စက်ဘီးစီးနေရင်း ပိုက်ဆံအိတ်ပြဲကာ လမ်းမပေါ်သို့ ပိုက်ဆံတွေပြန့်ကျဲသွားသောအခါ ပိုင်ရှင်က ပိုက်ဆံတွေဆုံးရှုံးရပြီဟုထင်ခဲ့သော်လည်း လမ်းသွားလမ်းလာများက ကောက်ပြီး ပြန်ပေးခဲ့သည့် ကြည်နူးဖွယ်အဖြစ်လေး
တစ်ခါတစ်လေတွင် မြင်တွေ့ရသော လူသားဆန်မှုတို့ကြောင့် မိမိတို့ကမ္ဘာကြီးဟာ အတော်လေးနေချစ်စဖွယ်ကောင်းလှပါတယ်။ယခုတွင်လည်း အမျိုးသမီးတစ်ဦးဟာ တရုတ်နိုင်ငံ Harbinမြို့ ကားလမ်းမတစ်ခုပေါ်သို့ စက်ဘီးလေးစီးလာခဲ့တာဖြစ်ပါတယ်။
ထိုအချိန်တွင် ပိုက်ဆံထည့်လာခဲ့သော အိတ်ကလေးဟာ ရုတ်တစ်ရက် ပြဲသွားခဲ့ပြီး ပိုက်ဆံများဟာလည်း လေလွင့်ပြီး လမ်းမတစ်ခုလုံးပေါ်သို့ ပြန့်ကျဲကုန်တော့တာဖြစ်ပါတယ်။ထိုအခါ အမျိုးသမီးဟာ ပိုက်ဆံတွေအကုန် ဆုံးရှုံးခဲ့ရပြီဟုထင်မှတ်နေခဲ့ပါတယ်။
သို့သော်လည်း လမ်းသွားလမ်းလာများဟာ ပိုက်ဆံတွေအကုန်လုံးကို ဝိုင်းဝိန်းကောက်ယူကာ ပိုင်ရှင်အမျိုးသမီးကို ပြန်ပေးခဲ့ကြတာဖြစ်ပါတယ်။ထိုလုပ်ရက်လေးဟာ အတော်လေးလေးစားဖွယ်ကောင်းလှပြီး လူသားချင်းစာနာမှုတရားကို အသိအမှတ်ပြုမိပါတယ်။
Credit
zawgyi
စက္ဘီးစီးေနရင္း ပိုက္ဆံအိတ္ၿပဲကာ လမ္းမေပၚသို႔ ပိုက္ဆံေတြျပန္႔က်ဲသြားေသာအခါ ပိုင္ရွင္က ပိုက္ဆံေတြဆုံးရႈံးရၿပီဟုထင္ခဲ့ေသာ္လည္း လမ္းသြားလမ္းလာမ်ားက ေကာက္ၿပီး ျပန္ေပးခဲ့သည့္ ၾကည္ႏူးဖြယ္အျဖစ္ေလး
တစ္ခါတစ္ေလတြင္ ျမင္ေတြ႕ရေသာ လူသားဆန္မႈတို႔ေၾကာင့္ မိမိတို႔ကမာၻႀကီးဟာ အေတာ္ေလးေနခ်စ္စဖြယ္ေကာင္းလွပါတယ္။ယခုတြင္လည္း အမ်ိဳးသမီးတစ္ဦးဟာ တ႐ုတ္ႏိုင္ငံ Harbinၿမိဳ႕ ကားလမ္းမတစ္ခုေပၚသို႔ စက္ဘီးေလးစီးလာခဲ့တာျဖစ္ပါတယ္။
ထိုအခ်ိန္တြင္ ပိုက္ဆံထည့္လာခဲ့ေသာ အိတ္ကေလးဟာ ႐ုတ္တစ္ရက္ ၿပဲသြားခဲ့ၿပီး ပိုက္ဆံမ်ားဟာလည္း ေလလြင့္ၿပီး လမ္းမတစ္ခုလုံးေပၚသို႔ ျပန္႔က်ဲကုန္ေတာ့တာျဖစ္ပါတယ္။ထိုအခါ အမ်ိဳးသမီးဟာ ပိုက္ဆံေတြအကုန္ ဆုံးရႈံးခဲ့ရၿပီဟုထင္မွတ္ေနခဲ့ပါတယ္။
သို႔ေသာ္လည္း လမ္းသြားလမ္းလာမ်ားဟာ ပိုက္ဆံေတြအကုန္လုံးကို ဝိုင္းဝိန္းေကာက္ယူကာ ပိုင္ရွင္အမ်ိဳးသမီးကို ျပန္ေပးခဲ့ၾကတာျဖစ္ပါတယ္။ထိုလုပ္ရက္ေလးဟာ အေတာ္ေလးေလးစားဖြယ္ေကာင္းလွၿပီး လူသားခ်င္းစာနာမႈတရားကို အသိအမွတ္ျပဳမိပါတယ္။
Credit