ၾကားသိရသမွ်

လှပပြီးဆွဲဆောင်မှုရှိလွန်းလို့ အလှဆုံးတက္ကစီမောင်းသူအဖြစ် နာမည်ကြီးနေတဲ့ မိန်းကလေး

လှပပြီးဆွဲဆောင်မှုရှိတဲ့ အသက် ၂၄ နှစ်အရွယ် Ikuta Kana အမည်ရှိမိန်းကလေးတစ်ဦးဟာ အကယ်လို့ သူမသာ မော်ဒယ်တစ်ဦးဖြစ်ချင်ခဲ့ရင် ၎င်းက သူမအတွက်လွယ်ကူတာကို သံသယဖြစ်စရာမလိုနေပါဘူး။ သို့ပေမဲ့ သူမဟာ တကယ်လည်း ဂျပန်နိုင်ငံရဲ့မော်ဒယ်တစ်ဦးဖြစ်နေခဲ့ပါတယ်။ အမှတ်တံဆိပ်များစွာက အသစ်အသစ်သောမျက်နှာတွေကိုရှာဖွေလေ့ရှိတာကြောင့် မော်ဒယ်လောကဟာ မတည်မငြိမ်ဖြစ်နေဆဲဖြစ်ပါတယ်။ ထို့ကြောင့် ကြိုတင်တွေးဆတတ်တဲ့ Ikuta Kana က အရံအစီအစဉ်တစ်ခုရှိထားဖို့လိုမယ်လို့ထင်ခဲ့ပါတယ်။

မမျှော်လင့်ဘဲ သူမရဲ့ ကျောထောက်နောက်ခံအစီအစဉ်ဟာ မင်းသမီးတစ်ဦး သို့မဟုတ် ရုံးအလုပ်အချို့တွင်လုပ်ရန်မဟုတ်ဘဲ အဲ့တာတွေအစား သူမဟာ တက္ကစီမောင်းသူဖြစ်လာခဲ့ပါတက္ကသိုလ်ကျောင်းသူနှင့် မော်ဒယ်အလုပ်များအကြား၌ Kana ဟာ Asuka ကုမ္ပဏီရဲ့ cabbie တက္ကစီမောင်းတဲ့ Asuka Traffic Dream Project တွင် ပါဝင်ပူးပေါင်းခဲ့ပါတယ်။

သူမဟာ ကုမ္ပဏီရဲ့မျက်နှာဖြစ်လာပြီး“ Miss Asuka” လို့လူသိများလာသလို ကုမ္ပဏီနဲ့သူမရဲ့အလုပ်ကို လူသိများအောင် TV မှာတောင် ဖော်ပြခံခဲ့ရတာကလည်း သူမအတွက်အံ့ဩစရာ​မဟုတ်နေတော့ပါဘူး။

အထူးသဖြင့် အပတ်စဉ်တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ Nino San နဲ့စာချုပ်ချုပ်ပြီးနောက်မှာ Kana ရဲ့မော်ဒယ်အလုပ်ကပိုကောင်းလာခဲ့ပါတယ်။

ထို့ပြင် သူမဟာ salon brands များအပြင် Mina မဂ္ဂဇင်း Mina Mates ရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံတွင် နာမည်ကြီးမော်ဒယ်တစ် ဦးဖြစ်သော်လည်း Kana ဟာ Naka-Meguro, Ebisu နှင့် Shibuya တို့ရဲ့လမ်းကြောင်းပေါ်သို့မောင်းနှင်သွားလာနေတဲ့သူမရဲ့ cabbie တာဝန်များကိုလည်း ဆက်လက်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ cabbie လေးကိုဘယ်လိုထင်မိပါသလဲဗျာ။ စာဖတ်သူတို့လည်း အခွင့်ကြုံလို့ဂျပန်ကိုရောက်ဖြစ်ခဲ့ရင်တော့ ဒီချစ်စရာကောင်းတဲ့ cabbie လေးကိုလည်းသွားတွေ့ခဲ့ကြပါလို့ပြောခဲ့ချင်ပါတယ်ဗျာ။





