သခင္၏အသုဘကို လိုက္ပို႔သည့္ ျမင္းႀကီးတစ္ေကာင္ ေဆာက္တည္ရာမရျဖစ္ၿပီး ဝမ္းနည္းငိုေႂကြးေနသည္ဟု ယူဆရသည့္ ဗီဒီယိုဖိုင္ပ်ံ႕ႏွံ့လာသည္။
ျမင္းႀကီးက သခင္၏ေခါင္းတလားေပၚ ေခါင္းတင္ကာ ဟီၿပီးသက္ျပင္းခ် လိုက္သည္မွာ ဝမ္းနည္းသည့္ အျပဳအမူအလား ျဖစ္ေန သည္။
ျမင္းႀကီးသည္ ခြာကိုေပါက္ကာ၊ က်ယ္ေလာင္စြာ ဟီၿပီး ေခါင္းကိုအေပၚေအာက္ ယမ္းခါေနသည္ကို ဗီဒီယိုဖိုင္တြင္ ျမင္ေတြ႕ရမည္ျဖစ္သည္။
အသက္ ၃၄ ႏွစ္ အရြယ္ ဘရာဇီးနိုင္ငံသား အင္လမာဖီဂူရီဒိုႏွင့္ ဆီရီနိုဆိုသည့္ျမင္းသည္တစ္ဦးအေပၚတစ္ဦး အလြန္သံေယာဇဥ္ ႀကီးၾကသည္။
၎သည္ ႏွစ္သစ္ကူးေန႔တြင္ ဆိုင္ကယ္ေမွာက္ကာ ကြယ္လြန္သြားျခင္းျဖစ္သည္။ ၎အစ္ကိုက ဘရာဇီးအေရွ႕ေျမာက္ပိုင္းတြင္ ျပဳလုပ္သည့္ ဈာပနပြဲသို႔ ျမင္းကိုေခၚလာျခင္းျဖစ္သည္။
ျမင္း၏အျဖစ္ကိုၾကည့္ကာ ဈာပနပြဲလာသူမ်ားမွာ မ်က္ရည္မထိန္းနိုင္ေအာင္ ျဖစ္သြားၾကသည္။
ျမင္းတို႔သည္သခင္ေသဆုံးသြားလၽွင္ သိၾကၿပီး ထိုအတြက္လည္း ဝမ္းနည္းတတ္ၾကသည္ဟု ျမင္းမ်ားကို ႏွစ္ေပါင္း ၂၀ ျပဳစု ေစာင့္ေရွာက္ ေမြးျမဴ လာသည့္ တိရစၧာန္ ဆရာဝန္ မာစီလိုဆာ ဗို႔စ္ကဆိုသည္။
ခရက္ဒစ္
Unicode Version
သခင်၏အသုဘကို လိုက်ပို့သည့် မြင်းကြီးတစ်ကောင် ဆောက်တည်ရာမရဖြစ်ပြီး ဝမ်းနည်းငိုကြွေးနေသည်ဟု ယူဆရသည့် ဗီဒီယိုဖိုင်ပျံ့နှံ့လာသည်။
မြင်းကြီးက သခင်၏ခေါင်းတလားပေါ် ခေါင်းတင်ကာ ဟီပြီးသက်ပြင်းချ လိုက်သည်မှာ ဝမ်းနည်းသည့် အပြုအမူအလား ဖြစ်နေ သည်။
မြင်းကြီးသည် ခွာကိုပေါက်ကာ၊ ကျယ်လောင်စွာ ဟီပြီး ခေါင်းကိုအပေါ်အောက် ယမ်းခါနေသည်ကို ဗီဒီယိုဖိုင်တွင် မြင်တွေ့ရမည်ဖြစ်သည်။
အသက် ၃၄ နှစ် အရွယ် ဘရာဇီးနိုင်ငံသား အင်လမာဖီဂူရီဒိုနှင့် ဆီရီနိုဆိုသည့်မြင်းသည်တစ်ဦးအပေါ်တစ်ဦး အလွန်သံယောဇဉ် ကြီးကြသည်။
၎င်းသည် နှစ်သစ်ကူးနေ့တွင် ဆိုင်ကယ်မှောက်ကာ ကွယ်လွန်သွားခြင်းဖြစ်သည်။ ၎င်းအစ်ကိုက ဘရာဇီးအရှေ့မြောက်ပိုင်းတွင် ပြုလုပ်သည့် ဈာပနပွဲသို့ မြင်းကိုခေါ်လာခြင်းဖြစ်သည်။
မြင်း၏အဖြစ်ကိုကြည့်ကာ ဈာပနပွဲလာသူများမှာ မျက်ရည်မထိန်းနိုင်အောင် ဖြစ်သွားကြသည်။
မြင်းတို့သည်သခင်သေဆုံးသွားလျှင် သိကြပြီး ထိုအတွက်လည်း ဝမ်းနည်းတတ်ကြသည်ဟု မြင်းများကို နှစ်ပေါင်း ၂၀ ပြုစု စောင့်ရှောက် မွေးမြူ လာသည့် တိရစ္ဆာန် ဆရာဝန် မာစီလိုဆာ ဗို့စ်ကဆိုသည်။
ခရက်ဒစ်