” ပန်ထွာဘုရင်မ၏ ကျေးဇူးရှင်ဖြစ်သည့်ရသေ့ကြီး ဖြစ်ခဲ့သော သဲဖြူဆရာတော် နှင့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသည့် ဒွတ္တဘောင်မင်း ဝင်စားသည့်ရဟန်းတော် ”
သဲဖြူတောရဆရာတော်၏ မူလသီတင်းသုံး တရားပြရာနေရာသည် မှော်ဘီမြို့နယ် အမှတ် ၄ လမ်းမကြီးဘေးရှိသဲဖြူလယ်တီတောရဖြစ်ပါသည်။
တစ်ခါတွင်မူဆရာတော်သည် တစ်ဝါမျှ တရားအားထုတ်ကျင့်ကြံတော်မူရန် မဟာမြိုင်တောကြီး၏ အလယ်ဗဟိုချက်မ
နေရာသို့ တစ်ပါးတည်းကြွရောက်ပြီး ယာယီတဲကျောင်းဖြင့် နေထိုင်တော်မူရာ…
အတိတ်ဘဝက ဆရာတော်မှ ကယ်တင်စောင့်ရှောက်ပေးခဲ့ရသည့် ယခုမဟာမြိုင်တော၏ တောစောင့်နတ်ဖြစ်နေသူ ပန်ထွာဘုရင်မကြီး လာရောက်၍
တော၏အလယ်ဗဟိုချက်မနေရာတွင်လေးကျွန်းရန်အောင်စေတီတော်မြတ်ကြီးအားတည်ထားပါရန် လျှောက်ထားတောင်းပန်ခဲ့သည် ။
” သဲဖြူဆရာတော် အရှင်မြတ်…တပည့်တော်မ ပန်ထွာကို အရှင်ဘုရား၏ သီလ သမာဓိနဲ့ ဦးဆောင်ပြီး ဘုရားတည်ပေးမှသာ လူဘဝကို တစ်ဖန်ပြန်လည် ရရှိပြီး သာသနာပြုနိုင်ပါမည် အရှင်ဘုရား၊ဘုရားတည်ပေးတော်မူပါ ဘုရား… ”
” ဟဲ့ ဒကာမကြီး … ဘုရားတည်တယ်ဆိုတာ ငွေရော၊လူအင်အားရော ပြည့်စုံမှဟဲ့ ၊ဘုန်းကြီးမှာ ငွေတစ်ကျပ်တောင် ရှိတာ မဟုတ်ဘူး … ”
” အရှင်ဘုရားကသာ ဘုရားတည်ပေးမယ်လို့ အမိန့်ရှိပါ ဘုရား ၊ချက်ချင်းဖြစ်စေရပါမယ် …”
” နေပါဦး ဒကာမကြီးရယ် … ဆရာတွေကို မေးမြန်းပါဦးမယ် ၊ ဖြစ်သင့်ချိန်ကျရင်တော့ ဖြစ်ရမှာပေါ့လေ …”သဲဖြူဆရာတော်လည်း စိတ်မကောင်းကြီးစွာနဲ့ ပန်ထွာဘုရင်မကိုနှစ်သိမ့်ရင်း မဟာမြိုင်တောကြီးမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကကျင့်ကြံ အားထုတ်တော် မူနေတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီး ဆီကိုသွားရောက် ရှောက်ထား တင်ပြတော်မူပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးက ခေါင်နန်းပလ္လင်မှာ သီတင်းသုံးနေချိန်ဖြစ်သည်။
မဟာဗောဓိမြိုင် ဆရာတော်ကြီးက သဲဖြူဆရာတော်ကို မိန့်မှာပုံလေးကကြည်နူးဝမ်းသာစရာပါ …
” မောင်သဲဖြူ လုပ်မှ အောင်မြင်မှာ… ရဲရဲသာလုပ် ” တဲ့ ။ ဘုရင်မကြီးအတွက်ဘုရားတည်ပေးနိုင်တော့မှာမို့ သဲဖြူဆရာတော် ဝမ်းသာသွားပါတယ်။ဒွတ္တဘောင်မောင်တော်ဟာ သာစည်မြို့အနီးက ရွှေကျောင်းကုန်းတောင်မှာ ရဟန်းဘဝနဲ့ တရားထူးရပြီး လွတ်မြောက်သွားခဲ့ပြီဆိုတာ သိနေတော့ ဘုရင်မမှာ လက်စားချေစရာလည်း မရှိတော့ပါဘူး။
ဘဝသံသရာ အဆက်ဆက် မောခဲ့ပါပြီ ။ ဒီဘဝတော့ ကျွတ်ချိန်တန်ပါပြီလို့ သတ်မှတ်ထားပြီ ထင်ပါရဲ့ … ။
(fb.မိတ်ဆွေ မဟာဗောဓိမြိုင်ဆရာတော်ရဲ့ နောက်လိုက်တပည့်ရင်းဖြစ်တဲ့ ဆရာခင်မောင်ညွန့်ရဲ့ ဖြည့်စွတ်ပေးပို့ချက်ကို ထပ်မံဖြည့်စွက် ဖော်ပြပေးလိုက်ပါတယ် ။)
ဒွတ္တဘောင်ဘုရင်ရဲ့ ယခု လူ့ဘဝငယ်နာမည်က ကိုကျော်အောင် ။ယခု ရဟန်းဘဝနဲ့ သာစည်ရွှေကျောင်းတောင်မှာ သတင်းသုံးနေပါတယ် ။ဝါတွင်းကာလမှာ မိုင်းပျဉ်းမြို့နယ် ဘုန်းတော်ပြည့်တောင်မှာ သတင်းသုံးပါတယ်။
ဆရာတော် ဥူးဩဘာသ ဖြစ်ပါတယ်။ရဟန်းကိစ္စ ပြီးမြောက်သွားပြီလို့ ယုံကြည်ကြပါတယ် ။
တနေ့ပေါ့ …ဆရာတော် ဥူးဩဘာသဟာမဟာမြို့င်က ဆရာအရင်းဖြစ်တဲ့ မဟာဗောဓိမြိုင်ဆရာတော်ဆီ သွားဖို့သာစည်ကို ဆိုင်ကယ်နဲ့ လှူဖွယ်ပစ္စည်းသွားဝယ်တယ် ။လမ်းမှာ ဆိုင်ကယ်မတော်တဆဖြစ်ပြီးခြေထောက် ထိခိုက်သွားလို့ မလာနိုင်တော့ကြောင်းဆရာတော်ကြီးဆီ လှမ်းလျှောက်တယ်။
မဟာဗောဓိမြိုင်ဆရာတော်ကြီးက ” အမယ် .. ဟိုကလာမယ်လို့ ကြံခါရှိသေး ၊လာများသာလာရင် အသက်တောင် ရန်ရှာမလားမသိဘူး” လို့ မိန့္ပါသတဲ့ ။
ဆရာတော်ကြီးက ” မိပန်ရယ် …နင့်ကို ယခင်တုန်းက အဆောင်အယောင်တွေနဲ့ မြင်ချင်လိုက်တာ “လို့ မိန့်လိုက်ရာမှာ ည ၁၁ နာရီလောက်မှာ ကရဝိတ်ဖောင်တော်ကြီးနဲ့ စစ်သည်ဗိုလ်ပါ အလုံးအရင်းနဲ့ဆင်၊မြင်းတွေနဲ့ ဖန်ဆင်းပြတယ်။
” အရှင်ဘုရား … တပည့်တော်တို့ အစုံညီ ရောက်ရှိကြောင်းပါ ဘုရား” လို့ မျက်နှာလွှဲပြီး လျှောက်တင်တယ် ။ဆရာတော်ကြီးက ပန်ထွာမင်းသမီးကို မိပန်လို့ပဲ ခေါ်ပါတယ် ။
” ဟဲ့ … မိပန် နင်အစွဲကြီးလွန်းလှတယ်။
စွဲနေသမျှ လောင်ကြွမ်းနေမှာပဲ။နင့် ပါရမီဖြည့်ဖက်က သူတော်စင် ရဟန်းဖြစ်နေပြီ၊ နင့်ကို မစွဲတော့ဘူး။ဘယ်သူ့မှလည်း မစွဲတော့ဘူး ။
ဘုရားရှင်ကို ဖူးခဲ့ရတာချင်း အတူတူသူက ဒုက္ခရဲ့ လွတ်မြောက်ရာ ရှာတွေ့သွားခဲ့ပြီ ။(ပွေးဖို၊ပွေးမ ဘဝကို ရည်ညွှန်းဟန် တူပါသည် )ဘဝ လွတ်မြောက်ရာ ရှာတွေ့သွားပြီ ၊နင်လည်း အစွဲလွတ်အောင် ရှာကြံပေတော့ ” လို့ မိန့်လိုက်ရာမှာ ကြူကြူပါအောင် ငိုရှာပါတော့တယ်။
“တပည့်တော်မ ကြိုးစားပါ့မယ်ဘုရား “ဆရာတော်ကို ဦးချကန်ပြီး ပျောက်သွားခဲ့ပါတယ် ။သနားစရာ အဖြစ်အပျက်ကလေးကို ပြောပြပေးတဲ့ ဆရာတော်ကြီးရဲ့ အနီးကပ်တပည့်ဆရာဦးခင်မောင်ညွန့်ကို ကျေးဇူးတင်ပါတယ် ။
(Anawyahtar King.writer)
မဟာဗောဓိမြိုင်ဆရာတော်ကြီးဆိုတာကလည်း …တခါက …ပန်ထွာဘုရင်မလေးရဲ့တဖက်သတ် ချစ်ခင်၊လေးစား၊အားကိုးခဲ့ရတဲ့ စစ်သူကြီးဆိုတာ စာဖတ်ပရိတ်သတ်များ သိစေချင်ပါတယ် ။(စကားချပ်)
သဲဖြူဆရာတော်ဟာ မဟာမြိုင်တောကြီးထဲကို ကြွမလာခင် မှော်ဘီက သဲဖြူတောရကျောင်းမှာ သတင်းသုံးနေချိန် ပန်ထွာဘုရင်မက လာရောက်ပင့်ဖိတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ် ။
ဘုရင်မကြီးဟာ ၂၀၁၀ ခုနှစ်မှာ မှော်ဘီ သဲဖြူတောရကျောင်းမှာ သတင်းသုံးနေတဲ့ သဲဖြူဆရာတော်ကို သုံးကြိမ်တိုင်အောင် သွားပင့်ပါတယ် ။
” မဟာမြိုင်တောကို ကြွရောက် သာသနာ ပြုပေးပါ ဘုရား ” ပေါ့ ။သုံးကြိမ်တိုင်အောင် ပင့်ဖိတ်လာတော့လည်း အတိတ်ဘဝတွေက ပဌာန်းဆက်တွေကြောင့် သက်န်းသုံးထည်၊သပိတ်တစ်လုံး ပိုက်ပြီး မဟာမြိုင်တောရစခန်းကို ကြွမြန်းခဲ့ရပါသတဲ့ … ။
မဟာမြိုင်တောဆိုတာ နေပျောက်တောင် မထိုးတဲ့တောနက်ကြီးဖြစ်ပြီး တန့်ဆည်မြို့နဲ့ ကလေးဝကြားမှာ တည်ရှိပါတယ် ။သမာဓိမရှိတဲ့ ဘုန်းကြီးရဟန်းတွေ ပျံလွန်တော်မူပြီး၊သစ်ခိုးသမားတွေတောင် မသွားရဲ
တဲ့ဒေသ၊ ဘုရားစာရွတ်ရင် ၊ဘုရားအာရုံပြုရင် ဘေးဖြစ်တယ်လို့ ကျော်ကြားတဲ့ ဒေသပါ ။
သဲဖြူဆရာတော်ဆိုတာ …
အသက်ရှစ်နှစ်ကတည်းက ကမ္မဌာန်းတရားကို ကျင့်ကြံအားထုတ်ခဲ့သူ ဖြစ်ပါတယ် ။အသက် ၁၃ နှစ် ကိုရင်ဘဝမှာ အသုဘကမ္မဌာန်းကို ကျင့်ကြံအားထုတ်ခဲ့ပါတယ် ။
သက်တော် ၂၀ မှာ တောနက်ကြီးတွေ၊လှိုက်ဂူတွေ၊သုဿန်တစပြင်တွေမှာပဲ လှည့်လည်ကျင့်ကြံအားထုတ်ပါတယ် ။အထူးသဖြင့် ဇင်းကျိုက်တောင်၊ပွတ်တာတောတွေအပါအဝင် လူသူအရောက် အပေါက်နဲတဲ့ တောကြီးတွေမှာပဲ သတင်းသုံး၊ကျင့်ကြံခဲ့ပါတယ်။
ရောက်တဲ့နေရာတိုင်းမှာ သပိတ်တစ်လုံး၊သက်န်းသုံးထည်နဲ့သာ ကြွရောက်ပြီး ၊ဘယ်ကိုကြွမယ်ဆိုတာလည်း လူသိမခံပါဘူး။ရောက်တဲ့ဒေသမှာ ကျောက်းသက်န်းရယ်လို့ မရှိပဲ ဂူရှိရင် ဂူ …ဂူမရှိရင် သစ်ပင်အောက်မှာပဲ
နေထိုင်သတင်းသုံးပါတယ် ။
သဲဖြူဆရာတော်ဟာ စတုတ္တဈန်ကိုအိန္ဒိယက ဂူတစ်ခုထဲမှာ သုံးလကျင့်ကြံပြီး ပြန်အကြွမှာ အိန္ဒိယက ရွာသားတွေက မှော်ဘီထိ လိုက်လာပြီးရှိခိုးကြသတဲ့ ။ဆရာတော်ဟာ ဂူထဲမှာ သုံးလ လုံးလုံး ဆွမ်းမခံပဲ ပြန်လဲထွက်မလာပါဘူးတဲ့။
ထူးဆန်းလွန်းလို့ဖူးမြော်ချင်လွန်းအားကြီးလို့ ဆရာတော်ကို စုံစမ်းပြီး လိုက်ရှာခဲ့ကြပါသတဲ့။
ဆရာတော်ကြီးဟာ မဟာမြိုင်တောကြီးမှာ ၉ လ တိုင်တိုင်သီတင်းသုံးခဲ့ပါတယ် ။
မဟာမြိုင်တော ရောက်ရောက်ချင်း စောင့်နေကြတဲ့ ဒကာတွေက တစ်ယောက်စာ ဝါးတဲလေး ချက်ချင်းထိုးပေးကြတယ် ။
အရပ်ထောင်ထောင်မောင်းမောင်း ပိုးဖဲကတ္တီပါရင်ဖုံး ဝတ်ထားတဲ့ ယောက်ျားကြီးက နေ့တိုင်းဆွမ်းလောင်းတယ်။သူတစ်ဦးနဲ့တင် သပိတ်ပြည့်ပါသတဲ့ ။
ပထမ ၃ လအပြည့်မှာ ပြန်မယ်လုပ်တော့ တောစောင့်နတ်တွေက ဝိုင်းတားကြလို့ ဒုတိယသုံးလ ဆက်သတင်းသုံး နေထိုင်ပါတယ် ။ဒုတိယသုံးလအတွင်းမှာ ဆရာတော်ကြီး အသဲအသန် နာမကျန်းဖြစ်တယ် ။
ပန်ထွာနဲ့ စန္ဒမုခိတို့ဟာ သူတို့နန်းတွင်းအထိပင့်ဖိတ်ပြီး ကုသပေးလို့ သူတို့ကျေးဇူးရှိသွားတဲ့အတွက် မပြန်တော့ပဲ ဒုတိယသုံးလ ဆက်သတင်းသုံးပြန်ပါတယ်။ ဒုတိယသုံးလပြည့်လို့ ပြန်မယ်လုပ်တဲ့အခါ ပန်ထွာဘုရင်မကိုယ်တိုင် ကိုယ်ထင်ပြပြီး မပြန်ဖို့ တောင်းပန်ပါတယ်၊ လူ့ဘဝ ပြန်နိုင်ဖို့အတွက် ဘုရားတည်ပေးဖို့ လျှောက်ပါတယ် ။
သဲဖြူဆရာတော်ကလည်းမဟာဗောဓိမြိုင် ဆရာတော်ရဲ့ ဩဝါဒခံယူ ရရှိပြီးတဲ့ အတွက် ဘုရားတည်ပေးဖို့ ကတိပေးလိုက်ပါတယ် … ။
ထူးဆန်းတာက ဘုရင်မကြီးရဲ့ ဘုရားတည်တော့မယ်ဆိုကတည်းက ရွှေငွေလှူဒါန်းကြသလို၊အုတ်၊ဘိလပ်မြေလာလှူ သူတွေလည်း မပြတ်ဘူးလို့ ဆိုပါတယ် ။
ဆရာတော် ငွေပြတ်သွားရင် ဦးကြီးတစ်ယောက်ဟာ ဆာလာအိပ်နဲ့အပြည့်ထမ်းပြီး လာလှူပါသတဲ့ ။ဘယ်လိုသိလဲလို့ ဆရာတော်က မေးရင် မဖြေပါဘူးတဲ့။
ဦးချပြီး ပြန်ထွက်သွားပါသတဲ့ ။ ပန်ထွာရဲ့ ဆွေတော် မျိုးတော်တွေ ဖြစ်ပါသတဲ့ ။
အံ့ဩစရာ ဖတ်မှတ် ကြားသိခဲ့ရတာလေးတွေကို မျှဝေ တင်ပြပေးတာပါ ။
ဒီပါအေးမြ ကုန်းတော်ပေါ်မှာ လေးကျွန်းရန်အောင်စေတီတော်ကို တည်ထားခဲ့ပါတယ်။စေတီတော်ဟာမဟာမြိုင်ရဲ့ အလယ်ဗဟိုချက်မမှာ တည်ထားတာတဲ့ ။လွန်ခဲ့တဲ့ ၃ နှစ်ကထီးတင်ခဲ့တာလို့ သိရပါတယ် ။
မဟာမြိုင်တောကြီးက တန့်ဆည်နဲ့ ကလေးဝကြားမှာ ရှိပါတယ် ။
အချုပ်အားဖြင့် တင်ပြပေးချင်တာကပန်ထွာဘုရင်မ နေထိုင်ပြီး သာသနာပြုနေတဲ့ မဟာမြိုင်တောကြီးထဲကိုရောက်ခဲ့ရင် ၊နောက်ပြီး သူ့ရဲ့ နန်းတော်တွေနဲ့ ဘုရားတွေ ရှိခဲ့တဲ့ဗိဿနိုးမြို့ကို ရောက်ခဲ့ရင် … ဘုရင်မကြီးကို ရည်မှန်းပြီး မေတ္တာပို့ပါ ။ပန်းလှူပါ ။အမျှဝေပေးပါ။
ပါးစပ်ကို ထိန်းပါ။မဟုတ်တာတွေ မပြောမိပါစေနဲ့ ။
မဟာမြိုင်တောဟာ ဒွတ္တဘောင်ဘုရင်ရဲ့တပ်တွေနဲ့ အပြန်အလှန်တိုက်ခိုက်ကြရင်း စစ်ရှုံးလို့ ရှောင်တိမ်းရင်း ပန်ထွာဘုရင်မရဲ့ ရုပ်အလောင်းကို စန္ဒမုခိဘီလူးမ မယ်တော်ကြီးဟာတန်ခိုးနဲ့ ထမ်းလို့ မဟာမြိုင်ကို ယူ
ဆောင်သွားခဲ့တယ်လို့ ကြားခဲ့ မှတ်ခဲ့ရဖူးပါတယ် ။
ဘာပဲဖြစ်ဖြစ် မဟာမြိုင်ရော၊ဗိဿနိုးရောဟာ ဂမ ္ဘီရနယ်မြေတွေ ဖြစ်ပါတယ် ။သူနဲ့ပဌာန်းဆက်ရှိခဲ့သူတွေနဲ့ သူ့ကိုမေတ္တာပို့ အမျှပေးသူတွေကို သူက တအားစောင့်ရှောက်ပါသတဲ့ ။
တကယ်လည်း အောင်မြင်ကြပါသတဲ့ ။
အထူးတင်ပြချင်တာက အထက်ကပဌာန်းဆက်အရ သာသနာပြုနေကြတဲ့ အထက်ပါဆရာတော်ကြီးတွေဟာ တွေ့ရခဲ၊ဖူးရခဲတဲ့ ဆရာတော်ဘုရားကြီးတွေဖြစ်ပါကြောင်း သိစေချင်ပါတယ်။
ဆရာတော်ဘုရားကြီးများ သက်တော်ထင်ရှား ရှိနေကြစဉ်ကာလအတွင်းဆရာတော်တို့ရဲ့ သာသနာပြုလုပ်ငန်းတွေကို ကိုယ်အား၊ငွေအား ၊ဉာဏ်အားတို့ဖြင့် ပါဝင်ကုသိုလ်ယူခြင်းအားဖြင့် ထူးခြားသော ဘဝထိုထိုကို ခဏတာ အတွင်း ရောက်ရှိလို့ ဆန်းကြယ်မှု အလီလီကို တွေ့ကြုံကြရမှာ အမှန်ဖြစ်ပါကြောင်း တိုက်တွန်းနိုးဆော်ပေးလိုက်ပါတယ် ။
သူတော်စင်၊သူတော်မြတ်ကြီးတွေဆီ အရောက်သွားနိုင်ကြပါစေ ။သာသနာပြုနိုင်ကြပါစေ ။
(ဤpost.ကို ကော်ပီယူ၍ ပြန်ရှယ်သူများ Anawyahtar King. အမည်အား Credit. ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည် ။)
#ကုသိုလ်ကောင်းမှု့များမမေ့မလျော့ပြုနိုင်ကြပါစေ။
#credit
#Credit
#မူရင်းရေးသားပူဇော်သူအားပြန်လည်ဂါရဝပြုပါသည် ။ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာပါစေ၊
ပြန်လည်မျှဝေသူ#ထန်းလျက်ခဲလေး