ၾကားသိရသမွ်

ဒေါ်လာဈေး မြင့်တက်တာတွေကို ဖြေရှင်းဖို့အတွက် ဗဟိုဘဏ်ရဲ့လုပ်ဆောင်ချက်

ဗဟိုဘဏ်က တရုတ်ယွမ်နဲ့ ဂျပန်ယန်း ဝယ်ယူရောင်းချခွင့်ပြု

မြန်မာနိုင်ငံမှာ တရုတ်ငွေကြေး ယွမ်နဲ့ ဂျပန်ယန်းတို့ကို ဝယ်ယူရောင်းချခွင့်ပြုတယ်လို့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တို့ဘာလ ၁၂ ရက် မနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အရင်က အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်္ကာပူ ဒေါ်လာ၊ မလေးရှား ရင်းဂစ်နဲ့ ထိုင်းဘတ် ၅ မျိုးတို့ကိုသာ ရောင်းဝယ်ခွင့်ပြုထားတာဖြစ်ပြီး တရုတ်ယွမ်နဲ့ ဂျပန်ယန်းကို ထပ်တိုးခွင့်ပြုလိုက်တာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အဓိကသုံးနေတဲ့ နိုင်ငံခြားငွေကြေး အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေတာနဲ့ ဒေါ်လာဈေး မြင့်တက်တာတွေကို ဖြေရှင်းဖို့အတွက် ဗဟိုဘဏ်က အခုလို လုပ်ဆောင်လာတာဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာဈေးဟာ စက်တင်ဘာလထဲမှာ ပြင်ပပေါက်ဈေး ၂၇၀၀ ကျပ်ဝန်းကျင်အထိ စံချိန်တင် မြင့်တက်ပြီးနောက် စစ်ကောင်စီအနေနဲ့ ဗဟိုဘဏ်ကနေ ဒေါ်လာတွေ ထုတ်ရောင်းတာနဲ့ ပြည်ပပို့ကုန်ကရတဲ့ နိုင်ငံခြားငွေကို တစ်လအတွင်း ပြန်‌ရောင်းဖို့ အမိန့်ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်။

ဗဟိုဘဏ်က ထုတ်ပြန်ချက်ထုတ်ပြီးနောက် ငွေကြေးရောင်းဝယ်ခွင့်ရထားတဲ့ လုပ်ငန်းတွေမှာ အောက်တိုဘာလ ၁၃ ရက် ဒီနေ့ တရုတ်ယွမ် တစ်ယွမ်ကို မြန်မာငွေ ၂၅၀ ကနေ ၃၀၀ ကျပ်ဝန်းကျင်နဲ့ ဂျပန်တစ်ယန်းကို ၁၄ ကျပ် ကနေ ၁၈ ကျပ်ဝန်းကျင် ဈေးနှုန်းရှိနေပါတယ်။

———————

ျမန္မာႏိုင္ငံမွာ တ႐ုတ္ေငြေၾကး ယြမ္နဲ႔ ဂ်ပန္ယန္းတို႔ကို ဝယ္ယူေရာင္းခ်ခြင့္ျပဳတယ္လို႔ စစ္ေကာင္စီရဲ႕ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ေအာက္တို႔ဘာလ ၁၂ ရက္ မေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

အရင္က အေမရိကန္ေဒၚလာ၊ ယူ႐ို၊ စကၤာပူ ေဒၚလာ၊ မေလးရွား ရင္းဂစ္နဲ႔ ထိုင္းဘတ္ ၅ မ်ိဳးတို႔ကိုသာ ေရာင္းဝယ္ခြင့္ျပဳထားတာျဖစ္ၿပီး တ႐ုတ္ယြမ္နဲ႔ ဂ်ပန္ယန္းကို ထပ္တိုးခြင့္ျပဳလိုက္တာျဖစ္ပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ အဓိကသုံးေနတဲ့ ႏိုင္ငံျခားေငြေၾကး အေမရိကန္ေဒၚလာ လိုအပ္ခ်က္ရွိေနတာနဲ႔ ေဒၚလာေဈး ျမင့္တက္တာေတြကို ေျဖရွင္းဖို႔အတြက္ ဗဟိုဘဏ္က အခုလို လုပ္ေဆာင္လာတာျဖစ္ပါတယ္။

အေမရိကန္ ေဒၚလာေဈးဟာ စက္တင္ဘာလထဲမွာ ျပင္ပေပါက္ေဈး ၂၇၀၀ က်ပ္ဝန္းက်င္အထိ စံခ်ိန္တင္ ျမင့္တက္ၿပီးေနာက္ စစ္ေကာင္စီအေနနဲ႔ ဗဟိုဘဏ္ကေန ေဒၚလာေတြ ထုတ္ေရာင္းတာနဲ႔ ျပည္ပပို႔ကုန္ကရတဲ့ ႏိုင္ငံျခားေငြကို တစ္လအတြင္း ျပန္‌ေရာင္းဖို႔ အမိန႔္ၫႊန္ၾကားခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

ဗဟိုဘဏ္က ထုတ္ျပန္ခ်က္ထုတ္ၿပီးေနာက္ ေငြေၾကးေရာင္းဝယ္ခြင့္ရထားတဲ့ လုပ္ငန္းေတြမွာ ေအာက္တိုဘာလ ၁၃ ရက္ ဒီေန႔ တ႐ုတ္ယြမ္ တစ္ယြမ္ကို ျမန္မာေငြ ၂၅၀ ကေန ၃၀၀ က်ပ္ဝန္းက်င္နဲ႔ ဂ်ပန္တစ္ယန္းကို ၁၄ က်ပ္ ကေန ၁၈ က်ပ္ဝန္းက်င္ ေဈးႏႈန္းရွိေနပါတယ္။