အဲဒီလို ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်ပြီး ကြိုးစားရင်းက မမျှော်လင့်ပဲ အမှားတွေဆက်တိုက်လုပ်မိတဲ့အခါ ဘေဘီ့စိတ်ရဲ့ အနာအဆာကို ဘေဘီ ပြန်မြင်လိုက်ရသလိုပါဘဲ။ သိပ်ရှက်မိပါတယ်။ စာလည်း သိပ်ရှည်သွားပြီ။ ဘေဘီဟာ မိသားစု ဝမ်းရေးအတွက် အလုပ်တစ်ခုမဟုတ်တစ်ခုလုပ်ပြီး မဖြစ်မနေရုန်းကန်ရဦးမှာမို့ တစ်နေ့ဘေဘီပြန်လာခဲ့ပါမယ်။
အဲဒီအခါမှာ ဘေဘီ့ကို မုန်းတီးရွံရှာသွားကြသူများလည်း ဘေဘီ့ကို အခုလောက်ခါးခါးသီးသီး မမုန်းတီးတော့ဘဲ တဖြည်းတဖြည်း ခွင့်လွှတ်ပေးကြပါစေလို့လည်း မျှော်လင့်ပါရစေ။ ဘေဘီ့စိတ်ဓာတ်ကိုပြုပြင်ရင်း အားလုံးရဲ့မျက်စိရှေ့ကို ပြန်လာဖို့ ဘေဘီသတ္တိရှိလာတဲ့တစ်နေ့မှာ ဘေဘီ ပြန်လာခဲ့ပါ့မယ်။ အဲဒီအခါ ဘေဘီ့ကို သဲတို့ပြန်လက်မခံနိုင်တော့ဘူးဆိုရင်လည်း ကံတရားလို့ဘဲ ဘေဘီမှတ်ယူပါ့မယ်။
အားလုံးပဲ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေ။ (မီဒီယာများ ဒီစာကို ကူးယူဖော်ပြခဲ့ရင် ဘေဘီ့ရဲ့ဆိုလိုရင်းကနေ လွဲချော်ပြီးဘေဘီ့ကို အများပိုပြိး အထင်လွဲစေမယ့် ခေါင်းစဉ်တွေ ပြောင်းလဲမတပ်ဖို့ မေတ္တာရပ်ခံပါရစေ။ 🙏🏼🙏🏼)ဘေဘီမောင်….။
ုCredit:Cele World